JOHN
Chapter 18
John | BurCBCM | 18:1 | ယေဇူးသည် ဤစကားများကို မြွက်ဆိုပြီးသောအခါ တပည့်တော်တို့နှင့်အတူ ကီဒရွန်ချောင်း တစ်ဖက်သို့ကြွတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်နှင့် တပည့်တော်တို့သည် ဥယျာဉ်ထဲသို့ ဝင်ကြ၏။- | |
John | BurCBCM | 18:2 | ကိုယ်တော့်ကိုအပ်နှံမည့် ဂျုဒသည်လည်း ထိုနေရာကိုသိလေ၏။ အကြောင်းမူကား ယေဇူးသည် တပည့်တော်တို့နှင့်အတူ ထိုနေရာ၌ မကြာခဏ တွေ့ဆုံလေ့ရှိ သောကြောင့်တည်း။- | |
John | BurCBCM | 18:3 | ထို့ကြောင့် ဂျုဒသည် ရောမစစ်သူရဲတစ်စုကိုလည်းကောင်း၊ ရဟန်းအကြီးအကဲတို့နှင့် ဖာရီဇေးဦးတို့ထံမှ အစောင့် အချို့တို့လည်းကောင်း ခေါ်ဆောင်၍ မီးအိမ်၊ မီးတုတ်နှင့် လက်နက်များကို ကိုင်ဆောင်ကာ ထိုနေရာသို့လာကြ၏။- | |
John | BurCBCM | 18:4 | ယေဇူးသည်လည်း မိမိ၌ဖြစ်လတ္တံ့သော အကြောင်းအရာအလုံးစုံတို့ကို သိမြင်ပြီးဖြစ်၍ ရှေ့သို့ထွက်လာပြီးလျှင် သင်တို့သည် မည်သူ့ကို ရှာကြသနည်းဟု သူတို့အား မေးတော်မူ၏။- | |
John | BurCBCM | 18:5 | သူတို့က နာဇရက်မြို့သား ယေဇူးကိုရှာကြပါသည်ဟု ဆိုကြ၏။ ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော့်ကို အပ်နှံသော ဂျုဒသည်လည်း သူတို့နှင့်အတူ ရပ်လျက်နေ၏။- | |
John | BurCBCM | 18:6 | ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု မိန့် တော်မူသောအခါ သူတို့သည် နောက်သို့လန်၍ မြေပေါ် သို့လဲကျကြ၏။- | |
John | BurCBCM | 18:7 | ထို့နောက် ယေဇူးက သင်တို့သည် မည်သူ့ကိုရှာကြသနည်းဟု တစ်ဖန်ပြန်၍မေးတော်မူ၏။ သူတို့ကလည်း နာဇရက်မြို့သား ယေဇူးကိုရှာကြပါသည်ဟု ဆိုကြ၏။- | |
John | BurCBCM | 18:8 | ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု သင်တို့အား ငါပြောခဲ့လေပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့ကို သွားခွင့်ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။- | |
John | BurCBCM | 18:9 | ဤကဲ့သို့မိန့်တော်မူခြင်းမှာ အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူ တစ်စုံတစ်ယောက်မျှ ပျက်စီးခြင်းသို့ မရောက်ရဟု ကိုယ်တော်မိန့်ဆိုခဲ့သည့် စကားပြည့်စုံစေမည့်အကြောင်းတည်း။- | |
John | BurCBCM | 18:10 | ထိုအခါ စီမွန်ပေတရုသည် မိမိ၌ ဓားပါလာသဖြင့် ဓားကိုဆွဲထုတ်၍ ရဟန်းအကြီးအကဲ၏ အစေခံတစ်ယောက်ကို ခုတ်သဖြင့် ထိုသူ၏ လက်ယာနားရွက် ပြတ်လေ၏။ ထိုအစေခံ၏ အမည်ကား မာလကုဖြစ်သတည်း။- | |
John | BurCBCM | 18:11 | ယေဇူးကလည်း သင်၏ဓားကို ဓားအိမ်၌ ပြန်သွင်းလော့။ ငါ့အား ခမည်းတော် ပေးတော်မူသော ခွက်ဖလားကို ငါမသောက်ဘဲ နေရမည်လောဟု ပေတရုအား မိန့်တော်မူ၏။ | |
John | BurCBCM | 18:12 | ထို့နောက် ရောမစစ်သူရဲများ၊ ၎င်းတို့၏တပ်မှူးနှင့် ဂျူးလူမျိုးတို့ထံမှ အစောင့်တို့သည် ယေဇူးကို ဖမ်းဆီးချည်နှောင်ကာ၊- | |
John | BurCBCM | 18:13 | အန္နားထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နားသည် ထိုနှစ်တွင် ရဟန်းအကြီးအကဲဖြစ်သော ကာအိဖ၏ ယောက္ခမ ဖြစ်သောကြောင့်တည်း။- | |
John | BurCBCM | 18:14 | ကာအိဖသည်ကား လူအပေါင်းတို့အဖို့ လူတစ်ဦးအသေခံရခြင်းသည် ပို၍ကောင်း၏ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူ ဖြစ်သတည်း။ | |
John | BurCBCM | 18:15 | စီမွန်ပေတရုနှင့် အခြားတပည့်တော်တစ်ဦးသည် ယေဇူး၏နောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ရဟန်းအကြီးအကဲနှင့် သိကျွမ်းသဖြင့် ယေဇူးနှင့်အတူ ရဟန်းအကြီးအကဲ၏ အိမ်တော်ဝင်းအတွင်းသို့ ဝင်လေ၏။- | |
John | BurCBCM | 18:16 | ပေတရုမူကား ဝင်းတံခါးအပြင်တွင် ရပ်နေခဲ့ရသောကြောင့် ရဟန်းအကြီးအကဲနှင့် သိကျွမ်းသော တပည့်တော်သည် ဝင်းတံခါးအပြင်သို့ ထွက်သွားပြီးလျှင် တံခါးစောင့်အမျိုးသမီးအား ပြော၍ ပေတရုကို အိမ်တော်ဝင်းအတွင်းသို့ ခေါ်ဆောင်ခဲ့လေ၏။- | |
John | BurCBCM | 18:17 | ထိုအခါ တံခါးစောင့်အမျိုးသမီးက ပေတရုအား သင်သည်လည်း ထိုသူ၏ တပည့်များထဲမှ တစ်ဦးဖြစ်သည် မဟုတ်လောဟု မေးလျှင် ပေတရုက ငါမဟုတ်ဟုဆို၏။- | |
John | BurCBCM | 18:18 | ထို့နောက် ရဟန်းအကြီးအကဲ၏ အစေခံများနှင့် အစောင့်တို့သည် ချမ်းအေးသောကြောင့် မီးသွေးဖြင့်မီးဖို၍ ပတ်လည်တွင်ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေလေ၏။ | |
John | BurCBCM | 18:19 | ထိုအခါ ရဟန်းအကြီးအကဲသည် ယေဇူးအား တပည့်တော်တို့၏ အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ တရားတော်အကြောင်းကိုလည်းကောင်း မေးမြန်းလေ၏။- | |
John | BurCBCM | 18:20 | ယေဇူးက သူ့အား ပြန်ပြောတော်မူသည်ကား ငါသည် လူအပေါင်းတို့၏ရှေ့တွင် ပွင့်လင်းစွာဟောပြောခဲ့ပါ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာ တရားဇရပ်များနှင့် ဗိမာန်တော်တွင် အစဉ်ဟောပြောသွန်သင်ခဲ့၏။ ငါသည် မည်သည့်အရာကိုမျှ လျှို့ဝှက်စွာ မဟောပြောခဲ့ပေ။- | |
John | BurCBCM | 18:21 | သင်တို့သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းကြသနည်း။ ငါဟောပြောခဲ့သည့် အကြောင်းအရာများကို ကြားနာခဲ့ပြီးသော သူတို့အား မေးမြန်းကြပါလော့။ သူတို့သည် ငါဟောပြောသမျှကို သိကြ၏ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 18:22 | ကိုယ်တော်သည် ဤသို့မိန့်တော်မူလျှင် အနီး၌ရပ်လျက် နေသော အစောင့်များထဲမှ တစ်ယောက်က ယေဇူး၏ပါးကိုရိုက်၍ သင်သည် ရဟန်းအကြီးအကဲကို ဤသို့ဖြေကြားရသလောဟု ဆိုလေ၏။- | |
John | BurCBCM | 18:23 | ယေဇူးက ငါပြောသော စကားမှားလျှင် မှားကြောင်းကို ထောက်ပြပါလော့။ ငါ၏ စကားမှန်လျှင်မူကား အဘယ်ကြောင့် ငါ့ကိုရိုက်သနည်းဟု ပြန်ပြောတော်မူ၏။- | |
John | BurCBCM | 18:24 | ထို့နောက် အန္နားသည် ကိုယ်တော့်ကို ချည်နှောင်စေလျက် ရဟန်းအကြီးအကဲဖြစ်သူ ကာအိဖထံသို့ ပို့စေ၏။ | |
John | BurCBCM | 18:25 | စီမွန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ်တွင် သူတို့က သင်သည်လည်း ထိုသူ၏တပည့်များထဲမှ တစ်ဦးဖြစ်သည် မဟုတ်လောဟု မေးကြပြန်လျှင် ပေတရုက ငါမဟုတ်ဟု ငြင်းဆိုလေ၏။- | |
John | BurCBCM | 18:26 | ပေတရုဓားနှင့် ခုတ်သဖြင့် နားရွက်ပြတ်သောသူ၏ ဆွေမျိုးဖြစ်ပြီး ရဟန်းအကြီးအကဲ၏ အစေခံတစ်ဦးလည်း ဖြစ်သူက သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်၌ ငါမြင်ခဲ့ရသည်မဟုတ်လောဟု ဆို၏။- | |
John | BurCBCM | 18:28 | ထို့နောက် သူတို့သည် ယေဇူးကို ကာအိဖထံမှ ရောမဘုရင်ခံ၏ အိမ်တော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ ဂျူးလူမျိုးတို့သည် ပါစကားညစာစားပွဲတွင် ပါဝင်စားသောက်နိုင်ရန် မိမိတို့ကိုယ်ကို ညစ်ညူးခြင်းသို့ မရောက်စေလိုသဖြင့် အိမ်တော်ထဲသို့ ကိုယ်တိုင်မဝင်ကြ။- | |
John | BurCBCM | 18:29 | သို့ဖြစ်၍ ပီလာတုမင်းသည် သူတို့ထံသို့ ထွက်လာပြီးလျှင် သင်တို့သည် ဤသူ့အပေါ် မည်သည့်စွပ်စွဲချက်ကို တင်လိုကြသနည်းဟု မေးလေ၏။- | |
John | BurCBCM | 18:30 | ထိုအခါ သူတို့က ဤသူသည် ပြစ်မှုကျူးလွန်သူ မဟုတ်ပါလျှင် အကျွန်ုပ်တို့သည် သူ့ကို အရှင့်ထံသို့ အပ်မည်မဟုတ်ပါဟု ပြန်ဖြေကြ၏။- | |
John | BurCBCM | 18:31 | ပီလာတုမင်းကလည်း သင်တို့ကိုယ်တိုင်ပင် သူ့ကိုခေါ်ဆောင်သွားကြ၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြလော့ဟု သူတို့အား ဆို၏။ ဂျူးလူမျိုးတို့က အကျွန်ုပ်တို့သည် မည်သူ့ကို မျှ သတ်ပိုင်ခွင့်မရှိပါဟု ပြန်ဖြေကြ၏။- | |
John | BurCBCM | 18:32 | ဤသည်ကား မိမိသည် မည်ကဲ့သို့သော သေခြင်းဖြင့် သေရမည်ကို ယေဇူးကိုယ်တော်တိုင် မိန့်မြွက်ခဲ့သော စကားပြည့်စုံခြင်းသို့ ရောက်စေမည့်အကြောင်းတည်း။ | |
John | BurCBCM | 18:33 | ထိုအခါ ပီလာတုမင်းသည် အိမ်တော်ထဲသို့ပြန်ဝင်၍ ယေဇူးကိုခေါ်ပြီးလျှင် သင်သည် ဂျူးလူမျိုးတို့၏ ရှင်ဘုရင် ဖြစ်သလောဟု ကိုယ်တော်အား မေးလေ၏။- | |
John | BurCBCM | 18:34 | ယေဇူးက မင်းကြီးသည် ဤစကားကို မိမိအလိုအလျောက် ဆိုသလော။ သို့မဟုတ်လျှင် ငါ၏အကြောင်းကို တစ်ပါးသူတို့က မင်းကြီးအား ပြောပြထားသလောဟု မေးတော်မူ၏။- | |
John | BurCBCM | 18:35 | ပီလာတုမင်းကလည်း ငါသည် ဂျူးလူမျိုးဖြစ်သလော။ သင်၏လူမျိုးနှင့် ရဟန်းအကြီးအကဲတို့သည် သင့်ကို ငါ့လက်သို့ အပ်ခဲ့ကြပြီ။ သင်သည် အဘယ်အမှုကို ပြုခဲ့သနည်းဟု မေးလေ၏။- | |
John | BurCBCM | 18:36 | ယေဇူးက ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်သည်မဟုတ်။ ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးတို့၏ လက်သို့အပ်နှံခြင်း မခံရအောင် ငါ၏အမှုထမ်းများသည် တိုက်ခိုက်ကြလိမ့်မည်။ သို့သော် ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်သည် မဟုတ်ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 18:37 | ပီလာတုမင်းက ဤသို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်ဖြစ်သလောဟု မေး၏။ ယေဇူးက မင်းကြီးဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို ဟောပြောခြင်းငှာ မွေးဖွားခြင်းခံခဲ့၍ ဤအတွက်ကြောင့် လောကသို့ ကြွလာ၏။ သမ္မာတရားနှင့် သက်ဆိုင်သူ ဟူသမျှ သည် ငါ၏စကားကိုနားထောင်ကြ၏ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 18:39 | ထိုစကားကို ဆိုပြီးမှ ပီလာတုမင်းသည် ဂျူးလူမျိုးတို့ထံသို့ တစ်ဖန်ထွက်သွားပြီးလျှင် ဤသူ၌ ပြစ်မှုတစ်စုံတစ်ခုမျှ ငါမတွေ့။ သို့သော် ပါစကားပွဲတော်အချိန်တွင် ငါသည် သင်တို့အတွက် လူတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး သောထုံးစံရှိ၏။ သို့ဖြစ်၍ ငါသည် သင်တို့အတွက် ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ကို လွှတ်ပေးစေလိုသလောဟု သူတို့အား မေးလေ၏။- | |