EPHESIANS
Chapter 1
Ephe | BurCBCM | 1:1 | ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရသော ငါပေါလုသည် ခရစ်တော် ယေဇူး အပေါ်သစ္စာရှိကြ သော ဧဖက်ဆုမြို့ရှိ သူတော်သူမြတ်တို့ထံသို့ စာရေး လိုက်ပါ၏။ | |
Ephe | BurCBCM | 1:2 | ငါတို့အဖ ဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင် ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင် တို့အပေါ်သို့ သက်ရောက်ပါစေသော်။ | |
Ephe | BurCBCM | 1:3 | ငါတို့၏သခင် ယေဇူးခရစ်တော်၏ခမည်းတော်ဖြစ် တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော်။ ကိုယ်တော်သည် ခရစ်တော်အားဖြင့် ကောင်းကင်နှင့် ဆိုင်သော ဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာရှိသမျှတို့ကို ငါတို့အား ပေးသနားတော်မူလေပြီ။- | |
Ephe | BurCBCM | 1:4 | ငါတို့သည် ရှေ့တော် မှောက်၌ သန့်ရှင်းမြင့်မြတ်၍ အပြစ်ကင်းစင်သူများဖြစ် ကြစေရန် ကိုယ်တော်သည် ကမ္ဘာမတည်ရှိ မီကပင် ငါတို့ကို ခရစ်တော်၌ ရွေးကောက်ထားတော်မူခဲ့၏။- | |
Ephe | BurCBCM | 1:5 | ကိုယ်တော်သည် ယေဇူးခရစ်တော်အားဖြင့် ငါတို့ကို မိမိသားသမီးများဖြစ်ကြစေရန် မိမိအလိုတော်အတိုင်း သတ်မှတ်ထား၍ ဤသို့ပြုလုပ်ရခြင်းကိုလည်း ကျေနပ်အားရတော်မူ၏။- | |
Ephe | BurCBCM | 1:6 | ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော်၌ ငါတို့အား အခမဲ့ပေးသနားတော်မူသည့် မွန်မြတ်သော ကျေးဇူးတော်အတွက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြလော့။- | |
Ephe | BurCBCM | 1:7 | ကိုယ်တော်၌ ငါတို့သည် အသွေးတော်အားဖြင့် ကယ်တင်ခြင်းတည်းဟူသော ငါတို့၏အပြစ်များမှ ဖြေလွှတ်ခံရခြင်းကို ကိုယ်တော်၏ကြွယ်၀တော်မူသော ကျေးဇူးတော်အလျောက် ခံစားရရှိကြ၏။- | |
Ephe | BurCBCM | 1:9 | အကြောင်းမူကား ကိုယ်တော်သည် ခရစ်တော်၌ မိမိကိုယ်တော်တိုင် ရည်ရွယ်ထားခဲ့သည့်အတိုင်း ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိတရားတို့ဖြင့် မိမိအလိုတော်၏နက်နဲရာကို ငါတို့အား သိစေတော်မူ၏။- | |
Ephe | BurCBCM | 1:10 | ဤသို့ဖြင့် ကိုယ်တော်သည် အချိန်ကာလပြည့်စုံသောအခါ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ရှိသမျှသောအရာတို့ကို သားတော်၌ တစ်လုံး တစ်၀တည်းပေါင်းစည်းစေရန် ကြံရွယ်ထားတော်မူ၏။ | |
Ephe | BurCBCM | 1:11 | မိမိအလိုတော်အတိုင်း အလုံးစုံသောအရာတို့ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသည့်အရှင်၏ အကြံအစည်တော် ကိုထောက်၍ ငါတို့သည် ကိုယ်တော် ရှင်၌ အမွေတော်ကိုခံစားကြရ၏။- | |
Ephe | BurCBCM | 1:12 | ဤသို့ဖြင့် ခရစ်တော်၌ ပထမဦးစွာမျှော်လင့်ခဲ့ကြသော ငါတို့သည် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာ ပြုခြင်းငှာ အသက်ရှင်ကြရန် သတ်မှတ်ရွေးချယ်ထားခြင်း ခံကြရ၏။- | |
Ephe | BurCBCM | 1:13 | သင်တို့သည်လည်း ကယ်တင်ခြင်း၏ သတင်းကောင်းတည်းဟူသော သမ္မာတရားကိုကြားနာရပြီး ကိုယ်တော်၌ ယုံကြည် ကြသဖြင့် ကတိထားတော်မူသည့် ဝိညာဉ်တော် မြတ်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလေပြီ။- | |
Ephe | BurCBCM | 1:14 | ငါတို့သည် ဤအမွေတော်ကိုပိုင်ဆိုင်သည့်တိုင်အောင် ဝိညာဉ် တော်သည် ငါတို့အတွက် အာမခံချက်ဖြစ်တော်မူ၏။ ဤ အချက်ကြောင့်လည်း ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ချီးမွမ်းကြရပေလိမ့်မည်။ | |
Ephe | BurCBCM | 1:15 | ထို့ကြောင့် ငါသည် ယေဇူးသခင်၌ယုံကြည်သော သင်တို့၏ယုံကြည်ခြင်းနှင့် သူတော်သူမြတ်အပေါင်းတို့အပေါ်၌ ထားရှိသော သင်တို့၏ချစ်ခြင်းမေတ္တာတို့ကို ကြားသိခဲ့ရပြီးဖြစ်၍၊- | |
Ephe | BurCBCM | 1:16 | သင်တို့အတွက် ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် ငါ၏ဆုတောင်းပတ္ထနာများ၌ သင်တို့ကို သတိရဆုတောင်း ပေးပါ၏။- | |
Ephe | BurCBCM | 1:17 | ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုရားသခင်၊ ဘုန်းတန်ခိုးတော်ရှင် အဖခမည်းတော်သည် မိမိကိုသိရှိစေမည့် ဉာဏ်ပညာ နှင့် ဗျာဒိတ်တော်တို့ကို သင်တို့အား ပေးသနားတော်မူမည့်အကြောင်း ငါဆုတောင်းပါ၏။- | |
Ephe | BurCBCM | 1:18 | ဤသို့ဖြင့် သင်တို့၏စိတ်နှလုံးအသိဉာဏ်ပွင့်လာပြီးနောက် သင်တို့သည် ကိုယ်တော်၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်၏ လုပ်ဆောင် ချက်တို့ကိုထောက်၍ သင်တို့အား ကိုယ်တော်ခေါ်တော် မူခဲ့သောမျှော်လင့်ချက်မှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ သူတော်သူမြတ်တို့ခံစားရမည့်ဘုန်းစည်း စိမ်အမွေတော် မည်မျှကြီးမားသည်ကိုလည်းကောင်း၊- | |
Ephe | BurCBCM | 1:19 | ယုံကြည်သူဖြစ်သောငါတို့၌ ပြတော်မူသောကိုယ်တော်၏ ဘုန်းတန်ခိုးတော်မှာ အတိုင်းအဆမဲ့ကြီးမားသည်ကို လည်းကောင်း သိရှိနိုင်ကြရန် ငါဆုတောင်းပါ၏။- | |
Ephe | BurCBCM | 1:20 | ကိုယ်တော်သည် ခရစ်တော်ကို သေသူတို့၏အစုမှ ရှင်ပြန်ထမြောက်စေပြီး ကောင်းကင်ဘုံတွင် မိမိလက်ယာဘက်၌ ထိုင်စေတော်မူရာတွင် မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ခရစ် တော်၌ ဤသို့လုပ်ဆောင်တော်မူခဲ့ခြင်းဖြစ်ပေ၏။- | |
Ephe | BurCBCM | 1:21 | ကိုယ်တော်သည် ခရစ်တော်အားအလုံးစုံသော အုပ်ချုပ်မှု၊ ဩဇာအာဏာ၊ ဘုန်းတန်ခိုးနှင့် အချုပ်အခြာအာဏာပိုင် စသည်တို့၏အထက်တွင်လည်းကောင်း၊ ဤခေတ်ကာလတွင်သာမက နောင်ကာလတွင်လည်း ခေါ်ဝေါ်သမုတ် ခြင်းခံရမည့် အမည်နာမရှိသမျှတို့၏အထက်တွင်လည်းကောင်း စံနေစေတော်မူခဲ့၏။- | |
Ephe | BurCBCM | 1:22 | ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ခရစ်တော်၏ခြေတော်အောက်၌ ချထား၍ သူ့အား ခပ်သိမ်းသောအရာတို့အထက်တွင် အသင်း တော်၏ဦးခေါင်းဖြစ်စေတော်မူ၏။- | |