EPHESIANS
Chapter 6
Ephe | BurCBCM | 6:1 | သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘများကို နာခံကြလော့။ အကြောင်းမူကား ဤကဲ့သို့ ပြုမူခြင်းသည် မှန်ကန် သင့်မြတ်သောကြောင့်ဖြစ်၏။- | |
Ephe | BurCBCM | 6:4 | ဖခင်တို့၊ သင်တို့၏သားသမီးများကို အမျက်မထွက်စေ ကြနှင့်။ သို့သော် သူတို့ကို သခင်ဘုရား၏ဆုံးမသွန်သင် ချက်အတိုင်း ပြုစုပျိုးထောင်ကြလော့။ | |
Ephe | BurCBCM | 6:5 | ကျွန်များတို့၊ သင်တို့သည် ခရစ်တော်ကိုနာခံသကဲ့ သို့ သင်တို့၏လောကီသခင်များကို ကြောက်ရွံ့ရိုသေ လျက် စိတ်နှလုံး ဖြောင့်မှန်စွာဖြင့် နာခံကြလော့။- | |
Ephe | BurCBCM | 6:6 | သင်တို့သည် လူသားတို့ကျေနပ်နှစ်သက်စေရုံသဘောမျိုးဖြင့် သူတို့၏မျက်စိရှေ့တွင်သာ နာခံခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့လိုက် နာဆောင်ရွက်ကြသော ခရစ်တော်၏အစေခံများကဲ့သို့ နာခံကြလော့။- | |
Ephe | BurCBCM | 6:7 | သင်တို့သည် လူတို့အတွက်မဟုတ်ဘဲ ဘုရားသခင်အတွက် စိတ်ကောင်းနှလုံးကောင်းဖြင့် အမှုတော်ကိုထမ်းရွက်သကဲ့သို့ အစေခံကြလော့။- | |
Ephe | BurCBCM | 6:8 | ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ မိမိပြုသောကောင်းမှုအတွက် သခင်ဘုရားထံတော်မှ ညီမျှသောဆုလာဘ်တော်ကို ရရှိ မည့်အကြောင်း သိထားကြလော့။- | |
Ephe | BurCBCM | 6:9 | သခင်တို့၊ သင်တို့ ၏ကျွန်များကို အထက်ပါအတိုင်းဆက်ဆံကြလော့။ ခြိမ်းခြောက်ခြင်းမပြု ကြနှင့်။ ထိုသူတို့နှင့် သင်တို့၏ သခင် သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက် နှာလိုက်ခြင်းမရှိကြောင်းကို သတိပြုကြလော့။ | |
Ephe | BurCBCM | 6:10 | နောက်ဆုံးအနေနှင့်ကား သခင်ဘုရား၌လည်း ကောင်း၊ ကိုယ်တော်၏တန်ခိုးတော်အရှိန်အဝါ၌လည်းကောင်း တည်ကြည်ခိုင်မာခြင်းရှိကြလော့။- | |
Ephe | BurCBCM | 6:11 | သင်တို့သည် နတ်ဆိုး၏ပရိယာယ်များကို ခုခံတွန်းလှန်နိုင်ရန် ဘုရားသခင်၏ချပ်ဝတ်တန်ဆာတစ်ခုလုံးကို ဆင်မြန်း ကြလော့။- | |
Ephe | BurCBCM | 6:12 | အကြောင်းမူကား ငါတို့သည် လူသားရန်သူများကို ရင်ဆိုင်တိုက်ခိုက်နေကြခြင်းမဟုတ်ဘဲ အမှောင်ကမ္ဘာထဲမှ အာဏာပိုင်များ၊ တန်ခိုးဩဇာရှိသူများ၊ အုပ်စိုးသူများ၊ ကောင်းကင်အရပ်မှ ဆိုးယုတ်ခြင်း၏ဝိညာဉ်များ ကို တွန်းလှန်တိုက်ခိုက် နေကြခြင်းဖြစ်၏။- | |
Ephe | BurCBCM | 6:13 | ထို့ကြောင့် ဘုရားသခင်၏ချပ်ဝတ်တန်ဆာတစ်ခုလုံးကို ဆင်မြန်း ကြလော့။ ဤသို့ဖြင့် သင်တို့သည် မကောင်းမှု၏နေ့ရက် ၌ ကြံ့ကြံ့ခံနိုင်ကြ၍ အရာအားလုံးပြီးစီးသွားသည်အထိ ရပ်တည်နိုင်ကြပေလိမ့်မည်။ | |
Ephe | BurCBCM | 6:14 | ထို့ကြောင့် သမ္မာတရားတည်းဟူသော သင်၏ခါး ပန်းကြိုးကိုစည်း၍ ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ် တန်ဆာကို ဝတ်ဆင်ကာ၊- | |
Ephe | BurCBCM | 6:15 | ငြိမ်းချမ်းသာယာခြင်း၏ သတင်းကောင်းကိုကြေညာရန် စိတ်အားထက်သန်ခြင်း တည်းဟူသောဖိနပ်ကိုစီးလျက် ရပ်နေကြလော့။- | |
Ephe | BurCBCM | 6:16 | ဤအရာတို့အပြင် ယုံကြည်ခြင်း၏ဒိုင်းလွှားကိုလည်း ကိုင်ဆောင်ကြလော့။ ထိုဒိုင်းလွှားဖြင့် နတ်ဆိုး၏မီးမြားလက် နက်ရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။- | |
Ephe | BurCBCM | 6:17 | ထို့နောက် ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို ဆောင်း၍ ဝိညာဉ်တော်၏ဓားလက်နက်တည်းဟူသော ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုလည်း ကိုင်ဆောင်ကြလော့။- | |
Ephe | BurCBCM | 6:18 | အမျိုးမျိုးသောဆုတောင်းပတ္ထနာများနှင့်အသနားခံတောင်းလျှောက်ခြင်းတို့ဖြင့် ဝိညာဉ်တော်၌ အစဉ်မပြတဆုတောင်း ကြလော့။ သူတော်သူမြတ် အပေါင်းတို့အတွက် အသနားခံဆုတောင်းကြလျက် မဆုတ်မနစ်ကြိုးစား၍ နိုးနိုးကြားကြားရှိ ကြလော့။- | |
Ephe | BurCBCM | 6:19 | ငါသည်လည်း ဧဝံဂေလိသတင်းကောင်း၏နက်နဲရာကို ဟောပြောရာ၌ နှုတ်ကိုရဲဝံ့စွာဖွင့်၍ သွန်သင်နိုင်သော အခွင့်ကို ရပါမည့်အကြောင်း ငါ့အတွက်လည်း ဆုတောင်း ပေးကြလော့။- | |
Ephe | BurCBCM | 6:20 | သို့မှသာ ငါသည် ဟောပြောရန် ဝတ္တရားရှိသည့်အတိုင်း ဧဝံဂေလိသတင်းကောင်းကို ရဲဝံ့စွာဟောပြောနိုင်မည်ဖြစ်၏။ ငါသည် ဤသတင်းကောင်းအတွက် ချုပ်နှောင်ခံနေရသောသံတမန်တစ်ဦးဖြစ်၏။ | |
Ephe | BurCBCM | 6:21 | ငါ၌ဖြစ်ပျက်နေသောအကြောင်းအရာနှင့် ငါပြုမူသမျှတို့ကို သင်တို့သိရှိနိုင်ရန် ငါတို့ချစ်သောညီဖြစ်သူ သခင်ဘုရား၏ သစ္စာရှိသော အမှုတော်ဆောင် တိခိကုသည် အလုံးစုံကို သင်တို့အား ပြောပြလိမ့်မည်။- | |
Ephe | BurCBCM | 6:22 | ငါတို့၌ ဖြစ်ပျက်နေသောအကြောင်းအရာများကို သင်တို့သိစေ ရန်နှင့် သင်တို့၏ စိတ်နှလုံးကို အားပေးနှစ်သိမ့်ရန် ရည် ရွယ်၍ ငါသည် သူ့ကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ | |
Ephe | BurCBCM | 6:23 | အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်သည် ငြိမ်းချမ်းသာယာခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်း တို့ကို ညီအစ်ကိုအပေါင်းတို့အား ပေးသနားတော်မူပါစေ။- | |