EPHESIANS
Chapter 5
Ephe | BurCBCM | 5:1 | ထို့ကြောင့် ဘုရားသခင်ချစ်မြတ်နိုးသောသား သမီးများဖြစ်ကြသည့်အတိုင်း ကိုယ်တော့်ကို အတုယူကြလော့။- | |
Ephe | BurCBCM | 5:2 | ခရစ်တော်သည် ငါတို့ကို ချစ်မြတ်နိုး၍ ငါတို့အတွက် မိမိကိုယ်ကို မွှေးကြိုင်သောပူဇော်သကာ နှင့်ယဇ်ကောင်အဖြစ် ဘုရားသခင်အား ဆက်ကပ်ပူ ဇော်တော်မူသကဲ့သို့ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာ ၌ လျှောက်လှမ်းကြလော့။ | |
Ephe | BurCBCM | 5:3 | သင်တို့အကြားတွင် ကာမဂုဏ်လိုက်စားခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်းများနှင့် လောဘကြီးခြင်းတို့ မရှိစေကြနှင့်။ ယင်းတို့သည် သူတော်သူမြတ်တို့နှင့် မအပ်စပ်ပေ။- | |
Ephe | BurCBCM | 5:4 | ညစ်ညူး၍ မိုက်မဲသောစကားများနှင့် မဖွယ်မရာ ပြက်ရယ်ပြုသောစကားများမှာ ပြောဆိုရန် မသင့်သောကြောင့် သင်တို့ အကြား၌ မပြောသင့်ပေ။ ထိုစကားများ အစားသင်တို့သည် ကျေးဇူးတော်ချီးမွမ်းသောစကားကို သာပြောဆိုကြလော့။- | |
Ephe | BurCBCM | 5:5 | ကာမဂုဏ်လိုက်စားသောသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သောသူဖြစ်၍ လော ဘကြီးသောသူ တစ်ဦးတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင် အမွေတော်ကိုခံကြရ လိမ့်မည်မဟုတ်ကြောင်းကို သင်တို့ကောင်းစွာသိကြ၏။- | |
Ephe | BurCBCM | 5:6 | မည်သူမျှ သင်တို့ကို အဓိပ္ပာယ်မဲ့သောစကားများ ဖြင့် မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအကြောင်း အရာများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံခြင်းမရှိသောသူတို့အပေါ်သို့ သက်ရောက်လျက်ရှိ၍ပင်တည်း။- | |
Ephe | BurCBCM | 5:8 | အကြောင်းမူကား သင်တို့သည် တစ်ချိန် တစ်ခါက မှောင်မိုက်ခြင်းအတိဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင် သခင်ဘုရား၌ အလင်းဖြစ်ကြ၍ အလင်း၏သား သမီးများကဲ့သို့ ကျင့်ကြံနေထိုင်ကြလော့။- | |
Ephe | BurCBCM | 5:9 | အကြောင်းမူကား အလင်း၏အသီးအပွင့်များကို ကောင်းမြတ်သော အရာများ၊ ဖြောင့်မတ်သောအရာများနှင့် စစ်မှန်သော အရာရှိသမျှတို့၌ တွေ့ရှိရသောကြောင့်ဖြစ်၏။- | |
Ephe | BurCBCM | 5:11 | မှောင်မိုက်ထဲတွင်ရှိသောသူတို့၏အကျိုးမဲ့ သောလုပ်ရပ်များတွင် မပါဝင်ကြသည့်အပြင် ထိုအမှုများကို ဖော်ထုတ်ကြ လော့။- | |
Ephe | BurCBCM | 5:12 | အကြောင်းမူကား ဆိတ်ကွယ်ရာ၌ ထိုသူတို့ပြုမူသောအရာများကို ပြောဆိုခြင်းသည်ပင်လျှင် ရှက်ဖွယ်ကောင်း သောကြောင့်တည်း။- | |
Ephe | BurCBCM | 5:13 | သို့ရာတွင် မည်သည့်အရာမဆို အလင်းကြောင့် ထွက်ပေါ်လာသောအခါ ၎င်းသည် မြင်သာထင်ရှားလာလေ၏။ အ ကြောင်းမူကား မြင်သာထင်ရှားလာသောအရာသည် အလင်းဖြစ်သောကြောင့်တည်း။- | |
Ephe | BurCBCM | 5:14 | သို့ဖြစ်၍ ကျမ်းစာ တော်မြတ်၌ ဆိုထားသည်ကား အို အိပ်ပျော်နေသောသူ၊ ထလော့။ သေသူတို့အစုမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့် မည်ဟူ၍ဖြစ်သတည်း။ | |
Ephe | BurCBCM | 5:15 | သို့ဖြစ်၍ သင်တို့သည် ပညာမဲ့သူကဲ့သို့မဟုတ်ဘဲ ပညာရှိသူတို့ကဲ့သို့ ကျင့်ကြံအသက်ရှင်နိုင်ရန် သတိပြုကြလော့။- | |
Ephe | BurCBCM | 5:16 | ဤနေ့ရက်ကာလသည် ဆိုးညစ်သောကာ လဖြစ်သောကြောင့် သင်တို့သည် အချိန်ကို ကောင်းစွာ အသုံးချကြလော့။- | |
Ephe | BurCBCM | 5:17 | ထို့ကြောင့် မိုက်မဲခြင်းမရှိကြလေနှင့်။ သို့သော် သခင်ဘုရား၏အလိုတော်ကိုသိနားလည်ရန် ကြိုးစားကြလော့။- | |
Ephe | BurCBCM | 5:18 | စပျစ်ရည်ကိုသောက်၍ မူးယစ်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ဤသို့ပြုခြင်းသည် အပျော်အပါးလွန်ကြူးခြင်းပင်ဖြစ်၏။ သင်တို့သည် ဝိညာဉ်တော်နှင့်ပြည့်၀ကြ၍၊- | |
Ephe | BurCBCM | 5:19 | ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများဖြင့် တစ်ဦးနှင့်တစ်ဦးပြောဆိုကြလျက် သင်တို့၏စိတ်နှလုံးအတွင်း မှလာသောချီးမွမ်းခြင်းဖြင့် သခင်ဘုရားကို သီဆိုကျူး အေးကြလော့။- | |
Ephe | BurCBCM | 5:20 | အဖခမည်းတော်အား ခပ်သိမ်းသော အရာတို့အတွက် ငါတို့သခင် ယေဇူးခရစ်တော်၏နာမတော်၌ အစဉ်အမြဲကျေးဇူး တင်ချီးမွမ်းကြလော့။ | |
Ephe | BurCBCM | 5:22 | ဇနီးမယားတို့၊ သင်တို့သည် သခင်ဘုရားကိုနာခံကြသကဲ့သို့ သင်တို့၏ ခင်ပွန်းတို့ကို နာခံကြလော့။- | |
Ephe | BurCBCM | 5:23 | အကြောင်းမူကား ခရစ်တော်သည် မိမိ၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်၏ဦးခေါင်းဖြစ်၍ မိမိကိုယ်တော်တိုင် အသင်းတော် ၏ကယ်တင်ရှင်ဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည်လည်း မိမိဇနီးသည်၏ဦးခေါင်းဖြစ်၏။- | |
Ephe | BurCBCM | 5:24 | အသင်းတော်သည် ခရစ်တော်ကိုနာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ မိမိတို့၏ခင်ပွန်းတို့ကိုနာခံကြပါစေ။- | |
Ephe | BurCBCM | 5:25 | ခင်ပွန်း သည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူ၍ ၎င်းအတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်တော်မူသကဲ့ သို့ သင်တို့သည်လည်း သင်တို့၏ဇနီးများကိုချစ်ကြလော့။- | |
Ephe | BurCBCM | 5:26 | ကိုယ်တော်သည် မိမိကိုယ်ကို ထိုသို့ပူဇော်ခြင်းမှာ အသင်းတော်ကို ရေ၌ဆေးကြောခြင်းအားဖြင့်လည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့်လည်းကောင်း စင်ကြယ်စေခြင်းဖြင့် ၎င်းကို သန့်ရှင်းမြင့်မြတ်စေရန်ဖြစ်၏။- | |
Ephe | BurCBCM | 5:27 | ဤသို့ဖြင့် ကိုယ်တော်သည် အသင်းတော်ကို မိမိ ကိုယ်တော်တိုင်အတွက် သိမ်းပိုက်တော်မူရာတွင် ၎င်းသည် အညစ်အကြေးမရှိ၊ အစွန်းအကွက်မရှိဘဲ သန့်ရှင်း၍ အပြစ်ကင်းစင်လျက် ဂုဏ်ကျက်သရေနှင့်ပြည့်စုံနေ စေရန်ဖြစ်၏။- | |
Ephe | BurCBCM | 5:28 | ဤနည်းတူ ခင်ပွန်းတို့သည် မိမိတို့၏ခန္ဓာကိုယ်ကိုချစ်သကဲ့သို့ မိမိတို့၏ဇနီးများကိုချစ်ရမည်။ မိမိဇနီးကို ချစ်မြတ်နိုးသောသူသည် မိမိကိုယ်ကိုချစ်မြတ်နိုးသောသူဖြစ်၏။- | |
Ephe | BurCBCM | 5:29 | မည်သူမျှ မိမိကိုယ်ခန္ဓာကို မုန်းသည် ဟူ၍မရှိချေ။ မမုန်းသည့်အပြင် သူသည် မိမိကိုယ်ခန္ဓာကို ကျွေးမွေးပြုစုသည်မှာ အသင်းတော်အား ခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့ဖြစ်၏။- | |
Ephe | BurCBCM | 5:30 | အဘယ်ကြောင့် ဆိုသော် ငါတို့သည် ကိုယ်တော့်ခန္ဓာတော်၏ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖြစ်ကြသောကြောင့်တည်း။- | |
Ephe | BurCBCM | 5:31 | ဤ အကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိဘတို့ကို စွန့်ခွာ၍ မိမိ၏ဇနီးနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သား တစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်ဟု ကျမ်းစာ တော်မြတ်တွင်ဖော်ပြထား၏။- | |
Ephe | BurCBCM | 5:32 | ဤအချက်သည် အလွန် နက်နဲသောအရာဖြစ်၍ ငါသည် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်၏။- | |