MATTHEW
Chapter 1
Matt | BurJudso | 1:1 | အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊ | |
Matt | BurJudso | 1:3 | ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။ | |
Matt | BurJudso | 1:5 | စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင်မြင်သော သားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သော သားဩဗက်။ ဩဗက်သားယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။ | |
Matt | BurJudso | 1:11 | ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစုတည်း။ | |
Matt | BurJudso | 1:16 | ယာကုပ်မြင်သောသားကား၊ မာရိ၏ ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ် သမုတ်သော ယေရှု၏ မယ်တော်ဖြစ်၏။ | |
Matt | BurJudso | 1:17 | ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ် မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း။ | |
Matt | BurJudso | 1:18 | ယေရှုခရစ်သည်ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ | |
Matt | BurJudso | 1:19 | သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။ | |
Matt | BurJudso | 1:20 | ထိုသို့ ကြံစည်၍နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ | |
Matt | BurJudso | 1:21 | သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ | |
Matt | BurJudso | 1:22 | ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံ မည် အကြောင်းအတည်း။ | |
Matt | BurJudso | 1:23 | ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။ | |
Matt | BurJudso | 1:24 | ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရဘုရား၏ကောင်းကင်တမန်မှာထားသည့်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ | |