Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 16
I Co BurJudso 16:1  သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။
I Co BurJudso 16:2  ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။
I Co BurJudso 16:3  ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။
I Co BurJudso 16:4  သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။
I Co BurJudso 16:5  မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။
I Co BurJudso 16:6  နောက်မှအခြားသို့ ငါသွားသောအခါ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည်။
I Co BurJudso 16:7  ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ၏။
I Co BurJudso 16:8  ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။
I Co BurJudso 16:9  အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။
I Co BurJudso 16:10  တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည်စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှါ သတိပြုကြလော့။ သူသည်ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ်၏။
I Co BurJudso 16:11  ထိုကြောင့် အဘယ်သူမျှသူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည် အကြောင်းပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့်လျက်နေ၏။
I Co BurJudso 16:12  ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့ နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခုတွင်သွားခြင်းငှါ အလျှင်းအလိုမရှိ၊ နောက်မှ အဆင်သင့်လျှင်သွားလိမ့်မည်။
I Co BurJudso 16:13  သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။
I Co BurJudso 16:14  သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။
I Co BurJudso 16:15  ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊
I Co BurJudso 16:16  ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကို၎င်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန်၏။
I Co BurJudso 16:17  သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။
I Co BurJudso 16:18  အကြောင်းမူကား၊ သင်တို့သည် ပြုစု၍မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
I Co BurJudso 16:19  အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။
I Co BurJudso 16:20  ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
I Co BurJudso 16:21  ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။
I Co BurJudso 16:22  အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရား သည် ကြွလာတော်မူ၏။
I Co BurJudso 16:23  ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။
I Co BurJudso 16:24  ယေရှုခရစ်၏ တပည့်တော်ဖြစ် သမျှသော သင်တို့၌ ငါ၏ချစ်ခြင်းမေတ္တာရှိ၏။ အာမင်။ ကောရိန္သုဩဝါဒစာပဌမစောင်ပြီး၏။