PHILEMON
Chapter 1
Phil | BurCBCM | 1:1 | ခရစ်တော်ယေဇူးအတွက်ကြောင့် အကျဉ်းကျခံနေရသူ ပေါလုနှင့်ငါတို့၏ညီအစ်ကို တီမောသီဦးတို့ထံမှ ငါတို့ချစ်သော လုပ်ဖော်ကိုင်ဖက် ဖီလေမွန် ထံသို့လည်းကောင်း၊- | |
Phil | BurCBCM | 1:2 | ငါတို့၏နှမ အာဖီယ၊ ငါတို့၏ရဲ ဘက်စစ်သည်တော် အာခီပုနှင့် သင်၏အိမ်တွင် စုဝေးသည့်အသင်းတော်ထံသို့လည်းကောင်း စာရေးလိုက်ပါ၏။ | |
Phil | BurCBCM | 1:3 | ငါတို့၏အဖဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အားလုံး အပေါ်သို့ သက်ရောက်ပါစေသော်။ | |
Phil | BurCBCM | 1:4 | ငါသည် ဆုတောင်းပတ္ထနာပြုသောအခါတိုင်း သင့်ကိုသတိရ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- | |
Phil | BurCBCM | 1:5 | အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်နှင့် သူတော် သူမြတ်အပေါင်းတို့အပေါ်၌ ထားရှိသော သင်၏ချစ်ခြင်း မေတ္တာနှင့် ယုံကြည်ခြင်းအကြောင်းတို့ကို ငါကြားသိရ သောကြောင့်ဖြစ်၏။- | |
Phil | BurCBCM | 1:6 | သင်သည် သင်၏ယုံကြည်ခြင်းကို မျှဝေခံစားသည်နှင့်အမျှ ခရစ်တော်၌ ငါတို့ခံစားရရှိသည့် ကောင်းသောအရာတို့ကို လူတို့ပိုမိုသိရှိလာစေရန် ငါဆု တောင်းပါ၏။- | |
Phil | BurCBCM | 1:7 | ငါ၏ညီတော်၊ သင်၏ချစ်ခြင်းမေတ္တာသည် ငါ့အား ကြီးမားသောပျော်ရွှင်မှုကိုပေး၍ များစွာအားရှိ စေ၏။ အကြောင်းမူကား သင်သည် သူတော်သူမြတ် အပေါင်းတို့၏စိတ်နှလုံးကို ရွှင်လန်းစေခဲ့လေပြီ။ | |
Phil | BurCBCM | 1:8 | ထို့ကြောင့် ပြုသင့်ပြုထိုက်သည့်အမှုကို ပြုလုပ်ရန် ငါသည် သင့်အား ခရစ်တော်၌ အမိန့်ပေးစေခိုင်းဝံ့သော်လည်း၊- | |
Phil | BurCBCM | 1:9 | ချစ်ခြင်းမေတ္တာကိုထောက်၍ ခရစ်တော်ယေဇူး ၏သံတမန်နှင့် ကိုယ်တော့်အတွက် ယခုအခါအကျဉ်း ကျခံနေရသူ ငါပေါလုသည် သင့်ကိုမေတ္တာရပ်ခံလိုပါ၏။- | |
Phil | BurCBCM | 1:10 | ငါအကျဉ်းကျခံလျက်နေရစဉ် ခရစ်တော်၌ ငါ၏သားဖြစ် လာသော အိုနေးစိမုအတွက် ငါသည် သင့်အား အသနား ခံပါ၏။- | |
Phil | BurCBCM | 1:11 | သူသည် ယခင်က သင့်အတွက် အသုံးမဝင်ခဲ့ သော်လည်း ယခုအခါ သင်နှင့် ငါ့အတွက်ပါ အသုံးဝင်လာ လေပြီ။- | |
Phil | BurCBCM | 1:12 | ငါသည် သူ့ကို သင့်ထံသို့ ပြန်လည်စေလွှတ် လိုက်လေပြီ။ ဤသည်ကား ငါ၏စိတ်နှလုံးကိုစေလွှတ် လိုက်ခြင်းပင်ဖြစ်၏။- | |
Phil | BurCBCM | 1:13 | ငါသည် ဧဝံဂေလိတရားတော် အတွက်ကြောင့် အကျဉ်းကျခံလျက်နေရစဉ် သင်၏ ကိုယ်စား ငါ့ကိုပြုစုရန် သူ့ကို ငါနှင့်အတူခေါ်ထားလိုပါ၏။- | |
Phil | BurCBCM | 1:14 | သို့ရာတွင် သင်၏သဘောတူညီချက်မရရှိဘဲ အဘယ်အမှုကိုမျှ ငါမပြုလို။ ဤသို့ဖြင့် သင်ပြုလုပ်သော ကောင်းမှုသည် အနိုင်အထက်ပြုခြင်းကြောင့်ဖြစ်ပေါ် လာခြင်းမဟုတ်ဘဲ သင်၏အလိုဆန္ဒအလျောက်ဖြစ်ပေါ် လာခြင်းဖြစ်ပေလိမ့်မည်။ | |
Phil | BurCBCM | 1:15 | သင်သည် အိုနေးစိမုအား အစဉ်ပိုင်ဆိုင်နိုင်ခြင်းငှာ သူသည် သင့်ထံမှခေတ္တမျှ ခွဲခွာခဲ့ခြင်းဖြစ်တန်ရာ၏။- | |
Phil | BurCBCM | 1:16 | သူ့အား သင်ပြန်လည်ပိုင်ဆိုင်သောအခါတွင် သူသည် ကျွန်တစ်ဦးမျှသာမဟုတ်တော့ဘဲ ယင်းထက်ပိုလာလေပြီ။ အထူးသဖြင့် သူသည် ငါ့အတွက် ခရစ်တော်၌ ချစ်သော ညီတော်ဖြစ်လာလေပြီ။ သင့်အတွက်မှာမူ ကျွန်အဖြစ်နှင့် လည်းကောင်း၊ သခင်ဘုရား၌ရရှိသော ညီတော်အဖြစ် နှင့်လည်းကောင်း ပိုင်ဆိုင်ခြင်းဖြစ်သောကြောင့် ပို၍ပင် တန်ဖိုးရှိပေလိမ့်မည်။- | |
Phil | BurCBCM | 1:17 | သို့ဖြစ်၍ ငါ့အား သင်၏လုပ်ဖော် ကိုင်ဖက်အဖြစ်မှတ်ယူလျှင် ငါ့ကိုကြိုဆိုလက်ခံသကဲ့သို့ သူ့ကို ကြိုဆိုလက်ခံပါလော့။- | |
Phil | BurCBCM | 1:18 | အကယ်၍ သူသည် သင့်အား တစ်စုံတစ်ရာပြစ်မှားမိခဲ့လျှင်ဖြစ်စေ၊ တစ်စုံတစ်ရာ ပေးဆပ်စရာရှိခဲ့လျှင်ဖြစ်စေ၊ ငါ၏စာရင်း၌ ရေးမှတ်ထား ပါလော့။- | |
Phil | BurCBCM | 1:19 | ငါပေါလုသည် ထိုအကြွေးကို ပေးဆပ်ပါမည်ဟူ၍ ငါ၏လက်ဖြင့်ကိုယ်တိုင်ရေးလိုက်ပါ၏။ သင်ကိုယ်တိုင်ပင်လျှင် သင့်ဘ၀တစ်ခုလုံး ငါ့အား အကြွေးတင်နေ ကြောင်း ငါမဖော်ပြလိုပေ။- | |
Phil | BurCBCM | 1:20 | သို့ဖြစ်၍ ငါ့ညီ၊ သင်သည် သခင်ဘုရား၌ ငါ့အား ကျေးဇူးပြုရန် ငါအလိုရှိပါ၏။ ငါ၏ စိတ်နှလုံးကို ခရစ်တော်၌ လန်းဆန်းစေပါလော့။ | |
Phil | BurCBCM | 1:21 | သင်သည် ငါ့ကိုနာခံမည်ဟု ယုံကြည်စိတ်ချလျက် ဤစာကို ငါရေးလိုက်ပါ၏။ အမှန်စင်စစ် သင်သည် ငါပြော သည်ထက် ပို၍ပြုလုပ်လိမ့်မည်ကိုလည်းငါသိပါ၏။- | |
Phil | BurCBCM | 1:22 | တစ်ချိန်တည်းတွင်ပင် ငါတည်းခိုရန်အခန်းတစ်ခန်းကို လည်း အသင့်ပြင်ဆင်ထားပါလော့။ အဘယ်ကြောင့်ဆို သော် သင်တို့၏ဆုတောင်းပတ္ထနာများအားဖြင့် ငါသည် သင်တို့ထံသို့ ပြန်လည်ရောက်ရှိလိမ့်မည်ဟု ငါမျှော်လင့် သောကြောင့်ဖြစ်၏။ | |
Phil | BurCBCM | 1:24 | ငါ၏ လုပ်ဖော်ကိုင်ဖက် များဖြစ်ကြသော မာကု၊ အာရစ္စတာ ကု၊ ဒေမတ်နှင့် လုကာတို့ကလည်း သင့်ကို နှုတ်ဆက် လိုက်ကြပါ၏။ | |