ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 59
Isai | BurJudso | 59:1 | ကြည့်ရှုလော့။ ထာဝရဘုရားသည်မကယ်မတင် နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။ | |
Isai | BurJudso | 59:2 | သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ | |
Isai | BurJudso | 59:3 | သင်တို့လက်သည် အသွေးနှင့်၎င်း၊ လက်ချောင်း တို့သည် ဒုစရိုက်နှင့်၎င်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသာစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။ | |
Isai | BurJudso | 59:4 | တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ် သူမျှမစောင့်၊ အနတ္တကို ကိုးစား၍ မုသာစကားကို ပြော တတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဘွားကြ၏။ | |
Isai | BurJudso | 59:5 | သူတို့သည် မြွေဆိုး၏ အဥတို့ကို ဝပ်၍ ပေါက် စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ ဥများ ကို စားသော သူသည် သေတတ်၏။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ်၏။ | |
Isai | BurJudso | 59:6 | သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ။ သူတို့ပြုသော အမှု သည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသော အမှုရှိ၏။ | |
Isai | BurJudso | 59:7 | သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ၏။ | |
Isai | BurJudso | 59:8 | ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွား ရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသော သူမည်သည် ကား၊ ချမ်းသာကို မသိရ။ | |
Isai | BurJudso | 59:9 | ထို့ကြောင့်၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။ | |
Isai | BurJudso | 59:10 | မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ် ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။ | |
Isai | BurJudso | 59:11 | ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မြော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။ | |
Isai | BurJudso | 59:12 | ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ် အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။ | |
Isai | BurJudso | 59:13 | ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန် သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။ | |
Isai | BurJudso | 59:14 | ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။ | |
Isai | BurJudso | 59:15 | သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူ သည် လုယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။ | |
Isai | BurJudso | 59:16 | လူတယောက်မျှမရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော် မူ၏။ ထိုကြောင့်၊ မိမိလက်တော်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။ | |
Isai | BurJudso | 59:17 | ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ် ကို ဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်းအဝတ်ကို၎င်း၊ စိတ်အားကြီးခြင်းဝတ်လုံကို၎င်း ယူတင်ဝတ်ဆောင်တော် မူ၏။ | |
Isai | BurJudso | 59:18 | သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေး တော်မူမည်။ ရန်ဘက်ပြုသော သူတို့အား အမျက်တော် ကို၎င်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကို၎င်း၊ တကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကို၎င်း ဆပ်ပေးတော်မူမည်။ | |
Isai | BurJudso | 59:19 | သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက် ရာအရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုး သကဲ့သို့ ဝင်သောအခါ၊ ထာဝရဘုရား၏ ဝိညာဉ်တော် သည် ဆီးတားတော်မူမည်။ | |
Isai | BurJudso | 59:20 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့။ | |