EPHESIANS
Chapter 3
Ephe | BurCBCM | 3:1 | ထိုအကြောင်းကြောင့် ငါပေါလုသည် လူမျိုးခြားများဖြစ်ကြသောသင်တို့ကိုယ်စား ခရစ်တော်ယေဇူးအတွက် အကျဉ်းသား တစ်ဦးဖြစ်လာခဲ့၏။- | |
Ephe | BurCBCM | 3:2 | သင်တို့အတွက် အမှုတော်ဆောင်ရန် ကျေးဇူးတော်ကို ဘုရားသခင်သည် ငါ့အားပေးအပ်တော်မူကြောင်း သင်တို့ ကြားခဲ့ကြပြီဟု ငါယူဆ၏။- | |
Ephe | BurCBCM | 3:3 | ကိုယ်တော်သည် နက်နဲလှသောအကြောင်းအရာကို ဗျာဒိတ်တော်အားဖြင့် ငါ့အားဖော်ပြတော်မူ၏။ ထိုအကြောင်းကို သင်တို့အား အကျဉ်းချုပ်၍ ငါရေးသားဖော်ပြခဲ့လေပြီ။- | |
Ephe | BurCBCM | 3:4 | ဤအကြောင်းကို သင်တို့ဖတ်ရှုကြသောအခါ ငါသည် ခရစ်တော်၏နက်နဲသောအကြောင်းအရာအား သိရှိနားလည်သည်ကို သင် တို့သိမြင်နိုင်ကြ၏။- | |
Ephe | BurCBCM | 3:5 | ယခင်မျိုးဆက်များမှ လူသားတို့အား ဤနက်နဲရာအချက်ကို ထုတ်ဖော်ပြခြင်းမရှိခဲ့သော်လည်း ယခုအခါတွင် ကိုယ်တော်၏ သန့်ရှင်းသောတမန် တော်များနှင့် ပရောဖက်များအား ဝိညာဉ်တော်အားဖြင့် ထုတ်ဖော်ပြလေပြီ။- | |
Ephe | BurCBCM | 3:6 | ဤနက်နဲရာအချက်သည်ကား ဧဝံဂေလိသတင်းကောင်းအားဖြင့် လူမျိုးခြားတို့သည် အမွေတော်ကို အတူခံစားထိုက်သူများ၊ တစ်ခုတည်းသောခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းများ၊ ခရစ်တော်ယေဇူး၌ထားရှိတော်မူသောကတိတော်တွင် ပါဝင်ခံစားရသူ များဖြစ်လာကြသည့်အကြောင်းပေတည်း။ | |
Ephe | BurCBCM | 3:7 | ဘုရားသခင်သည် မိမိတန်ခိုးတော်အားဖြင့် ငါ့အားပေးသနားတော်မူသောကျေးဇူးတော်အတိုင်း ငါသည် ဤဧဝံဂေလိသတင်း ကောင်းကို ကြေညာဟောပြောသူ ဖြစ်လာခဲ့ရ၏။- | |
Ephe | BurCBCM | 3:8 | ငါသည် သူတော်သူမြတ်အပေါင်းတို့တွင် အနိမ့်ကျဆုံးဖြစ်သော်လည်း ခရစ်တော်၏အတိုင်း မသိများပြားလှသော ဘဏ္ဍာတော်များကို လူမျိုးခြားတို့အား ကြေညာဟောပြောရန် ငါ့အား ဤကျေးဇူးတော်ကို ပေးအပ်တော်မူခဲ့၏။- | |
Ephe | BurCBCM | 3:9 | ထို့အတူ အရာအားလုံးကိုဖန်ဆင်း တော်မူသောဘုရားသခင်၌ ကာလအဆက်ဆက်ဝှက် ကွယ်လျက်ရှိသောအကြံအစည် တော်ကို လူအပေါင်း တို့သိမြင်လာစေရန် လုပ်ဆောင်ခြင်းငှာ ထိုကျေးဇူးတော် ကိုပေးအပ်ထားခြင်းဖြစ်၏။- | |
Ephe | BurCBCM | 3:10 | ယင်းသို့ လုပ်ဆောင်တော်မူသည့်အကြောင်းရင်းကား ကောင်းကင်အရပ်ရပ်ရှိ အုပ်ချုပ်သူအပေါင်းနှင့် အင်အားတန်ခိုး တို့သည် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို အသင်းတော်အားဖြင့် သိရှိလာကြမည်ဖြစ်၏။- | |
Ephe | BurCBCM | 3:11 | ဤသည်ကား ငါတို့၏သခင် ခရစ်တော်ယေဇူး၌ ပြီးပြည့်စုံစေတော်မူ သောကိုယ်တော်၏ထာ၀ရအကြံအစည်တော်အတိုင်း ပင်ဖြစ်သတည်း။- | |
Ephe | BurCBCM | 3:12 | ငါတို့သည် ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၌ ရဲဝံ့စွာပြောဆိုကြ၍ အထံတော်သို့ ချဉ်းကပ်နိုင်သော အခွင့်ကိုရကြ၏။- | |
Ephe | BurCBCM | 3:13 | ထို့ကြောင့် သင်တို့အတွက် ငါခံထမ်းရသောဒုက္ခဆင်းရဲများကြောင့် သင်တို့ တုန်လှုပ်ခြင်းမရှိကြလေနှင့်။ ယင်းသည် သင်တို့အတွက် ဂုဏ်ယူစရာအကြောင်းပင်ဖြစ်၏။ | |
Ephe | BurCBCM | 3:15 | ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသောမိသားစုတို့သည် မိမိ တို့၏အမည်များကို ကိုယ်တော့်ထံမှ ခံယူရရှိကြ၏။- | |
Ephe | BurCBCM | 3:16 | ငါ၏ ဆုတောင်းမေတ္တာတွင် ကိုယ်တော်သည် မိမိ၏ဘုန်းဂုဏ်တော်ကြွယ်၀ပြည့်စုံသည့်အတိုင်း မိမိ၏ဝိညာဉ်တော် အားဖြင့် သင်တို့၏အတွင်းစိတ်၌ ခွန်အားဖြည့်တင်းပေးရန် ကျေးဇူးတော်ကို ပေးသနားတော်မူမည့်အကြောင်း၊- | |
Ephe | BurCBCM | 3:17 | ထိုမျှမက ခရစ်တော်သည် ယုံကြည်ခြင်းအားဖြင့် သင်တို့၏စိတ်နှလုံးများတွင် ကိန်းဝပ်တော်မူပါမည့်အကြောင်းနှင့် ချစ်ခြင်းမေတ္တာ၌ အမြစ်တွယ်၍ အခြေခိုင်လျက်ရှိကြ သောသင်တို့သည်၊- | |
Ephe | BurCBCM | 3:18 | သူတော်သူမြတ်အပေါင်းတို့နှင့်အတူ ခရစ်တော်၏ချစ်ခြင်းမေတ္တာမှာ မည်မျှတည်မြဲကြောင်း၊ ကျယ်ဝန်းကြောင်း၊ နက်ရှိုင်းကြောင်း၊ မြင့်မား ကြောင်းစသည်တို့ကို သိရှိနားလည် နိုင်သောစွမ်းအားရရှိ မည့်အကြောင်း ငါဆုတောင်း၏။- ၁၉ ။ထို့အတူ အသိပညာထက် ပိုမိုပြည့်စုံသော ခရစ်တော်၏ချစ်ခြင်းမေတ္တာကို သိရှိနားလည်ခြင်းဖြင့် သင်တို့သည် ဘုရားသခင်နှင့် အကြွင်းမဲ့ပေါင်းစပ်ကြမည့်အကြောင်း ငါဆုတောင်းပါ၏။ | |
Ephe | BurCBCM | 3:20 | ငါတို့၌ တန်ခိုးတော်အားဖြင့် စီမံဆောင်ရွက်ပြီး ငါတို့တောင်းလျှောက်ကြံစည်သမျှတို့ထက် များစွာပိုမို၍ ပြုလုပ်ပေး နိုင်တော်မူသောအရှင်အား၊- | |