JOHN
Chapter 21
John | BurCBCM | 21:1 | ထို့နောက် ယေဇူးသည် တိဘေးရိယအိုင်အနီးတွင် မိမိကိုယ်ကို တပည့်တော်တို့အား တစ်ဖန်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် မိမိကိုယ်ကို ဤသို့ထင်ရှားပြတော်မူ၏။- | |
John | BurCBCM | 21:2 | စီမွန်ပေတရု၊ ဒီးဒီမုဟု အမည်တွင်သော သောမ၊ ဂါလေလေးယနယ် ကာနာမြို့သား နာသာနာအဲလ်၊ ဇေဘေဒေးဦး၏ သားများနှင့် အခြားတပည့် တော်နှစ်ဦးတို့သည် အတူရှိနေကြ၏။- | |
John | BurCBCM | 21:3 | စီမွန်ပေတရုက အကျွန်ုပ် ငါးသွားဖမ်းမည်ဟုဆိုသော် သူတို့က အကျွန်ုပ်တို့သည်လည်း သင်နှင့်အတူလိုက်မည်ဟု ဆိုကြ၏။ သို့ဖြစ်၍ သူတို့သည် ထွက်သွားကြပြီးလျှင် လှေပေါ်သို့ တက်ကြ၏။ သို့သော် သူတို့သည် ထိုညတစ်ညလုံး ငါးတစ်ကောင်မျှ မဖမ်းမိကြချေ။ | |
John | BurCBCM | 21:4 | နံနက်အချိန်ရောက်သောအခါ ယေဇူးသည် ကမ်းစပ်တွင်ရပ်လျက်နေ၏။ သို့သော် တပည့်တော်တို့သည် ယေဇူး ဖြစ်တော်မူမှန်း မသိကြချေ။- | |
John | BurCBCM | 21:5 | ယေဇူးက ချစ်သားတို့၊ စားစရာအဖို့ ငါးဖမ်းမိကြပြီလောဟုမေးတော်မူလျှင် သူတို့က မဖမ်းမိသေးပါဟု ကိုယ်တော်အား ပြန်ဖြေကြ ၏။- | |
John | BurCBCM | 21:6 | ကိုယ်တော်က ပိုက်ကွန်ကို လှေ၏လက်ယာဘက်သို့ ပစ်လော့။ သင်တို့သည် ငါးအချို့ကိုရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။ သို့ဖြစ်၍ သူတို့သည် ပိုက်ကွန်ကိုပစ်လျှင် မြောက်မြားစွာသော ငါးတို့ကို ဖမ်းမိသောကြောင့် ပိုက်ကွန်ကို ဆွဲတင်၍မရနိုင်ဘဲရှိကြ၏။- | |
John | BurCBCM | 21:7 | ထိုအခါ ယေဇူး ချစ်တော်မူသောတပည့်တော်က သခင်ဘုရားဖြစ်သည်ဟု ပေတရုအား ဆို၏။ သခင်ဘုရားဖြစ်သည်ဟု ပေတရုကြားလျှင် အင်္ကျီကိုဝတ်၍ ရေထဲသို့ခုန်ဆင်းလေ၏။ အကြောင်းမူကား သူသည် အလုပ်လုပ်ရန် အဝတ်ကိုချွတ် ထားသောကြောင့်ဖြစ်၏။- | |
John | BurCBCM | 21:8 | အခြားသော တပည့်တော်တို့ မူကား ငါးများနှင့်ပြည့်နှက်နေသော ပိုက်ကွန်ကိုဆွဲလျက် လှေဖြင့်လာကြ၏။ အကြောင်းမူကား သူတို့သည် ကမ်းနှင့်မဝေးကွာလှဘဲ ကိုက်တစ်ရာခန့်သာ ရှိသောကြောင့် ဖြစ်၏။ | |
John | BurCBCM | 21:9 | သူတို့သည် ကုန်းပေါ်သို့ ရောက်ကြသောအခါ ပေါင်မုန့်ကိုလည်းကောင်း၊ မီးဖိုနှင့်မီးဖိုအပေါ်တွင် ကင်ထားသော ငါးကိုလည်းကောင်း တွေ့ကြလေ၏။- | |
John | BurCBCM | 21:11 | သို့ဖြစ်၍ စီမွန်ပေတရုသည် လှေပေါ်သို့တက်၍ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့် ပြည့်နေသောပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏။ ငါးများဤမျှလောက်များပြားသော်လည်း ပိုက်ကွန်သည် မစုတ်မပြဲဘဲ ရှိလေ၏။- | |
John | BurCBCM | 21:12 | ယေဇူးက လာကြ၍ နံနက်စာစားကြလော့ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့တွင် တစ်ဦးတစ်ယောက်ကမျှ ကိုယ်တော်အား သင်မည်သူဖြစ်သနည်းဟု မမေးလျှောက်ဝံ့ကြ။ အကြောင်းမူကား သူတို့သည် ကိုယ်တော်ဖြစ်ကြောင်းကို သိကြလေ၏။- | |
John | BurCBCM | 21:13 | ယေဇူးသည် လာပြီးလျှင် မုန့်ကိုယူ၍ သူတို့အား ပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းအတိုင်း ပေးတော်မူ၏။- | |
John | BurCBCM | 21:14 | ဤသည်ကား ယေဇူးသည် သေသူတို့အစုမှထမြောက်ပြီးနောက် မိမိကိုယ်ကို တပည့်တော်တို့အား သုံးကြိမ်မြောက် ထင်ရှားပြတော်မူခြင်း ဖြစ်သတည်း။ | |
John | BurCBCM | 21:15 | သူတို့သည် နံနက်စာစားပြီးကြသောအခါ ယေဇူးက စီမွန်ပေတရုအား ယောန၏သား စီမွန်၊ သင်သည် ငါ့ကို ဤသူတို့ထက် ပို၍ချစ်သလောဟု မေးတော်မူ၏။ ပေတရုက ချစ်ပါ၏သခင်ဘုရား၊ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော် သိတော်မူပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း ငါ၏သိုးများကို ကျွေးမွေးလော့ဟု သူ့အား မိန့်တော်မူ၏။- | |
John | BurCBCM | 21:16 | ထို့နောက် ကိုယ်တော်က ယောန၏သား စီမွန်၊ ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင် ပေတရုက ချစ်ပါ၏သခင် ဘုရား၊ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိပါသည်ဟု ပြန်လျှောက်လေ၏။ ကိုယ် တော်ကလည်း ငါ၏သိုးများကို ထိန်းသိမ်းစောင့်ရှောက် လော့ဟု သူ့အား မိန့်တော်မူ၏။- | |
John | BurCBCM | 21:17 | တစ်ဖန် ကိုယ်တော်က ယောန၏သား စီမွန်၊ ငါ့ကိုချစ်သလောဟု သူ့အား တတိယအကြိမ်မေးတော်မူ၏။ သင်သည် ငါ့ကိုချစ်သလောဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသောကြောင့် ပေတရုသည် ဝမ်းနည်းလျက် သခင်ဘုရား၊ ကိုယ်တော်သည် အရာအားလုံးကို သိမြင်တော်မူပါ၏။ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟု လျှောက်လေ၏။ ယေဇူးကလည်း ငါ၏သိုးများကို ကျွေးမွေးလော့။- | |
John | BurCBCM | 21:18 | သင့်အား ငါဧကန်အမှန်ဆိုသည်ကား သင်သည် ငယ်ရွယ်စဉ်အခါက သင်၏ခါးစည်းကို ကိုယ်တိုင်စည်းလျက် သင်အလိုရှိရာ အရပ်သို့ သွားလာခဲ့၏။ သို့သော် သင်အိုမင်းလာသောအခါ၌မူ သင်၏လက်များကို ဆန့်သဖြင့် အခြားသောသူသည် သင်၏ ခါးစည်းကို စည်းပေး၍ သင်မသွားလိုသော အရပ်သို့ သင့်ကိုသယ်ဆောင်သွားလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။- | |
John | BurCBCM | 21:19 | ကိုယ်တော် ဤသို့မိန့်တော်မူသည်ကား ပေတရုသည် မည်ကဲ့သို့သောသေခြင်းဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေမည့်အကြောင်း ဖော်ပြလိုသောကြောင့်ဖြစ်၏။ ထို့နောက် ကိုယ်တော်က ငါ့နောက်သို့ လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။ | |
John | BurCBCM | 21:20 | ပေတရုသည် နောက်သို့လှည့်ကြည့်လျှင် ယေဇူးချစ်တော်မူသော တပည့်တော်သည် မိမိတို့နောက်မှ လိုက်ပါလာသည်ကို မြင်လေ၏။ ထိုသူသည်ကား ညစာစားပွဲ၌ ကိုယ်တော်၏ရင်ခွင်ကိုမှီလျက် သခင်ဘုရား၊ ကိုယ်တော့်ကို အပ်နှံမည့်သူကား မည်သူဖြစ်သနည်းဟု မေးလျှောက်ခဲ့သောသူဖြစ်၏။- | |
John | BurCBCM | 21:21 | ပေတရုသည် သူ့ကိုမြင်လျှင် သခင်ဘုရား၊ ဤသူ၌ မည်ကဲ့သို့ဖြစ်လိမ့်မည်နည်းဟု ယေဇူးအား မေးလေ၏။- | |
John | BurCBCM | 21:22 | ယေဇူးက ငါကြွလာမည့်ကာလတိုင်အောင် သူ့အား အသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။- | |
John | BurCBCM | 21:23 | ထို့ကြောင့် ထိုတပည့် တော်သည် မသေနိုင်ဟူသောစကားသည် ညီအစ်ကိုတို့ အကြားတွင်ပျံ့နှံ့လေ၏။ သို့သော် ယေဇူးက သူ့အား ဤသူသည် မသေနိုင်ဟုဆိုခဲ့ခြင်းမဟုတ်ဘဲ ငါကြွလာမည့် ကာလတိုင်အောင် သူ့အား အသက်ရှင်စေရန် ငါအလို ရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်းဟူ၍သာ မိန့် တော်မူခဲ့ခြင်းဖြစ်၏။ | |
John | BurCBCM | 21:24 | ဤတပည့်တော်သည်ကား ဤအကြောင်းအရာများကို သက်သေခံ၍ ရေးသားထားသောသူဖြစ်၏။ သူ၏ သက်သေခံချက် မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။ | |