JOHN
Chapter 16
John | BurCBCM | 16:2 | သူတို့သည် သင်တို့ကို တရားဇရပ်များမှ နှင်ထုတ်ကြလိမ့်မည်။ သင်တို့ကို သတ်ဖြတ်သောသူတိုင်းက မိမိသည် ဘုရားသခင်အား ယဇ်ပူဇော်ခြင်းအမှုကိုပြုလေပြီဟု ထင်မှတ်သော အချိန်ကာလသည် ဧကန်မုချ ရောက်လိမ့်မည်။- | |
John | BurCBCM | 16:3 | သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဤသို့ပြုကြလိမ့်မည်။- | |
John | BurCBCM | 16:4 | ထိုအရာများ ဖြစ်ပျက်သည့်အချိန် ကျရောက်သောအခါ သင်တို့အား ငါပြောထားပြီးဖြစ်ကြောင်း သတိရကြစေရန် ဤအကြောင်းအရာများကို သင်တို့အား ငါပြောခြင်းဖြစ်၏။ | |
John | BurCBCM | 16:5 | ယခုမှာမူ ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ကိုယ်တော်မည်သည့်အရပ်သို့ သွားမည်နည်းဟူ၍ သင်တို့တွင် တစ်ယောက်မျှ ငါ့ကို မမေးကြ။- | |
John | BurCBCM | 16:6 | ငါသည်ကား ဤအကြောင်းအရာတို့ကို သင်တို့အား ပြောကြားသဖြင့် သင်တို့၏ စိတ်နှလုံးသည် ဝမ်းနည်းခြင်းဖြင့် ပြည့်လေပြီ။- | |
John | BurCBCM | 16:7 | သို့ပင်သော်လည်း သင်တို့အား ငါအမှန်အတိုင်းဆိုရလျှင် သင်တို့၏အကျိုးအလို့ငှာ ငါသွားခြင်းဖြစ်၏။ အကြောင်းမူကား ငါမသွားလျှင် ကူညီစောင်မသောအရှင်သည် ကြွလာတော်မူလိမ့်မည် မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။- | |
John | BurCBCM | 16:8 | ထိုအရှင်ကြွလာတော်မူသောအခါ ဤလောကအား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်း အကြောင်းနှင့် တရားစီရင် တော်မူခြင်းအကြောင်းတို့ကို ထင်ရှားစွာ ထုတ်ဖော်ပြတော်မူလိမ့်မည်။- | |
John | BurCBCM | 16:10 | ဖြောင့်မတ်ခြင်းဟုဆိုရခြင်းမှာ ငါသည် ခမည်းတော်ထံသို့ ကြွသွား၍ သင်တို့သည် ငါ့ကိုထပ်မံ၍ မြင်ကြရလိမ့်မည် မဟုတ်သောကြောင့်ဖြစ်၏။- | |
John | BurCBCM | 16:11 | တရားစီရင်တော်မူခြင်းဟု ဆိုရခြင်းမှာ ဤကမ္ဘာလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းခံရသောကြောင့်ဖြစ်၏။ | |
John | BurCBCM | 16:12 | ငါသည် သင်တို့အား ပြောစရာအကြောင်း အရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုခံယူနိုင်ကြမည် မဟုတ်။- | |
John | BurCBCM | 16:13 | သမ္မာတရား၏ ဝိညာဉ်တော် ကြွလာတော်မူသောအခါ သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အား သွန်သင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် မိမိ၏ အခွင့်အာဏာအလျောက် ဟောပြောလိမ့်မည်မဟုတ်။ သို့သော် ထိုအရှင်သည် မိမိကြားသိရသော အကြောင်းအရာများကို ဟောပြောတော်မူလိမ့်မည်။ ထို့ပြင် ထိုအရှင်သည် နောင်ဖြစ်လတ္တံ့သော အကြောင်းအရာတို့ကို သင်တို့အား ပြောကြားတော်မူလိမ့်မည်။- | |
John | BurCBCM | 16:14 | ထိုအရှင်သည် ငါ၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ငါ၏တရားကိုယူ၍ သင်တို့အား ကြားသိစေမည်ဖြစ်သောကြောင့်တည်း။- | |
John | BurCBCM | 16:15 | ခမည်းတော်၌ ရှိသမျှသည် ငါနှင့်သက် ဆိုင်၏။ ထို့ကြောင့် ထိုအရှင်သည် ငါနှင့်သက်ဆိုင်သော တရားကိုယူ၍ သင်တို့အား ကြားသိစေလိမ့်မည်ဟု ငါ ဆိုခြင်းဖြစ်၏။ | |
John | BurCBCM | 16:16 | တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရတော့မည်မဟုတ်။ တစ်ဖန် တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 16:17 | ကိုယ်တော်၏ တပည့်တော်အချို့တို့က အချင်းချင်း ပြောဆိုကြသည်မှာ တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်မဟုတ်၊ တစ်ဖန် တစ်ခဏမျှ ကြာလျှင် သင်တို့သည် ငါ့ကို တွေ့ မြင်ကြရလိမ့်မည်၊ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဟူ၍ ငါတို့အား ကိုယ်တော်မိန့်တော်မူသောစကားသည် မည်သည့်အရာကို ဆိုလိုသနည်းဟု ဆိုကြ၏။- | |
John | BurCBCM | 16:18 | တစ်ဖန် သူတို့က ကိုယ်တော်သည် တစ်ခဏမျှဟုဆိုရာ၌ အဘယ်အရာကိုဆိုလိုသနည်း။ ကိုယ်တော်မည်သည့်အရာကို ဆိုလိုကြောင်း ငါတို့မသိကြဟုဆိုကြ၏။- | |
John | BurCBCM | 16:19 | ယေဇူးမူကား သူတို့သည် မိမိအား မေးမြန်းလိုကြောင်းကို သိသဖြင့် သူ တို့အား မိန့်တော်မူသည်မှာ တစ်ခဏမျှကြာလျှင် သင်တို့ သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်မဟုတ်။ တစ်ဖန် တစ် ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြလိမ့်မည် ဟူ၍ ငါဆိုသည်ကို သင်တို့အချင်းချင်း မေးမြန်းနေကြသလော။- | |
John | BurCBCM | 16:20 | သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် ဝမ်းနည်းငိုကြွေးကြရလိမ့်မည်။ သို့ရာတွင် ဤလောကသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြရသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲလိမ့်မည်။- | |
John | BurCBCM | 16:21 | အမျိုးသမီးတစ်ဦးသည် သားဖွားရသောအချိန် ရောက်သောအခါ ဝေဒနာပြင်းစွာခံစားရသဖြင့် ဝမ်းနည်းခြင်းရှိ၏။ သို့သော် သူမသည် သားဖွားပြီးလျှင်မူ မိမိခံစားခဲ့ရသော ဝေဒနာကို သတိမရတော့ချေ။ အကြောင်းမူကား ဤလောကအတွင်းသို့ သူငယ်တစ်ယောက် ဖွားမြင်လာခြင်းအတွက် ဝမ်းမြောက်သောကြောင့်ဖြစ်၏။- | |
John | BurCBCM | 16:22 | ထိုနည်းတူ သင်တို့သည်လည်း ယခုအခါ ဝမ်းနည်းလျက်ရှိကြ၏။ သို့သော် ငါသည် သင်တို့နှင့် တစ်ဖန်ပြန်တွေ့သောအခါ သင်တို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုအခါ မည်သူကမျှ သင်တို့၏ ဝမ်းမြောက်ခြင်းကို သင်တို့ထံမှ ယူသွား လိမ့်မည်မဟုတ်။- | |
John | BurCBCM | 16:23 | ထိုနေ့၌ သင်တို့သည် ငါ့အား မည်သည့်အရာကိုမျှ မေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် ငါ၏ခမည်းတော်ထံ တစ်စုံတစ်ခုကို တောင်းလျှောက်ကြလျှင် ကိုယ်တော်သည် ငါ၏နာမ၌ သင်တို့အား ထိုအရာကို ပေးတော်မူလိမ့်မည်။- | |
John | BurCBCM | 16:24 | ယခုတိုင်အောင် သင်တို့သည် ငါ၏နာမ၌ မည်သည့်အရာကိုမျှ မတောင်းခံကြသေး။ တောင်းလျှောက်ကြလော့။ ထိုအခါ သင်တို့သည် ရရှိကြ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံလိမ့်မည်။ | |
John | BurCBCM | 16:25 | ငါသည် ဤအကြောင်းအရာများကို ပုံဥပမာဖြင့် သင်တို့အား ဟောပြောခဲ့၏။ ပုံဥပမာဖြင့် မဟောပြောဘဲ ခမည်းတော် အကြောင်းကို သင်တို့အား ငါအတိအလင်း ဟောပြောရမည့်အချိန် ရောက်လာတော့မည်။- | |
John | BurCBCM | 16:26 | ထိုနေ့ရက်တွင် သင်တို့သည် ငါ၏နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ ငါသည် သင်တို့အတွက် ခမည်းတော်ထံသို့ တောင်းလျှောက်ပေးမည်ဟု သင်တို့အား ငါမဆိုပေ။- | |
John | BurCBCM | 16:27 | အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်၍ ငါသည် ခမည်းတော်ထံမှ ကြွလာသည်ကို ယုံကြည်ကြသဖြင့် ခမည်းတော် ကိုယ်တိုင် သင်တို့ကို ချစ်တော်မူသောကြောင့်ဖြစ် ၏။- | |
John | BurCBCM | 16:28 | ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကထဲ သို့လာခဲ့ပြီ။ တစ်ဖန်ငါသည် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ပြန်သွားမည်ဟု မိန့်တော်မူ၏။ | |
John | BurCBCM | 16:30 | ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို သိတော်မူကြောင်းနှင့် မည်သူကမျှ ကိုယ်တော့်ကို မေးမြန်းစုံစမ်းခြင်းငှာ မလိုအပ်ကြောင်းတို့ကို ယခုတပည့်တော်တို့သိကြပါပြီ။ ဤအမှုအရာအားဖြင့် ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာ တော်မူကြောင်းကို တပည့်တော်တို့ ယုံကြည်ကြပါသည်ဟု လျှောက်ထားကြ၏။- | |
John | BurCBCM | 16:32 | သင်တို့သည် တကွဲတပြားဖြစ်ကြ၍ အသီးသီး မိမိတို့၏အိမ်သို့ထွက် ပြေးကြလျက် ငါ့ကိုလည်း တစ်ဦးတည်း ထားရစ်ခဲ့မည့် အချိန်နာရီသည် ရောက်လာလိမ့်မည်။ ယခုပင်ရောက် လာလေပြီ။ သို့ရာတွင် ငါသည် တစ်ဦးတည်းမဟုတ်။ အကြောင်းမူကား ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ သောကြောင့်ဖြစ်၏။- | |