I TIMOTHY
Chapter 5
I Ti | BurCBCM | 5:1 | အသက်ကြီးသောသူကို ပြစ်တင်ပြောဆိုခြင်းမပြုဘဲ သင်၏ဖခင်အား ပြောဆိုသကဲ့သို့ပင် သူ့အား တောင်းပန်ပြောဆိုလော့။ ငယ်ရွယ်သူများကိုလည်း ညီငယ်များသဖွယ် ဆက်ဆံလော့။- | |
I Ti | BurCBCM | 5:2 | အသက်ကြီးသော အမျိုးသမီးတို့ကို မိခင်များကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးများကို နှမကဲ့သို့လည်းကောင်း စိတ်ထားဖြူစင်စွာ ဆက်ဆံပါလော့။ | |
I Ti | BurCBCM | 5:4 | အကယ်၍ မုဆိုးမတစ်ဦး၌ သားသမီးများနှင့်မြေးများရှိလျှင် ထိုသားမြေးတို့အား ၎င်းတို့၏မိသားစုအတွက် ဆောင်ရွက်ရမည့် ဘာသာရေးဝတ္တရားကို သင်ယူကြစေလျက် ၎င်းတို့၏မိဘများကို ကျေးဇူးဆပ်ကြပါစေ။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင်၏မျက်မှောက်တော်၌ လက်ခံဖွယ်ဖြစ်၏။- | |
I Ti | BurCBCM | 5:5 | အမှန်တကယ်ပင် မုဆိုးမဖြစ်၍ တစ်ဦးတည်းကျန်ရစ်သော အမျိုးသမီးသည် ဘုရားသခင်ကို မျှော်လင့်အားကိုးလျက် နေ့ညမပြတ် အသနားခံဆုတောင်းတတ်၏။- | |
I Ti | BurCBCM | 5:8 | အကယ်၍ တစ်စုံတစ်ယောက်သည် မိမိ၏ဆွေမျိုးများအတွက် အထူးသဖြင့် မိမိ၏မိသားစုအတွက် ထောက်ပံ့ခြင်းမပြုလျှင် ထိုသူသည် ယုံကြည်ခြင်းကို စွန့်ပစ်လေပြီ။ သူသည် မယုံကြည်သောသူတစ်ဦးထက် ပို၍ဆိုးရွားလေပြီ။ | |
I Ti | BurCBCM | 5:9 | အသက်အားဖြင့် ခြောက်ဆယ်ထက်မနည်းရှိ၍ ခင်ပွန်းတစ်ဦးတည်း၏ ဇနီးဖြစ်ခဲ့သော မုဆိုးမကို စာရင်းသွင်းထားလော့။- | |
I Ti | BurCBCM | 5:10 | သူမသည် သားသမီးတို့ကို ကောင်းစွာထိန်းသိမ်းပျိုးထောင်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်ခဲ့သူ၊ သူတော်သူမြတ်တို့၏ခြေကို ဆေးခဲ့သူ၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ကူညီမစခဲ့သူ၊ အဘက်ဘက်၌ကောင်းမှုပြုရန် မိမိကိုယ်ကို ဆက်ကပ်ထားသူစသည်ဖြင့် မိမိ၏ကောင်းမှုကုသိုလ်များကြောင့် ထင်ရှားသောသူဖြစ်ရမည်။- | |
I Ti | BurCBCM | 5:11 | သို့သော် ငယ်ရွယ်သောမုဆိုးမတို့ကို စာရင်းသွင်းရန် ငြင်းဆိုလော့။ အကြောင်းမူကား သူတို့သည် ခရစ်တော်ထံ ဆက်ကပ်ခြင်း၌ ငြီးငွေ့လာကြသောအခါ ထိမ်းမြားလက်ထပ်လိုစိတ် ဖြစ်ပေါ်လာကြလိမ့်မည်။- | |
I Ti | BurCBCM | 5:12 | ဤသို့ဖြင့် သူတို့သည် မိမိတို့ ပထမပြုထားခဲ့သောကတိကို ချိုးဖောက်ခြင်းအတွက် အပြစ်ဒဏ်သင့်ကြလိမ့်မည်။- | |
I Ti | BurCBCM | 5:13 | ထိုမျှမက သူတို့သည် တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ အချိန်ဖြုန်းတတ်လာကြပြီးနောက် အချိန်ဖြုန်းခြင်းသာမက အတင်း ပြောဆိုခြင်းနှင့်တကွ မိမိတို့နှင့်မဆိုင်သောအရာများတွင် ဝင်ရောက်စွက်ဖက်ကာ မပြောဆိုသင့်သည့်အရာကို ပြောဆိုလာကြ လိမ့်မည်။- | |
I Ti | BurCBCM | 5:14 | ထို့ကြောင့် ငယ်ရွယ်သော မုဆိုးမတို့ကို လက်ထပ်ထိမ်းမြားခြင်း၊ သားသမီးမွေးဖွားခြင်း၊ မိမိတို့၏မိသားစုကို ထိန်းသိမ်းကွပ်ကဲခြင်း စသည်တို့ကိုပြုလုပ်စေရန် ငါအလိုရှိ၏။ ငါတို့အား ကဲ့ရဲ့ပြစ်တင်နိုင်သော အခွင့်အရေးကို ရန်သူအား ပေးရန် ငါအလိုမရှိပေ။- | |
I Ti | BurCBCM | 5:16 | ယုံကြည် သူအမျိုးသမီးတစ်ဦး၌ မုဆိုးမဖြစ်သော ဆွေမျိုးများရှိလျှင် သူမသည် ထိုသူတို့ကို ကူညီစောင့်ရှောက်ပါစေ။ ထိုသူ တို့အတွက် အသင်းတော်ကို ဝန်မလေးစေနှင့်။ သို့မှသာ အသင်းတော်သည် အမှန်တကယ်အားကိုးရာမဲ့ဖြစ်နေသော မုဆိုးမများကို ကူညီစောင့်ရှောက်နိုင်လိမ့်မည်။ | |
I Ti | BurCBCM | 5:17 | ကောင်းမွန်စွာအုပ်ချုပ်သော အသင်းတော်အကြီးအကဲများ၊ အထူးသဖြင့် ဟောပြောခြင်းနှင့် သွန်သင်ခြင်းတို့၌ ကြိုးစားအားထုတ်ကြသော အကြီးအကဲတို့သည် လုပ်အားခနှစ်ဆခံထိုက်ကြသူများ ဖြစ်သည်ဟု မှတ်ယူခြင်းခံရပါစေ။- | |
I Ti | BurCBCM | 5:18 | အကြောင်းမူကား ကျမ်းစာတော်မြတ်က စပါးနယ်သောနွားကို ပါးချုပ်မတပ်ထားရဟူ၍လည်းကောင်း၊ အလုပ်လုပ်သော သူသည် မိမိ၏လုပ်အားခကို ရထိုက်သည်ဟူ၍လည်းကောင်း ဆိုထားခြင်းကြောင့်ဖြစ်၏။- | |
I Ti | BurCBCM | 5:19 | သက်သေနှစ်ဦး၊ သုံးဦး၏အထောက်အထားမရှိဘဲ အသင်းတော်အကြီးအကဲတစ်ဦးအပေါ် စွပ်စွဲထားချက်ကို မည်သည့်အခါမျှ လက်မခံနှင့်။- | |
I Ti | BurCBCM | 5:20 | အပြစ်မကောင်းမှုကို ပြုသောသူတို့ကို လူအပေါင်းတို့ရှေ့၌ ပြစ်တင်ဆုံးမလော့။ ဤသို့ဖြင့် ကျန်ရှိနေသောသူတို့သည် ကြောက်ရွံ့ကြလိမ့်မည်။- | |
I Ti | BurCBCM | 5:21 | သင်သည် အရေးပေးခြင်းနှင့် မျက်နှာသာပေးခြင်းမရှိဘဲ ဤပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေဇူး၏ ရှေ့မျက်မှောက်တော်တွင်လည်းကောင်း၊ ရွေးကောက်ခံရသော ကောင်းကင်တမန်တော်များ၏ ရှေ့တွင်လည်းကောင်း ငါသည်သင့်ကို တာဝန်ပေးအပ်လိုက်ပါ၏။- | |
I Ti | BurCBCM | 5:22 | သူတစ်ပါးအပေါ် လက်တင်ခြင်းအမှုကို အလျင်စလို မပြုလေနှင့်။ အခြားသူ၏ အပြစ်မကောင်းမှု၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်ကို ဖြူစင်သန့်ရှင်းစေလော့။ | |
I Ti | BurCBCM | 5:23 | သင်သည် ရေတစ်ခုတည်းကိုသာ မသောက်ဘဲ သင်၏ဝမ်းထဲတွင် အစာကြေစေရန်နှင့် မကြာခဏ သင်ခံစားရသော ဝေဒနာတို့အတွက် စပျစ်ရည်အနည်းငယ်ကိုလည်း သောက်သုံးသင့်၏။ | |
I Ti | BurCBCM | 5:24 | အချို့သောသူတို့၏ အပြစ်များသည် ထင်ရှား၍ အပြစ်စီရင်ခြင်းကိုခံရမည့် အခြေအနေ၌ရှိသော်လည်း အချို့သောသူတို့၏ အပြစ်များသည်ကား နောက်မှ ပေါ်လာတတ်၏။- | |