EZEKIEL
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Chapter 30
Ezek | BurJudso | 30:2 | အချင်းလူသား၊ သင်သည် ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ် ကြလော့။ | |
Ezek | BurJudso | 30:3 | ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုဃ်းအုံသော နေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ။ | |
Ezek | BurJudso | 30:4 | ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကို ပယ်ရှား၍ မူလ အမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။ | |
Ezek | BurJudso | 30:5 | အဲသယောပိပြည်သား၊ ဖုတပြည်သား၊ လုဒ ပြည်သား၊ အမျိုးမစစ်သော လူရှိသမျှ၊ ခုဘအမျိုးသား၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သား တို့နှင့်တကွ ထားဖြင့် လဲ၍သေကြလိမ့်မည်။ | |
Ezek | BurJudso | 30:6 | အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေ သည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့ တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ထားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ | |
Ezek | BurJudso | 30:7 | ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသော မြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြ လိမ့်မည်။ | |
Ezek | BurJudso | 30:8 | ငါသည် အဲဂုတ္တုပြည်၌ မီးညှိ၍ ထိုပြည်ကို မစသမျှသော သူတို့သည် ပျက်စီးကြသောအခါ၊ ငါသည် ထားဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ | |
Ezek | BurJudso | 30:9 | ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး၍ သွားကြသဖြင့်။ အဲဂုတ္တပြည်၏ အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။ | |
Ezek | BurJudso | 30:10 | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည် ၏ အလုံးအရင်းကို ငါဖြတ်မည်။ | |
Ezek | BurJudso | 30:11 | ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက် မက်ဘွယ်သော လူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှါလာ၍၊ ထားကိုင်လျက် တပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။ | |
Ezek | BurJudso | 30:12 | မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကို ရောင်းလိုက်မည်။ တကျွန်းတနိုင်ငံသားတို့ လက်ဖြင့် ပြည်နှင့်တကွပြည်၌ ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရား ပြောပြီ။ | |
Ezek | BurJudso | 30:13 | အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကို လည်း ပယ်ဖြတ်မည်။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြု မည်။ | |
Ezek | BurJudso | 30:14 | ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။ | |
Ezek | BurJudso | 30:15 | အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့ အပေါ်သို့ ငါသည် အမျက်ကို သွန်းလောင်း၍၊ နောမြို့ သား အလုံးအရင်းကို ပယ်ဖြတ်မည်။ | |
Ezek | BurJudso | 30:16 | အဲဂုတ္တုပြည်၌ မီးညှိ၍ သိန်မြို့သည် တုန်လှုပ် ခြင်း၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း၊ နောဖမြို့သည် နေ့အချိန်၌ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည်။ | |
Ezek | BurJudso | 30:17 | အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွား ခြင်းကို ခံရကြလိမ့်မည်။ | |
Ezek | BurJudso | 30:18 | တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည်။ မိုဃ်းအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ | |
Ezek | BurJudso | 30:19 | ထိုသို့အဲဂုတ္တုပြည်၌ ငါသည် အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Ezek | BurJudso | 30:20 | သက္ကရာဇ်တဆယ်တခု၊ ပဌမလ ခုနစ်ရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ | |
Ezek | BurJudso | 30:21 | အချင်းလူသား၊ အဲဂုတ္တုအရှင်ဘုရင် ဖာရော မင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေကု၍မထုပ်ရ။ ထားကိုင် စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ။ | |
Ezek | BurJudso | 30:22 | ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းတဘက်၌ နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော၊ ခိုင်မာသော လက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး၍ထားကို သူ့လက်မှ ကျစေမည်။ | |
Ezek | BurJudso | 30:24 | ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ထားကို သူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည် အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။ | |
Ezek | BurJudso | 30:25 | ဗာဗုလုန်ရှင်ဘုရင်၏ လက်ရုံးတို့ကို ငါခိုင်မာစေ မည်။ ဖာရောဘုရင်၏ လက်မူကား၊ အောက်သို့ကျလိမ့် မည်။ ငါ့ထားကို ဗာဗုလုန်ရှင်ဘုရင်လက်၌ ငါအပ်၍၊ သူသည် အဲဂုတ္တပြည်ကို ထိုထားနှင့်ခုတ်သောအခါ၊ ငါ သည် ထားဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့် မည်။ | |