JOHN
Chapter 13
John | BurCBCM | 13:1 | ပါစကားပွဲတော်မတိုင်မီ ယေဇူးသည် ဤကမ္ဘာလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ကြွသွားရမည်ဖြစ်သော မိမိ၏အချိန်နာရီ ကျရောက်လာကြောင်းကို သိတော်မူသောအခါ ဤလောကရှိ မိမိ၏တပည့်များကို ချစ်တော်မူသည့်အလျောက် သူတို့အား အဆုံးတိုင်အောင် ချစ်တော်မူ၏။- | |
John | BurCBCM | 13:2 | ညစာစားပွဲအချိန်၌ နတ်ဆိုးသည် ကိုယ်တော့်ကိုအပ်နှံမည့် အကြံအစည်ကို စီမွန်၏သား ဂျုဒအစ္စကာရီယုဒ်၏ စိတ်နှလုံး၌ ထည့်သွင်းထားပြီးဖြစ်၏။- | |
John | BurCBCM | 13:3 | ခမည်းတော်သည် မိမိ၏လက်ထဲသို့ ခပ်သိမ်းသောအရာတို့ကို ပေးအပ်ထားတော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာ၍ ဘုရားသခင်ထံသို့ပြန်သွားမည်ကိုလည်းကောင်း ယေဇူးသိတော်မူပြီးဖြစ်၏။- | |
John | BurCBCM | 13:4 | သို့ဖြစ်၍ ကိုယ်တော်သည် ညစာစားပွဲမှထ၍ အပေါ်ဝတ်ရုံကို ချွတ်ပြီးလျှင် ပုဝါကိုယူ၍ ခါးတွင်စည်းတော်မူ၏။- | |
John | BurCBCM | 13:5 | ထို့နောက် ကိုယ်တော်သည် ဇလုံတစ်ခုတွင် ရေထည့်၍ တပည့်တော်တို့၏ ခြေတို့ကို ဆေးပြီးလျှင် ခါးတွင်စည်းထားသော ပုဝါဖြင့် သုတ်တော်မူ၏။- | |
John | BurCBCM | 13:6 | ကိုယ်တော်သည် စီမွန်ပေတရုထံသို့ ရောက်သောအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို ဆေးတော်မူမည်လောဟု မေးလျှောက်လေ၏။- | |
John | BurCBCM | 13:7 | ယေဇူးက ငါပြုသောအမှုကို ယခုအချိန်တွင် သင်နားမလည်သော်လည်း နောင်တွင် သင်နားလည်လာလိမ့်မည်ဟု ဖြေကြားတော်မူ၏။- | |
John | BurCBCM | 13:8 | ပေတရုက ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို မည်သည့်အခါမျှ မဆေးရပါဟု လျှောက်လေ၏။ ယေဇူးကလည်း သင်၏ခြေကို ငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်တော့ပြီဟု မိန့်တော်မူ၏။- | |
John | BurCBCM | 13:9 | ထိုအခါ စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်၏ခြေကိုသာမဟုတ်၊ တပည့်တော်၏လက်နှင့် ဦးခေါင်းကိုလည်း ဆေးတော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။- | |
John | BurCBCM | 13:10 | ယေဇူးက ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံး စင်ကြယ်သည်ဖြစ်၍ သူ၏ခြေတို့မှတစ်ပါး အခြားနေရာတို့ကို ဆေးကြောသန့်စင်ရန် မလိုအပ်ပေ။ သင်တို့သည်လည်း စင်ကြယ်ကြ၏။ သို့ရာတွင် သင်တို့ အားလုံးစင်ကြယ်သည်မဟုတ်ဟု သူ့အား မိန့်တော်မူ၏။- | |
John | BurCBCM | 13:11 | အကြောင်းမူကား ကိုယ်တော်သည် မိမိကို အပ်နှံမည့်သူမှာ မည်သူဖြစ်ကြောင်း သိတော်မူသောကြောင့်ဖြစ်၏။ ထို့ကြောင့်ပင် သင်တို့အားလုံး စင်ကြယ်ကြသည် မဟုတ်ဟု ကိုယ်တော်မိန့်တော်မူခြင်းဖြစ်၏။ | |
John | BurCBCM | 13:12 | ကိုယ်တော်သည် သူတို့၏ခြေကို ဆေးပြီးသောအခါ မိမိ၏ဝတ်ရုံတော်ကို ဝတ်ဆင်ပြီးလျှင် မိမိနေရာတွင် ပြန်ထိုင်၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ ငါပြုခဲ့သည့်အမှုကို သင်တို့သိကြသလော။- | |
John | BurCBCM | 13:13 | သင်တို့သည် ငါ့ ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ် ကြ၏။ ငါသည်လည်း ထိုသို့ဖြစ်သောကြောင့် သင်တို့ ဆိုသည်မှာ မှန်ပေ၏။- | |
John | BurCBCM | 13:14 | သို့ဖြစ်၍ သင်တို့၏သခင်နှင့် ဆရာဖြစ်သော ငါသည် သင်တို့၏ ခြေများကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်း တစ်ဦး၏ခြေကို တစ်ဦးက ဆေးကြရမည်။- | |
John | BurCBCM | 13:16 | သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အစေခံသည် မိမိ၏သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံ ရသူသည်လည်း စေလွှတ်သောသူထက် ကြီးမြတ်သည် မဟုတ်ပေ။- | |
John | BurCBCM | 13:18 | ငါသည် သင်တို့အားလုံးကို ပြောဆိုနေခြင်းမဟုတ်။ ငါရွေးချယ်ထားသော သူတို့ကို ငါသိ၏။ ဤသို့ဖြစ်ရခြင်းမှာ ငါနှင့်အတူ ပေါင်မုန့်ကို စားသောသူသည် ငါ့ကိုခြေဖြင့် ကန် ကျောက်လေပြီဟူသောကျမ်းချက်ပြည့်စုံမည့်အကြောင်းတည်း။- | |
John | BurCBCM | 13:19 | ထိုအကြောင်းအရာမဖြစ်ပျက်မီ ငါသည် ယခု သင်တို့အား ထိုအရာကို ပြောထားလေပြီ။ သို့မှသာ ထိုအကြောင်းအရာ ဖြစ်ပျက်လာသောအခါ ငါသည် ထိုသူဖြစ်သည်ကို သင်တို့ယုံကြည်ကြလိမ့်မည်။- | |
John | BurCBCM | 13:20 | သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါစေလွှတ်သောသူ မည်သူ့ကိုမဆို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း လက်ခံ၏ဟု မိန့်တော်မူ၏။ | |
John | BurCBCM | 13:21 | ဤကဲ့သို့မိန့်တော်မူပြီးနောက် ယေဇူးသည် စိတ်သောကရောက်၍ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့ထဲမှတစ်ဦးသည် ငါ့ကို ရန်သူ့လက်သို့ အပ်နှံလိမ့်မည်ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 13:22 | ကိုယ်တော်သည် မည်သူ့ကို ရည်ညွန်းပြောဆိုကြောင်း သေချာမသိကြသောကြောင့် တပည့်တော်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်နေကြ၏။- | |
John | BurCBCM | 13:23 | ကိုယ်တော်၏ တပည့်တော်များထဲမှ ယေဇူးချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏ ရင်ခွင်အနီးတွင် လျောင်းလျက်ရှိ၏။- | |
John | BurCBCM | 13:24 | ထို့ကြောင့် စီမွန်ပေတရုက သူ့အား ကိုယ်တော်သည် မည်သူ့ကို ရည်ညွန်းပြောဆိုကြောင်း မေးလျှောက်ရန် အရိပ်အကဲပြလေ၏။- | |
John | BurCBCM | 13:25 | သို့ဖြစ်၍ သူသည် ယေဇူး၏ရင်ခွင်နှင့် နီးကပ်စွာ လဲလျောင်းလျက် သခင်ဘုရား၊ ထိုသူသည် မည်သူဖြစ်မည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။- | |
John | BurCBCM | 13:26 | ယေဇူးက ဤပေါင်မုန့် တစ်ဖဲ့ကိုနှစ်ပြီး ငါပေးမည့်သူကား ထိုသူပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ ဤသို့ဖြင့် ကိုယ်တော်သည် ပေါင်မုန့်တစ်ဖဲ့ကို နှစ်ပြီးသောအခါ ၎င်းကို စီမွန်အစ္စကာရီယုဒ်၏သား ဂျုဒအား ပေးလေ၏။- | |
John | BurCBCM | 13:27 | ဂျုဒသည် ထိုပေါင်မုန့်တစ်ဖဲ့ကို ခံယူပြီးနောက် စာတန်နတ်ဆိုးသည် သူ့၌ဝင်လေ၏။ ယေဇူးကလည်း သင်ပြုလုပ်မည့် အမှုကို အလျင်အမြန် ပြုလုပ်လော့ဟု သူ့အား မိန့်တော်မူ၏။- | |
John | BurCBCM | 13:28 | ထိုအချိန်၌ ကိုယ်တော်သည် ဂျုဒအား အဘယ်ကြောင့် ဤကဲ့သို့ မိန့်တော်မူသည်ကို စားပွဲတွင် ထိုင်နေသူ တစ်ဦးမျှ မသိကြပေ။- | |
John | BurCBCM | 13:29 | ဂျုဒသည် ငွေအိတ်ကိုကိုင်ရသူဖြစ်သောကြောင့် ယေဇူးက ပွဲတော်အတွက် လိုအပ်သည်များကိုဝယ်ယူရန်၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ရာ ပေးကမ်းရန်အတွက် ပြောဆိုခြင်းဖြစ်မည်ဟု အချို့ကထင်မှတ်ကြ ၏။- | |
John | BurCBCM | 13:30 | ဤသို့ဖြင့်သူသည် မုန့်တစ်ဖဲ့ကို ခံယူပြီးသောအခါ အပြင်သို့ ချက်ချင်း ထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန် ဖြစ်သတည်း။ | |
John | BurCBCM | 13:31 | ဂျုဒထွက်သွားသောအခါ ယေဇူးက လူသားသည် ယခုအခါ၌ ဘုန်းဂုဏ်တော်ထင်ရှားလေပြီ။ ဘုရားသခင်သည်လည်း သူ့အားဖြင့် ဘုန်းဂုဏ်တော်ထင်ရှားလေပြီ။- | |
John | BurCBCM | 13:32 | ဘုရားသခင်သည် သူ့အားဖြင့် ဘုန်းဂုဏ်တော် ထင်ရှားတော်မူလျှင် ကိုယ်တော်သည် သူ့ကို မိမိကိုယ်တော်တိုင်အားဖြင့် ဘုန်းဂုဏ်တော် ထင်ရှားစေတော်မူလိမ့်မည်။ ကိုယ်တော်သည် ယခုချက်ချင်းပင် သူ့ကိုဘုန်းဂုဏ်တော်ထင် ရှားစေလိမ့်မည်။- | |
John | BurCBCM | 13:33 | ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ တစ်ခဏမျှသာ ရှိတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ဂျူးလူမျိုးတို့အား ငါပြောခဲ့သည့်အတိုင်း ယခု သင်တို့အား ငါပြောမည်။ ငါသွားမည့်နေရာသို့ သင်တို့ မလာနိုင်ကြ။- | |
John | BurCBCM | 13:34 | ငါသည် သင်တို့အား ပညတ်အသစ်ကို ပေးသည်ကား သင်တို့အချင်းချင်း ချစ်ကြလော့။ သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။- | |
John | BurCBCM | 13:35 | သင်တို့အချင်းချင်းချစ်ကြလျှင် လူခပ်သိမ်းတို့သည် ထိုချစ်ခြင်းမေတ္တာကို ထောက်ရှု၍ သင်တို့သည် ငါ၏တပည့်များ ဖြစ်ကြောင်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
John | BurCBCM | 13:36 | စီမွန်ပေတရုက သခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော် ကြွသွားတော်မူမည်နည်းဟု မေးလျှောက်လေ၏။ ယေဇူးက ငါသွားမည့်နေရာသို့ ယခုသင်မလိုက်နိုင်။ သို့သော် နောင်အခါတွင် သင်လိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 13:37 | ပေတရုက တပည့်တော်သည် အဘယ်ကြောင့် ယခု မလိုက်နိုင်ရပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် မိမိ၏အသက်ကိုပင် စွန့်ပါမည်ဟု လျှောက်လေ၏။- | |