JOSHUA
Chapter 9
Josh | BurJudso | 9:1 | ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌ ၎င်း၊ ချိုင့်ထဲ၌၎င်း၊ လေဗနုန်တောင်တဘက်၊ မဟာပင် လယ်ကမ်းတရှောက်လုံး၌၎င်း နေသော ဟိတ္တိ၊ အာမော ရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြားသောအခါ၊ | |
Josh | BurJudso | 9:4 | ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ် မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင်၍၊ ဟောင်းနွမ်း စုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။ | |
Josh | BurJudso | 9:5 | ဟောင်းနွမ်းဖာပြင်သော ခြေနင်းကို စီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက်၊ | |
Josh | BurJudso | 9:6 | ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ၊ ဝေးသောပြည်က လာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြော ဆိုကြ၏။ | |
Josh | BurJudso | 9:7 | ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ် သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြ | |
Josh | BurJudso | 9:8 | သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊ | |
Josh | BurJudso | 9:9 | သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သိတင်းတော်ကို၎င်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကို၎င်း၊ | |
Josh | BurJudso | 9:10 | ယော်ဒန်မြစ်အရှေ့ဘက်၌နေသော အာမောရိ မင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ အာရှတရုတ်မြို့မှာ နေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကို ၎င်း ကြားပါပြီ။ | |
Josh | BurJudso | 9:11 | ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကို ယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့ သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။ | |
Josh | BurJudso | 9:12 | ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာ သောနေ့၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက် လျက် မှိုတက်လျက်ရှိပါ၏။ | |
Josh | BurJudso | 9:13 | စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေး သောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။ | |
Josh | BurJudso | 9:15 | ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။ | |
Josh | BurJudso | 9:16 | မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူ တို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊ | |
Josh | BurJudso | 9:17 | ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။ | |
Josh | BurJudso | 9:18 | ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ၏။ | |
Josh | BurJudso | 9:19 | အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။ | |
Josh | BurJudso | 9:20 | သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ | |
Josh | BurJudso | 9:21 | အကဲအမှူးများ ဂတိရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သော သူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့ အား ပြန်ပြောကြ၏။ | |
Josh | BurJudso | 9:22 | ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်က လာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း။ | |
Josh | BurJudso | 9:23 | ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။ | |
Josh | BurJudso | 9:24 | သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။ | |
Josh | BurJudso | 9:25 | ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ၏။ | |
Josh | BurJudso | 9:26 | ထိုသို့နှင့်အညီ ယောရှုသည် ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့်၊ | |