Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 8
II C BurCBCM 8:1  ညီအစ်ကိုတို့၊ မာစီဒိုးနိယပြည်ရှိ အသင်းတော်တို့၌ ဘုရားသခင်ပေးသနားတော်မူသောကျေး ဇူးတော်များအကြောင်း သင်တို့ သိစေရန် ငါတို့ပြောလို ပါ၏။-
II C BurCBCM 8:2  အကြောင်းမူကား ထိုသူတို့သည် ပြင်းထန်သော ဒုက္ခအခက်အခဲများဖြင့် စုံစမ်းခြင်းခံခဲ့ရသော်လည်း သူတို့ ၏ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် အလွန်ဆင်းရဲနွမ်းပါး ခြင်းတို့သည် သူတို့ကို ရက်ရောစွာပေးကမ်းစွန့်ကြဲစေခဲ့ လေပြီ။-
II C BurCBCM 8:3  အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိတို့ တတ်နိုင်သမျှ ပေးကမ်းခဲ့ကြောင်းကို ငါသက်သေခံနိုင် သည့်အပြင် သန့်ရှင်း သူတို့အား ကူညီပံ့ပိုးခြင်းတွင် မိမိတို့ ၏အလိုဆန္ဒအလျောက်
II C BurCBCM 8:4  မိမိတို့တတ်နိုင်သည်ထက်ပို၍ ထည့်ဝင်နိုင်ရန်အခွင့်အရေးကို ငါတို့ထံမှ စိတ်အားထက်သန်စွာ တောင်းခံလာကြ၏။-
II C BurCBCM 8:5  ဤအရာသည် ငါတို့တွေး ထင်ထားသကဲ့သို့ ဖြစ်လာခဲ့ခြင်းမဟုတ်ပေ။ သို့သော် သူတို့သည် မိမိတို့ကိုယ်ကို သခင်ဘုရား ထံတော်သို့ ရှေး ဦးစွာဆက်ကပ်အပ်နှံကြပြီးမှ ဘုရားသခင်၏အလိုတော် အားဖြင့် ငါတို့ထံ ဆက်ကပ်ကြခြင်းဖြစ်၏။-
II C BurCBCM 8:6  သို့ဖြစ်၍ ငါ တို့သည် တိတုအား သူအစပျိုးခဲ့သည့် ဤမွန်မြတ်သော အမှုကို သင်တို့အလယ်တွင်လည်း ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြ၏။-
II C BurCBCM 8:7  ယခု သင်တို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာရှိခြင်း၊ စိတ် အားထက်သန်ခြင်းနှင့် ငါတို့အပေါ်ထားရှိသော သူတို့၏ ချစ်ခြင်းမေတ္တာ အစရှိသည့်အရာအားလုံးတို့တွင် သာလွန်ကောင်းမွန်စွာ ဆောင်ရွက်ကြသည့်အတိုင်း ဤမွန် မြတ်သော အမှုကိစ္စ တွင်လည်း သာလွန်ကောင်းမွန်စွာ ဆောင်ရွက်ကြပါလော့။
II C BurCBCM 8:8  ငါသည် အမိန့်ပေးသကဲ့သို့ ပြောဆိုခြင်းမဟုတ်။ သို့သော် သင်တို့၏ချစ်ခြင်းမေတ္တာမှာလည်း စစ်မှန်ကြောင်းကို အခြားသောသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သက်သေပြနိုင်ရန် ပြောဆိုခြင်းဖြစ်၏။-
II C BurCBCM 8:9  အကြောင်းမူကား ငါတို့၏သခင် ယေဇူးခရစ်တော်၏ကျေးဇူးတော်ကို သင်တို့သိကြပြီးဖြစ်၏။ ကိုယ်တော်သည် ပြည့်စုံကြွယ် ၀သူဖြစ်သော်လည်း မိမိ၏ဆင်းရဲချို့တဲ့ခြင်းအားဖြင့် သင်တို့သည် ပြည့်စုံကြွယ်၀သူများဖြစ်လာစေရန် သင်တို့ အတွက် ဆင်းရဲခြင်းကို ခံယူတော်မူခဲ့၏။-
II C BurCBCM 8:10  ဤအမှုတွင် သင်တို့အား ငါအကြံပေးသည်မှာ ယခင်နှစ်က သင်တို့ အစပြုခဲ့သည်သာမက ဆန္ဒလည်း ရှိခဲ့သည့်အမှုကို ယခု ပြီးပြည့်စုံအောင် ဆောင်ရွက်ခြင်းသည် သင်တို့အတွက် အကောင်းဆုံးဖြစ်၏။-
II C BurCBCM 8:11  သို့မှသာ ထိုအမှုကိစ္စအပေါ်တွင် သင်တို့စိတ်အား ထက်သန်သည့်အတိုင်း သင်တို့တွင်ရှိ သမျှသောအရာတို့နှင့် ပြီးမြောက် အောင်ဆောင်ရွက်နိုင် မည်ဖြစ်၏။-
II C BurCBCM 8:12  အကြောင်းမူကား စိတ်အားထက်သန်ခြင်းရှိလျှင် လူတစ်ဦးတွင်မရှိသည့်အရာများကို အမှုမထားဘဲ သူ့၌ရှိသော အရာကိုထောက်၍ လက်ဆောင်ကို လက်ခံ နိုင်လေ၏။-
II C BurCBCM 8:13  အခြားသောသူတို့ကို လျော့ပေါ့သက်သာ စေပြီး သင်တို့ကိုမူ ဝန်ပိစေရန် ပြုလုပ်သင့်သည်ဟု ငါဆို လိုခြင်းမဟုတ်ပေ။-
II C BurCBCM 8:14  သို့ရာတွင် ညီတူညီမျှရှိစေရန်အတွက် ယခုသင်တို့၌ ပေါများသောအရာများဖြင့် သူတို့၌ လိုအပ်ရာများကို ထောက်ပံ့ပေး သင့်သည်။ သို့မှသာ သူတို့သည် လည်း သင်တို့၌လိုအပ်ရာများကို သူတို့တွင် ပေါများသောအရာတို့ဖြင့် ဖြည့်ဆည်းပေးနိုင် မည်ဖြစ်၍ သင်တို့သည် ညီတူညီမျှရှိကြလိမ့်မည်။-
II C BurCBCM 8:15  ကျမ်းစာတော် မြတ်၌လည်း ရေးသားထားသည်မှာ များစွာစုသိမ်းသော သူတွင် ပိုလျှံခြင်းမရှိသကဲ့သို့ အနည်းငယ်စုသိမ်းသော သူတွင်လည်း လိုအပ်ခြင်းမရှိဟူ၍ဖြစ်သတည်း။
II C BurCBCM 8:16  သင်တို့ကိုကြည့်ရှုရန် တိတု၏စိတ်နှလုံး၌ တူညီသောစေတနာနှင့် စိတ်ထက်သန်မှုကို သွင်းပေးတော်မူသော ဘုရားသခင်အား ကျေးဇူးတင်ပါ၏။-
II C BurCBCM 8:17  အကြောင်းမူကား သူသည် ငါတို့၏တောင်းဆိုချက်ကို လက်ခံသည့် အပြင် သူကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် သူ၏ ဆန္ဒအလျောက် သင်တို့ထံသို့ လာလိမ့်မည်။-
II C BurCBCM 8:18  ၏အသင်းတော် များ၌ ဧဝံဂေလိသတင်းကောင်းကို ဟောကြားရာတွင် ကျော်ကြားသော ငါတို့၏ညီတစ်ဦးကို သူနှင့်အတူ ငါတို့ စေလွှတ်မည်။-
II C BurCBCM 8:19  ထိုမျှမကသေး၊ ထိုသူအား ဘုရားသခင် ၏ဘုန်းဂုဏ်တော်နှင့် ငါတို့၏စိတ်စေတနာကိုထင်ရှားစေ ရန်အတွက် ငါတို့ဆောင်ရွက်နေကြသည့် ဤမွန်မြတ် သောလုပ်ငန်း၌ အတူလိုက်ပါစေခြင်းငှာ အသင်းတော် များက ခန့်အပ်ခဲ့ကြ၏။-
II C BurCBCM 8:20  ဤသို့ငါတို့စီစဉ်ကြခြင်းမှာ ငါတို့ စီမံခန့်ခွဲလျက်ရှိသည့်ပေးကမ်းစွန့်ကြဲခြင်းအမှုနှင့်ပတ်သက်၍ မည်သူမျှ ငါတို့ကို အပြစ်မတင်ကြစေရန်ဖြစ်၏။-
II C BurCBCM 8:21  အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏မျက်မှောက် တော်တွင်သာမက လူတို့၏မျက်မှောက်တွင်လည်း မှန် ကန် သင့်လျော်သောအမှုကိုပြုလုပ်ရန် ရည်ရွယ်ထားခြင်း ကြောင့်ဖြစ်၏။-
II C BurCBCM 8:22  ငါတို့၏ညီတစ်ဦးကိုလည်း ထိုသူတို့နှင့် အတူ ငါတို့စေလွှတ်လိုက်၏။ ထိုသူ့ကို ငါတို့ကြိမ်ဖန်များ စွာ စုံစမ်းခဲ့ပြီး သူသည် အရာရာတွင် စိတ်ထက်သန်မှုရှိ ကြောင်းကိုတွေ့ရ၏။ ထိုသူသည် သင်တို့အပေါ် လွန်စွာယုံကြည်အားထားသောကြောင့် ယခုအခါတွင် ပို၍စိတ် ထက်သန်လျက်ရှိ၏။-
II C BurCBCM 8:23  တိတုနှင့်ပက်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်၍ သင်တို့၏အကျိုးကို ဆောင်ရွက်ရာတွင် ငါနှင့်အတူ လုပ်ဆောင်သောသူဖြစ်၏။ အခြားသောညီအစ်ကိုတို့သည်ကား အသင်းတော် များ၏စေတမန်များဖြစ်ကြ၍ ခရစ်တော်၏ ဘုန်းကျက် သရေလည်းဖြစ်ကြ၏။-
II C BurCBCM 8:24  ထို့ကြောင့် သင်တို့၏ချစ်ခြင်း မေတ္တာနှင့်သင်တို့အကြောင်း ငါတို့ဝါကြွားပြောဆိုသမျှကို အသင်းတော်များရှေ့တွင် သူတို့အား သက်သေပြကြပါလော့။