Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next
Chapter 1
Acts BurJudso 1:1  အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထား ပြီးမှ၊
Acts BurJudso 1:2  အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေး ထားပါပြီ။
Acts BurJudso 1:3  အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။
Acts BurJudso 1:4  ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။
Acts BurJudso 1:5  ဂတိတော်အချက်ဟူမူကား၊ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။
Acts BurJudso 1:6  ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလ အမျိုးသား တို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊
Acts BurJudso 1:7  သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့် သည် သင်တို့၌မရှိ။
Acts BurJudso 1:8  ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
Acts BurJudso 1:9  တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။
Acts BurJudso 1:10  ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ၍၊
Acts BurJudso 1:11  အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို၏။
Acts BurJudso 1:12  ထိုအခါ ယေရုရှလင်မြို့နှင့်ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။
Acts BurJudso 1:13  ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ၏။
Acts BurJudso 1:14  ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။
Acts BurJudso 1:15  ထိုအခါအရေအတွက်အားဖြင့် တရာနှစ်ဆယ်သောတပည့်တော်တို့၏အလယ်၌ ပေတရုသည်ထ၍၊
Acts BurJudso 1:16  ညီအစ်ကိုတို့၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။
Acts BurJudso 1:17  ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကိုခံရပြီ။
Acts BurJudso 1:18  ထိုသူသည် မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျ လဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။
Acts BurJudso 1:19  ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထို မြေကို အကေလဒဟုခေါ်တွင်ကြ၏။ အနက်ကားသွေးမြေဟု ဆိုလိုသတည်း။
Acts BurJudso 1:20  ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်းအခြားသူရပါစေဟု ရေးမှတ်သတည်း။
Acts BurJudso 1:21  ထိုကြောင့် ဟောဟန်သည် ဗတ္တိဇံကို ပေးသည်ကာလမှစ၍၊
Acts BurJudso 1:22  သခင်ယေရှုသည် ငါတို့နှင့်ခွါ၍အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက်တိုင်အောင်၊ တပည့် တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသောကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော်၍နေသောသူတစုံတ ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကိုဟောပြော၍ ငါတို့နှင့်အတူသက်သေခံဖြစ် ရမည် ဟု ပေတရုပြောဆို၏။
Acts BurJudso 1:23  ဗာရှဗဟု ခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့်မဿိကိုခန့်ထား၍၊
Acts BurJudso 1:24  ဤသို့ဆုတောင်းကြ၏။
Acts BurJudso 1:25  လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသောသခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေ ခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊
Acts BurJudso 1:26  စာရေးတံချကြသဖြင့် မဿိသည်စာရေးတံကိုရ၍၊ တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင် ခြင်းသို့ရောက်လေ၏။