AMOS
Chapter 5
Amos | BurJudso | 5:2 | ဣသရေလသတို့သမီးကညာသည်လဲပြီ။ နောက်တဖန်မထရ။ မိမိမြေပေါ်မှာ တုံးလုံးနေ၏။ ချီကြွ သောသူမရှိ။ | |
Amos | BurJudso | 5:3 | အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုး၏ အမှုကိုထမ်းစေဘို့ လူတထောင်ကို ပေးနိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ်ကိုသာပေးနိုင်လိမ့်မည်။ | |
Amos | BurJudso | 5:4 | ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည်။ | |
Amos | BurJudso | 5:5 | ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက်သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။ | |
Amos | BurJudso | 5:6 | ထာဝရဘုရားကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ယောသပ်အမျိုး အပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည်။ | |
Amos | BurJudso | 5:7 | တရားသဖြင့် စီရင်ခြင်းကို ဒေါနဖြစ်စေ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ ချကြပြီးသော သူတို့၊ | |
Amos | BurJudso | 5:8 | ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှါ၎င်း၊ နေ့အလင်းကို ညဉ့်အမိုက်ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ်ရေကိုခေါ်၍ မြေပေါ်မှာသွန်းလောင်း ထသော၊ ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိထသော၊ | |
Amos | BurJudso | 5:9 | ခွန်အားကြီးသော သူတို့ကို၎င်း၊ ရဲတိုက်တို့ကို၎င်း ဖျက်ဆီးတော်မူသောဘုရားကို ရှာကြလော့။ | |
Amos | BurJudso | 5:10 | မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း၍ ဖြောင့်မတ်စွာပြောတတ်သော သူကို ရွံ့ရှာကြပြီတကား။ | |
Amos | BurJudso | 5:11 | သင်တို့သည် ဆင်းရဲသားကိုနှိပ်စက်၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့်၊ ဆစ်သောကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက်၌ မနေရကြ။ နှစ်သက်ဘွယ်သော စပျစ်ဥယျာဉ်ကိုစိုက်သော်လည်း၊ စပျစ်ရည် ကို မသောက်ရကြ။ | |
Amos | BurJudso | 5:12 | သင်တို့ အထပ်ထပ် လွန်ကျူးသော ဒုစရိုက်၊ အလွန်လေးသော အပြစ်တို့ကို ငါသိ၏။ ဖြောင့်မတ်သော သူကို နှောင့်ရှက်တတ်ကြ၏။ တံစိုးစားတတ်ကြ၏။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ် ကြ၏။ | |
Amos | BurJudso | 5:13 | ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့်၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။ | |
Amos | BurJudso | 5:14 | အသက်ချမ်းသာစေခြင်းငှါ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကို ရှာကြလော့။ ထိုသို့ပြုလျှင်၊ သင်တို့ဆိုတတ် သည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ | |
Amos | BurJudso | 5:15 | ဒုစရိုက်ကို မုန်း၍ သုစရိုက်ကို ချစ်ကြလော့။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့။ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားသည် ကျန်ကြွင်းသောယောသပ်အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။ | |
Amos | BurJudso | 5:16 | ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ၎င်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှါ၎င်း ခေါ်ကြလိမ့်မည်။ | |
Amos | BurJudso | 5:17 | ခပ်သိမ်းသောစပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့ အလယ်၌ ရှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ | |
Amos | BurJudso | 5:18 | ထာဝရဘုရား၏နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏ နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။ | |
Amos | BurJudso | 5:19 | လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့၎င်း၊ အိမ်ထဲသို့ဝင်၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့၎င်း ဖြစ်လိမ့်မည်။ | |
Amos | BurJudso | 5:20 | ထာဝရဘုရား၏ နေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခြင်း အလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။ | |
Amos | BurJudso | 5:21 | သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြိုးခြံစွာကျင့်သော နေ့ရက်တို့၌ ငါမမွေ့ လျော်။ | |
Amos | BurJudso | 5:22 | မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသော တိရစ္ဆာန် တို့ကို မိဿဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု။ | |
Amos | BurJudso | 5:24 | တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့၎င်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့၎င်း စီးစေကြ လော့။ | |
Amos | BurJudso | 5:25 | အိုဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သက္ကာများကို တော၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။ | |
Amos | BurJudso | 5:26 | သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသော ကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။ | |