JEREMIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
Chapter 9
Jere | BurJudso | 9:1 | ငါ၏လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော။ | |
Jere | BurJudso | 9:2 | ငါသည် ငါ၏ လူမျိုးကို စွန့်၍ ထွက်သွားနိုင် အောင် တော၌ တဲစားခန်းရှိပါစေသော။ အကြောင်းမူ ကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသော သူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။ | |
Jere | BurJudso | 9:3 | သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။ | |
Jere | BurJudso | 9:4 | လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့။ မိမိ ညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြ လိမ့်မည်။ | |
Jere | BurJudso | 9:5 | အပေါင်းအဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြော ဘဲ မုသာစကားကိုပြောခြင်းငှါ မိမိတို့လျှာကို သွန်သင် ကြပြီ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်းစေကြပြီ။ | |
Jere | BurJudso | 9:6 | သင်၏ နေရာသည် မုသာအရပ်၌ရှိ၏။ အရပ် သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။ | |
Jere | BurJudso | 9:7 | သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ငါသည်သူတို့ကို အရည်ကျို ၍စုံစမ်းမည်။ သို့မဟုတ်၊ ငါ၏လူမျိုး သတို့သမီး၌ အဘယ် သို့ ငါပြုရမည်နည်း။ | |
Jere | BurJudso | 9:8 | သူတို့လျှာသည် သေစေတတ်သောမြှားဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဘော်ချင်း တို့သည် နှုတ်ဖြင့်လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။ | |
Jere | BurJudso | 9:9 | ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲနေရ မည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲ မပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ | |
Jere | BurJudso | 9:10 | တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံကို မကြားရ။ မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။ | |
Jere | BurJudso | 9:11 | ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေး နေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူ ဆိတ်ညံရာအရပ်ဖြစ်စေမည်။ | |
Jere | BurJudso | 9:12 | ဤအမှုကိုနားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏ နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ် သူနည်း။ အဘယ်သူမျှ ရှောက်၍မသွားနိုင်အောင်၊ တပြည်လုံးသည် တောကဲ့သို့ မီးလောင်၍၊ အဘယ် ကြောင့် ပျက်စီးသနည်း။ | |
Jere | BurJudso | 9:13 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ငါ့စကားကို နားမထောင်၊ သူတို့၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ်၍၊ | |
Jere | BurJudso | 9:14 | မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့၎င်း၊ မိရိုးဘလာ အတိုင်း ဗာလဘုရားတို့နောက်သို့၎င်း လိုက်ကြသော ကြောင့်၊ | |
Jere | BurJudso | 9:15 | ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးနှင့်ရောသော ရေကို တိုက်မည်။ | |
Jere | BurJudso | 9:16 | သူတို့မသိ၊ ဘိုးဘေးမသိဘူးသော လူမျိုးတို့တွင် အရပ်ရပ်၌ ကွဲပြားစေမည်။ ရှင်းရှင်းမဖျက်ဆီးမှီတိုင် အောင်၊ သူတို့နောက်သို့ ထားဘေးကို စေလွှတ်မည်။ | |
Jere | BurJudso | 9:17 | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ်၍ လာကြစေ။ လိမ္မာသော မိန်းမတို့ ရှိရာသို့ စေလွှတ်၍ လာကြစေ။ | |
Jere | BurJudso | 9:18 | ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲက တွေတွေစီးထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျင် အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။ | |
Jere | BurJudso | 9:19 | နားထောင်ကြ။ ဇိအုန်မြို့၌ ကြားရသော ငိုကြွေးသံဟူမူကား၊ ငါတို့သည် အဘယ်မျှလောက် လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား။ သူတပါးတို့သည် ငါတို့ နေရာများကို ဖြိုချသောကြောင့်၊ ငါတို့သည် ကိုယ်ပြည်ကို စွန့်၍ အလွန်မိန်းမောတွေဝေကြသည်တကား။ | |
Jere | BurJudso | 9:20 | အိုမိန်းမတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏ သမီးတို့အား ငိုကြွေးခြင်းကို၎င်း၊ အသီးအသီး အပေါင်းအဘော်တို့အား မြည်တမ်းခြင်းကို၎င်း သွန်သင် ကြလော့။ | |
Jere | BurJudso | 9:21 | သေမင်းသည် ငါတို့ပြတင်းပေါက်သို့ တက်၍၊ ငါတို့ဘုံဗိမာန်ထဲသို့ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ် ရှင်း၍၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။ | |
Jere | BurJudso | 9:22 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူသေ ကောင်တို့သည် လယ်ပြင်၌ နောက်ချေးကဲ့သို့၎င်း၊ သိမ်း သူမရှိ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့၎င်း ကျနေကြလိမ့်မည်ဟု ကြားပြောလော့။ | |
Jere | BurJudso | 9:23 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိ သောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီး သောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ | |
Jere | BurJudso | 9:24 | ဝါးကြွားသောသူ မည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသောထာဝရ ဘုရားဖြစ်ကြောင်း တည်းဟူသော၊ ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ | |
Jere | BurJudso | 9:25 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရေဖျား လှီးခြင်းကို ခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊ | |
Jere | BurJudso | 9:26 | အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး၊ တော၌နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည်။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ | |