JOB
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
Chapter 40
Job | BurJudso | 40:4 | ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။ | |
Job | BurJudso | 40:5 | တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။ | |
Job | BurJudso | 40:8 | သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။ | |
Job | BurJudso | 40:9 | သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။ | |
Job | BurJudso | 40:10 | ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။ | |
Job | BurJudso | 40:11 | သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။ | |
Job | BurJudso | 40:12 | မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊ | |
Job | BurJudso | 40:13 | သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။ | |
Job | BurJudso | 40:15 | သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။ | |
Job | BurJudso | 40:19 | ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကို ပေးပြီ။ | |
Job | BurJudso | 40:23 | မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။ | |