MATTHEW
Chapter 8
Matt | BurJudso | 8:1 | ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။ | |
Matt | BurJudso | 8:2 | ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။ | |
Matt | BurJudso | 8:3 | ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။ | |
Matt | BurJudso | 8:4 | ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။ | |
Matt | BurJudso | 8:6 | သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။ | |
Matt | BurJudso | 8:8 | တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။ | |
Matt | BurJudso | 8:9 | ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။ | |
Matt | BurJudso | 8:10 | ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။ | |
Matt | BurJudso | 8:11 | ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊ | |
Matt | BurJudso | 8:12 | နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊ | |
Matt | BurJudso | 8:13 | တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။ | |
Matt | BurJudso | 8:14 | ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။ | |
Matt | BurJudso | 8:15 | ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ | |
Matt | BurJudso | 8:16 | ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။ | |
Matt | BurJudso | 8:17 | ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ | |
Matt | BurJudso | 8:18 | များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။ | |
Matt | BurJudso | 8:19 | ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။ | |
Matt | BurJudso | 8:20 | ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။ | |
Matt | BurJudso | 8:21 | အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။ | |
Matt | BurJudso | 8:22 | ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။ | |
Matt | BurJudso | 8:23 | ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။ | |
Matt | BurJudso | 8:25 | တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊ | |
Matt | BurJudso | 8:26 | ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။ | |
Matt | BurJudso | 8:27 | ထိုလူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ၏။ | |
Matt | BurJudso | 8:28 | ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊ | |
Matt | BurJudso | 8:29 | ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။ | |
Matt | BurJudso | 8:31 | နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊ | |
Matt | BurJudso | 8:32 | သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။ | |
Matt | BurJudso | 8:33 | ဝက်ကျောင်းသောသူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသော သူတို့၏အကြောင်း မှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊ | |