Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 4
II C BurCBCM 4:1  ဘုရားသခင်၏ကရုဏာတော်အားဖြင့် ဤအမှုတော်ကို ထမ်းဆောင်ကြရသောကြောင့် ငါတို့သည် စိတ်ပျက်အားငယ်ခြင်း မရှိကြချေ။-
II C BurCBCM 4:2  ငါတို့သည် ရှက်ဖွယ်ကောင်းသောလျှို့ဝှက်ချက်တို့ကို ပစ်ပယ်ထား ကြ၏။ ငါတို့သည် ကောက်ကျစ်စဉ်းလဲစွာပြုမူခြင်းမရှိ ကြ သကဲ့သို့ ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်နှင့် ပတ်သက်၍လည်း မမှန်မကန်မသွန်သင်ကြ။ ငါတို့သည် သမ္မာတရား တော်ကို အတိအလင်းပြသခြင်းဖြင့် ဘုရား သခင်၏မျက်မှောက်တော်တွင် ငါတို့ကိုယ်ကို လူတိုင်း ၏အသိစိတ်၌ ချီးကျူးခံထိုက် သူများအဖြစ် မြင်စေရန် ပြုမူကြ၏။-
II C BurCBCM 4:3  အကယ်၍ ငါတို့ဟောပြောလျက်ရှိသော ဧဝံဂေလိသတင်းကောင်းသည် ဖုံးကွယ်လျက်ရှိလျှင် ယင်းသည် ပျက်စီးဆုံးရှုံး နေသောသူများအတွက်သာ ဖုံးကွယ်နေခြင်းဖြစ်၏။-
II C BurCBCM 4:4  ထိုသူတို့နှင့်စပ်လျဉ်း၍ပြောရလျှင် ဤကမ္ဘာလောက၏နတ်ဘုရားသည် မယုံကြည်သူတို့အား ဘုရားသခင်၏ ပုံသဏ္ဌာန် တော်တည်းဟူသော ခရစ်တော်၏ဘုန်းဂုဏ်တော်အကြောင်းကိုဖွင့်ဆိုထားသည့် ဧဝံဂေလိသတင်းကောင်း၏ အလင်းတော်ကို မြင်ကြရစေရန် သူတို့၏စိတ်ကို အမှောင်ချထား၏။-
II C BurCBCM 4:5  အကြောင်းမူကား ငါတို့သည် မိမိတို့၏အကြောင်းကို ဟောပြောကြ ခြင်းမဟုတ်ဘဲ ခရစ်တော်ယေဇူးမှာ အရှင်သခင်ဖြစ်တော် မူကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ ဟောပြောရာတွင်လည်း ငါတို့သည် ခရစ်တော်အတွက် သင်တို့၏ အစေခံများ အနေဖြင့် ဟောပြောကြခြင်းဖြစ်၏။-
II C BurCBCM 4:6  အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏မျက်နှာတော်တွင် ထွန်းတောက်လျက်ရှိသော ဘုရားသခင်၏ဘုန်းဂုဏ်တော် အကြောင်းကို သိနားလည်နိုင်ရန် ငါတို့၏စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူသောအရှင်မှာ ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်သည် အမှောင်ထဲမှ အလင်းရောင်ပေါ်ထွက်စေဟု မိန့်တော်မူခဲ့သောအရှင် ဖြစ်၏။
II C BurCBCM 4:7  သို့သော် ထူးကဲသောဘုန်းတန်ခိုးတော်ကို ငါတို့ မပိုင်ဘဲ ဘုရားသခင်ပိုင်တော်မူကြောင်း ပြသရန် ငါတို့ သည် ဤဘဏ္ဍာကို မြေအိုးများတွင် ထိန်းသိမ်းခဲ့ကြ၏။-
II C BurCBCM 4:8  ငါတို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးခံကြရသော်လည်း ချေမှုန်းခြင်းမခံကြရချေ။ ယုံမှားသံသယဖြစ်ကြသော်လည်း မည်သည့်အခါမျှ စိတ်မပျက်ကြပေ။-
II C BurCBCM 4:9  ငါတို့သည် ညှဉ်းပန်း နှိပ်စက်ခံကြရသော်လည်း မည်သည့်အခါမျှစွန့်ပစ်ခြင်း မခံကြရပေ။ လဲကျသည်အထိ တိုက်ခိုက်ခြင်းခံကြရသော်လည်း မည်သည့်အခါမျှဖျက်ဆီးသုတ်သင်ခြင်းမခံ ကြရပေ။-
II C BurCBCM 4:10  ငါတို့သည် ယေဇူး၏သေခြင်းကို ငါတို့၏ခန္ဓာကိုယ်၌ အမြဲမပြတ်ဆောင်ထားခြင်းအားဖြင့် ကိုယ်တော် အသက်ရှင်တော် မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေကြ၏။-
II C BurCBCM 4:11  အကြောင်းမူကား ငါတို့၏သေနိုင်သောခန္ဓာ ကိုယ်တွင် ယေဇူးသခင်၏ အသက်ရှင်ခြင်းထင်ရှားရန် ငါတို့သည် အသက်ရှင် သမျှကာလပတ်လုံး ယေဇူးသခင်အတွက် သေဘေးနှင့် အစဉ်မပြတ်ကြုံတွေ့နေကြရ၏။-
II C BurCBCM 4:12  သို့ဖြစ်၍ ငါတို့၌ သေခြင်းတရားဖြစ်ပေါ်လျက်ရှိပြီး သင် တို့၌မူကား အသက်ဖြစ်ပေါ်လာရ၏။
II C BurCBCM 4:13  ငါသည် ယုံကြည်သောကြောင့် ဟောပြောသည်ဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးသားခဲ့သောသူ၌ ရှိခဲ့သည့်ယုံကြည် ခြင်းမျိုး ငါတို့တွင်ရှိသဖြင့် ငါတို့သည်လည်း ယုံကြည်၍ဟောပြောကြ၏။-
II C BurCBCM 4:14  ယေဇူးသခင်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေဇူးသခင်နှင့်အတူ ရှင်ပြန်ထမြောက်စေပြီးလျှင် ငါတို့အား သင်တို့နှင့်အတူ မိမိ၏မျက်မှောက် သို့ခေါ်ဆောင်တော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ ၏။-
II C BurCBCM 4:15  အကြောင်းမူကား ဤအမှုအရာအားလုံးသည် သင်တို့ အတွက်ဖြစ်ကြ၏။ ဤသို့ဖြင့် ကျေးဇူးတော်ခံစားရသူ အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ ကိုယ်တော် ၏ဘုန်းတော်ဂုဏ်တော်အား ကျေးဇူးတင်ချီးမွမ်းခြင်းမှာ လည်း ပိုမိုများပြားလာ လိမ့်မည်ဖြစ်၏။
II C BurCBCM 4:16  ထို့ကြောင့် ငါတို့သည် မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းယိုယွင်း ပျက်စီးလျက်ရှိသော်လည်း ငါတို့၏အတွင်းစိတ်သန္တာန်မူကား နေ့စဉ်နှင့်အမျှ ဆန်းသစ် လျက်ရှိ၏။-
II C BurCBCM 4:17  ငါတို့ခေတ္တခဏခံရသော ဆင်းရဲဒုက္ခအနည်း ငယ်သည် နှိုင်းယှဉ်၍မရအောင် ကြီးမြတ်သည့် ထာ၀ရ ဘုန်းကျက်သရေကို ငါတို့အတွက် ပြင်ဆင်ပေးနေခြင်းဖြစ်၏။-
II C BurCBCM 4:18  အကြောင်းမူကား ငါတို့သည် မြင်နိုင်သောအရာ များကိုအာရုံမစိုက်ကြဘဲ မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် မြင်နိုင်သော အရာများသည် ခေတ္တခဏမျှသာတည်၍ မမြင်နိုင်သော အရာများမူကား အစဉ်ထာ၀ရ တည်သောကြောင့်တည်း။