Site uses cookies to provide basic functionality.

OK
I PETER
1 2 3 4 5
Prev Up Next Toggle notes
Chapter 2
I Pe BurCBCM 2:1  ထို့ကြောင့် သင်တို့သည် မကောင်းမှုအမျိုးမျိုးနှင့်တကွ လှည့်ဖြားခြင်း၊ ရိုးသားမှုမရှိခြင်း၊ မနာလိုခြင်းနှင့် အသေရေ ဖျက်ခြင်း တို့ကိုဖယ်ရှားကြလော့။-
I Pe BurCBCM 2:2  သင်တို့သည် မွေးစသူငယ်များကဲ့သို့ ဝိညာဉ်နှင့်ဆိုင် သောနို့ရည်အစစ်ကိုတမ်းတကြလော့။ သို့မှသာ သင် တို့သည် ထိုနို့ရည် အားဖြင့် ကယ်တင်ခြင်းခံရရန် ရှင်သန်ကြီးထွားကြလိမ့်မည်။-
I Pe BurCBCM 2:3  အကြောင်းမူကား သင်တို့သည် သခင်ဘုရား၏သနားကရုဏာတော်ကို မြည်းစမ်းခဲ့ကြလေပြီ။
I Pe BurCBCM 2:4  လူတို့၏ပစ်ပယ်ခြင်းခံရသော်လည်း ဘုရားသခင်၏မျက်မှောက်တော်၌ အဖိုးထိုက်တန်၍ ရွေးချယ်ခံရသော ရှင်သန်လျက်ရှိ သည့်ကျောက်တည်းဟူသော ကိုယ်တော့်ထံသို့ လာကြလော့။-
I Pe BurCBCM 2:5  သင်တို့သည်လည်း ရှင်သန်လျက်ရှိသောကျောက်များကဲ့သို့ပင် ဝိညာဉ်နှင့် ဆိုင်သောဗိမာန်တော်အဖြစ် မိမိတို့ကိုယ်ကို တည် ဆောက်ကြလော့။ သင်တို့သည် မြင့်မြတ်သောရဟန်း အမျိုးအနွယ်ဖြစ်စေရန်နှင့် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင် နှစ်သက်လက်ခံဖွယ်ဖြစ်သော ဝိညာဉ်ရေး ရာပူဇော်ခြင်းများကို ဆက်ကပ်ပူဇော်နိုင်ရန် ထိုဗိမာန် တော်ကို တည်ဆောက်ကြ လော့။-
I Pe BurCBCM 2:6  အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား ကြည့်လော့၊ ငါရွေးချယ်ထားသည့် အဖိုးတန်ထောင့်ချုပ် ကျောက်ဖြစ် သောကျောက်တုံးတစ်တုံးကို ဇီအွန်တောင်ပေါ်၌ ငါချထား၏၊ ထိုအရှင်၌ ယုံကြည်သောသူသည် အရှက်တကွဲ ဖြစ်ရလိမ့်မည်မဟုတ်ဟူ၍ဖြစ်သတည်း။-
I Pe BurCBCM 2:7  ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ထိုအရှင်သည် တန်ဖိုးရှိပေ၏။ မယုံကြည်သောသူတို့အတွက်မူကား တိုက်ကို ဆောက်သောသူတို့ပစ်ပယ်ထားသော ဤကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာလေပြီဟူ၍လည်းကောင်း၊-
I Pe BurCBCM 2:8  ဤကျောက်သည် လူတို့အား ခလုတ်တိုက်မိ စေသောကျောက်၊ လူတို့ကို လဲကျစေမည့်ကျောက်ဖြစ် သည်ဟူ၍လည်းကောင်း ရေးထားလျက်ရှိ၏။ သူတို့ သည် နှုတ်တော်ထွက်စကားကိုမနာခံကြသောကြောင့် သူတို့အတွက် သတ်မှတ်ထားသည့်အတိုင်း တိုက်မိ၍ လဲကျကြလေ၏။
I Pe BurCBCM 2:9  သင်တို့သည်ကား ရွေးကောက်ခြင်းခံရသောလူ မျိုး၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်သောလူမျိုးနှင့် ဘုရားသခင် ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်ကြ၏။ ဤသို့ဖြင့် သင်တို့ကို မှောင်မိုက်ထဲမှနေ၍ ကိုယ်တော်၏အံ့ဖွယ်ရာအလင်းတော်သို့ ခေါ်ထုတ်တော်မူသော သခင်၏ချီးမွမ်းထိုက်သောအမှုတော်တို့ကို သင်တို့ကြေညာ ဟောပြောကြရပေလိမ့်မည်။-
I Pe BurCBCM 2:10  တစ်ချိန်က သင်တို့သည် လူမျိုးတစ်မျိုးအဖြစ်မတည်ရှိခဲ့ကြသော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြလေပြီ။ တစ်ချိန်က သင်တို့သည် ဘုရားသခင်၏သနားကရုဏာကို မခံစားခဲ့ ရသော်လည်း ယခုအခါ ဘုရားသခင်၏သနားကရုဏာ တော်ကို ခံစားကြရလေပြီ။
I Pe BurCBCM 2:11  ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤလောကတွင် ဧည့်သည်အာဂန္တုများအဖြစ် နေထိုင်ကြစဉ် သင်တို့၏ ဝိညာဉ်ကိုတိုက်ခိုက် လျက်ရှိသော အသွေးအသား၏ တပ်မက်မှုဆန္ဒများကိုရှောင်ကြဉ်ကြရန် သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်ပါ၏။-
I Pe BurCBCM 2:12  လူမျိုးခြားတို့ အလယ်တွင် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ကြလော့။ ဤသို့ဖြင့် သူ တို့သည် သင်တို့ကို မကောင်းမှုပြုသော သူများအဖြစ် အပြစ်တင်ပြောဆိုခဲ့ပါလျှင် သခင်ဘုရားကြွလာတော်မူ သည့်နေ့၌ သင်တို့၏ကောင်းသောလုပ်ရပ်များကိုမြင်၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလိမ့်မည်။
I Pe BurCBCM 2:13  သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ အမြင့်ဆုံးသောအာဏာပိုင်ဖြစ်သည့် မင်းဧကရာဇ်ကိုဖြစ်စေ၊-
I Pe BurCBCM 2:14  မကောင်းမှုကျူးလွန်သောသူတို့ကိုအပြစ်ဒဏ်ပေးရန်နှင့် ကောင်းမှုပြုသောသူတို့ကို ဂုဏ်ပြုချီးမြှင့်ရန် မင်းဧကရာဇ် ကခန့်အပ်ထားသောဘုရင်ခံတို့ကိုဖြစ်စေ လူတို့၏အဖွဲ့ အစည်းရှိသမျှတို့ကို နာခံကြလော့။-
I Pe BurCBCM 2:15  အကြောင်းမူကား သင်တို့သည် ကောင်းသောအမှုတို့ကိုပြုခြင်းဖြင့် မိုက်မဲ သောသူတို့၏အသိဉာဏ်ကင်းမဲ့သောစကား များကို တိတ်ဆိတ်သွားစေရန် ဘုရားသခင်အလိုရှိတော်မူ၏။-
I Pe BurCBCM 2:16  လွတ်လပ်သောသူများကဲ့သို့ နေထိုင်ကျင့်ကြံကြလော့။ သင်တို့၏လွတ်လပ်မှုကို အကြောင်းပြု၍ မကောင်းမှုကို မပြုလုပ်ဘဲ ဘုရားသခင်၏အစေခံများအဖြစ် နေထိုင်ကျင့်ကြံကြလော့။-
I Pe BurCBCM 2:17  အားလုံးသောလူတို့ကို ရိုသေလေးစားကြလော့။ ညီအစ်ကိုအချင်းချင်း ချစ်ခင်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြလော့။ ဧကရာဇ်မင်းကို ရိုသေလေးစားကြလော့။
I Pe BurCBCM 2:18  အစေခံတို့၊ သင်တို့၏သခင်များကို ရိုသေကျိုးနွံ စွာနာခံကြလော့။ သနားကြင်နာတတ်၍ သိမ်မွေ့ ညှာတာတတ်သော သခင်များကိုသာမဟုတ်ဘဲ ကြမ်းတမ်း ခက်ထန်သောသခင်များကိုပါ ကျိုးနွံနာခံကြလော့။-
I Pe BurCBCM 2:19  အကြောင်းမူကား သင်တို့သည် ဘုရားသခင်ကိုမျက် မှောက်ပြု၍ မတရားခံရသောဆင်းရဲဒုက္ခကို ခံယူပါလျှင် ကျေးဇူးတော် ကို ခံစားရ၏။-
I Pe BurCBCM 2:20  အဘယ်ကြောင့်ဆိုသော် သင်တို့သည် အမှားပြုမိ၍ ယင်းအတွက်ရိုက်နှက်ခြင်းခံရသည်ကို စိတ်ရှည်သည်းခံ စွာလက်ခံ ကြလျှင် မည်သည့် အကျိုးကျေးဇူးကိုရပါမည်နည်း။ သို့သော် သင်တို့သည် မှန်ကန်စွာပြုသောကြောင့် ခံရသောဆင်းရဲဒုက္ခကို စိတ်ရှည်သည်းခံစွာ ခံထမ်းကြလျှင် ဘုရားသခင်ရှေ့မှောက် တော်၌ အကျိုးကျေးဇူးရရှိကြလိမ့်မည်။-
I Pe BurCBCM 2:21  အကြောင်းမူ ကား သင်တို့သည် ဤအတွက်ပင် ခေါ်တော်မူခြင်းခံကြ ရ၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ သင်တို့သည် ကိုယ် တော်၏ခြေရာတော်အတိုင်း လိုက်လျှောက်နိုင်ကြရန် စံနမူနာပြတော်မူခဲ့ ၏။-
I Pe BurCBCM 2:22  ကိုယ်တော်သည် အပြစ်ဒုစရိုက် မကျူးလွန်ခဲ့ပေ။ ကိုယ်တော်၏နှုတ်တော်၌လည်း လိမ်လည်လှည့်ဖြားခြင်းကို မတွေ့ရပေ။-
I Pe BurCBCM 2:23  ကိုယ်တော်သည် ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်လည်တုံ့ပြန်၍ကဲ့ရဲ့ ရှုတ်ချခြင်းမပြုခဲ့ချေ။ ညှဉ်းပန်းနှိပ်စက်ခံရသော အခါတွင်လည်း ကိုယ်တော်သည် ခြိမ်းခြောက်ခြင်းမပြုခဲ့ချေ။ သို့သော် ကိုယ်တော်သည် တရားသဖြင့်စီရင်တော်မူသောအရှင့် ထံ၌ မိမိကိုယ်ကို အပ်နှံတော်မူ၏။-
I Pe BurCBCM 2:24  ငါတို့သည် အပြစ်မကျူးလွန်ကြတော့ဘဲ ဖြောင့်မတ်ခြင်း၌ အသက်ရှင်ကြမည့်အကြောင်း ကိုယ်တော်သည် ငါတို့၏ အပြစ်ဒုစရိုက် များကို သစ်တိုင်ပေါ်တွင် ကိုယ်တော်တိုင်ခံထမ်းတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာတော်များအားဖြင့် သင်တို့ သည် ပျောက်ကင်းချမ်းသာရခဲ့ကြပြီ။-
I Pe BurCBCM 2:25  အကြောင်းမူကား သင်တို့သည် လမ်းပျောက်သောသိုးများကဲ့သို့ဖြစ်ခဲ့ကြ သော်လည်း ယခုအခါတွင် သင်တို့၏ဝိညာဉ်များ ကို ထိန်း သိမ်းစောင့်ရှောက်သူနှင့် သင်တို့၏သိုးထိန်းထံသို့ပြန် လာခဲ့ကြလေပြီ။