JOHN
Chapter 5
John | BurCBCM | 5:1 | ထို့နောက် ဂျူးလူမျိုးတို့၏ ပွဲတော်နေ့ ကျရောက်သဖြင့် ယေဇူးသည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူ၏။- | |
John | BurCBCM | 5:2 | ဂျေရုဆလင်မြို့ရှိ၊ သိုးတံခါးအနီးတွင် ဟေဗြေဦးဘာသာစကားဖြင့် ဘက်ဇိုင်းဒါဟုခေါ်ဆိုသော ရေကန်တစ်ကန်ရှိ၏။ ထိုရေကန်၌ မုခ်ဦးငါးဆောင်ရှိ၏။- | |
John | BurCBCM | 5:3 | ထိုမုခ်ဦးဆောင်များအောက်၌ မျက်စိမမြင်သောသူ၊ ခြေမသန်သောသူနှင့် လေဖြတ်သောသူစသည့် နာမကျန်း ဖြစ်နေသူ များစွာတို့သည် လဲလျောင်းလျက်ရှိကြ၏။- | |
John | BurCBCM | 5:4 | အကြောင်းမူကား အချိန်တန်လျှင် ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် ရေကန်အတွင်းသို့ ဆင်းသက်၍ ရေပြင်ကို လှုပ်ရှားလေ့ရှိ၏။ ထိုသို့ရေလှုပ်ရှားပြီးချိန်တွင် ရေကန်အတွင်းသို့ ပထမဦးဆုံး ဆင်းသောသူသည် မိမိ၌ စွဲကပ်နေသော အနာရောဂါဟူသမျှ ပျောက်ကင်းချမ်းသာရသောကြောင့်ဖြစ်၏။- | |
John | BurCBCM | 5:6 | ယေဇူးသည် ထိုသူ့ကိုမြင်လျှင် သူသည် ထိုနေရာ၌ ကြာမြင့်စွာ လဲလျောင်းနေခဲ့ကြောင်းကို သိသဖြင့် သင်သည် ဝေဒနာပျောက်ကင်းလိုသလောဟု သူ့အား မေးမြန်းတော်မူ၏။- | |
John | BurCBCM | 5:7 | နာမကျန်းဖြစ်သောသူကလည်း သခင်၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ ချပေးမည့်သူမရှိပါ။ အကျွန်ုပ် သွားနေစဉ်တွင် အခြားတစ်ယောက်သည် အကျွန်ုပ်ရှေ့မှ ဆင်းသွားပါသည်ဟု လျှောက်လေ၏။- | |
John | BurCBCM | 5:9 | ထိုသူသည်လည်း ချက်ချင်းပင် အကောင်း ပကတိဖြစ်၍ မိမိ၏အိပ်ရာကို သယ်ဆောင်လျက် လမ်း လျှောက်သွားလေ၏။ | |
John | BurCBCM | 5:10 | ထိုနေ့သည်ကား ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် ဂျူးလူမျိုးတို့က ဤနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင့်အိပ်ရာကို မသယ်ဆောင်အပ်ဟု ရောဂါပျောက်ကင်းသွားသူအား ဆိုကြ၏။- | |
John | BurCBCM | 5:11 | သို့သော် ထိုသူက အကျွန်ုပ်ကို ရောဂါပျောက်ကင်းစေသောသူက သင့်အိပ်ရာကိုယူပြီး လျှောက်လှမ်းသွားလော့ဟူ၍ အကျွန်ုပ်အား မိန့်မှာသည်ဟု ပြန်ပြောလေ၏။- | |
John | BurCBCM | 5:12 | သူတို့ကလည်း သင့်အိပ်ရာကိုယူပြီး လျှောက်လှမ်းသွားလော့ဟု သင့်အား ပြောသောသူကား မည်သူနည်းဟု မေးကြ၏။- | |
John | BurCBCM | 5:13 | ရောဂါပျောက်ကင်းသောသူသည် ထိုသူမည်သူဖြစ်မှန်းမသိပေ။ အကြောင်းမူကား ထိုအရပ်၌ လူများစွာ စုဝေးလျက် ရှိသည်ဖြစ်၍ ယေဇူးသည် ထွက်ခွာသွားသောကြောင့်တည်း။- | |
John | BurCBCM | 5:14 | ထို့နောက် ယေဇူးသည် ဗိမာန်တော်၌ သူ့ကိုတွေ့သောအခါ ကြည့်လော့၊ ယခု သင်သည် ကျန်းမာလျက်ရှိပြီ။ ပို၍ဆိုးသော ဘေးဒုက္ခနှင့် မကြုံတွေ့စေရန် နောက်တစ်ဖန်အပြစ်မပြုလေနှင့်ဟု သူ့အား မိန့်တော်မူ၏။- | |
John | BurCBCM | 5:15 | ထိုသူသည် ဂျူးလူမျိုးတို့ထံသို့သွား ၍ မိမိကိုကျန်းမာစေသောသူသည် ယေဇူးဖြစ်ကြောင်းကို ပြောလေ၏။- | |
John | BurCBCM | 5:16 | ယေဇူးသည် ဤအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ရန်ရှာကြ၏။- | |
John | BurCBCM | 5:17 | သို့သော် ယေဇူးက ငါ၏ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည့်အတိုင်း ငါသည်လည်း အလုပ်လုပ်လျက်ရှိသည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။- | |
John | BurCBCM | 5:18 | ထို့ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကိုသတ်ရန် ပို၍ပင် ကြိုးစားကြလေ၏။ အကြောင်းမူကား ကိုယ်တော်သည် ဥပုသ်နေ့ကိုဖောက်ဖျက်သည် သာမက ဘုရားသခင်ကို မိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့် တန်းတူ ဖြစ်စေတော်မူသောကြောင့်တည်း။ | |
John | BurCBCM | 5:19 | ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သားတော်သည် မိမိအလိုအလျောက်မည် သည့်အရာကိုမျှ မပြုနိုင်။ သူသည် ခမည်းတော်ပြုတော်မူသည်ကို မြင်ရသလောက်သာပြု၏။ အဘယ်ကြောင့်ဆိုသော် ခမည်းတော် ပြုတော်မူသမျှအတိုင်းပင် သားတော်သည်လည်း ပြု၏။- | |
John | BurCBCM | 5:20 | အကြောင်းမူကား ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိကိုယ်တော်တိုင် ပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ ထို့အတူ သင်တို့ အံ့ဩခြင်းရှိကြစေရန် ခမည်းတော်သည် ဤထက်မက ကြီးကျယ်သော အမှုအရာတို့ကိုပင် သားတော်အား ပြတော်မူလိမ့်မည်။- | |
John | BurCBCM | 5:21 | အကြောင်းမူကား ခမည်းတော်သည် သေသောသူတို့ကို ထမြောက်စေ၍ အသက်ပေးတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေတော်မူ၏။- | |
John | BurCBCM | 5:22 | ခမည်းတော်သည် မည်သူ့ကိုမျှ တရားစီရင်တော်မမူ။ သို့သော် ကိုယ်တော်သည် တရားစီရင်ပိုင်ခွင့်ရှိသမျှကို သားတော်အား ပေးတော်မူ၏။- | |
John | BurCBCM | 5:23 | ဤသို့ဖြင့် ခပ်သိမ်းသောသူတို့သည် ခမည်းတော်ကို ရိုသေသကဲ့သို့ပင် သားတော်ကိုလည်း ရိုသေကြရမည်ဖြစ်၏။ သားတော်ကို မရိုသေသောသူသည် သူ့အား စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေ။- | |
John | BurCBCM | 5:24 | သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏စကားကို နားထောင်လျက် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။ ထိုသူသည် အပြစ်စီရင်ခြင်းသို့မရောက်ရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းလေပြီ။ | |
John | BurCBCM | 5:25 | သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သေလွန်သောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားကြရမည့် အချိန်နာရီမှာ ကျရောက်လာမည်ဖြစ်ရာ ယခုတွင်ပင် ကျရောက်လေပြီ။ ကြားရသောသူတို့သည်လည်း အသက်ရှင်ကြလိမ့်မည်။- | |
John | BurCBCM | 5:26 | အကြောင်းမူကား ခမည်းတော်သည် အသက်ကို ပိုင်ဆိုင်တော်မူသကဲ့သို့ သားတော်သည်လည်း အသက်ကို ပိုင်ဆိုင် စေခြင်းငှာ အခွင့်ပေးတော်မူ၏။- | |
John | BurCBCM | 5:27 | ခမည်းတော်သည် တရားစီရင်ရန် အခွင့်အာဏာကိုလည်း သူ့အား အပ်နှင်းထားတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် လူသားဖြစ်တော်မူသောကြောင့်တည်း။- | |
John | BurCBCM | 5:28 | ဤအကြောင်းအရာကို အံ့ဩခြင်းမရှိကြနှင့်။ အကြောင်းမူကား သခင်္ျိုင်းများအတွင်း၌ ရှိကြသောသူအပေါင်းတို့သည် သူ၏အသံကိုကြားရမည့် အချိန်နာရီရောက်လာလိမ့်မည်။- | |
John | BurCBCM | 5:29 | ကောင်းသောအကျင့်ကို ကျင့်ကြံသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း၊ မကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း ရောက်ကြလိမ့် မည်။ | |
John | BurCBCM | 5:30 | ငါသည် ငါ့အလိုအတိုင်း မည်သည့်အရာကိုမျှ မပြုနိုင်။ ငါကြားရသည့်အတိုင်း တရားစီရင်၏။ ငါ၏စီရင်ခြင်းသည်လည်း တရားမျှတ၏။ အကြောင်းမူကား ငါသည် ငါ့အလိုဆန္ဒကိုမလိုက်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုသာ လိုက်နာ၏။- | |
John | BurCBCM | 5:32 | ငါ၏အကြောင်းကို သက်သေခံသောသူ အခြားတစ်ပါးရှိ၍ ငါ့အပေါ် သက်သေခံသောသူ၏ သက်သေခံချက်သည် မှန်ကန်ကြောင်း ငါသိ၏။- | |
John | BurCBCM | 5:33 | သင်တို့သည် ယောဟန်ထံသို့ တမန်များကို စေလွှတ်ခဲ့ကြ၏။ သူသည်လည်း သမ္မာတရားဘက်မှ သက်သေခံခဲ့လေပြီ။- | |
John | BurCBCM | 5:34 | ငါခံယူသော သက်သေခံချက်သည် လူတို့ထံမှမဟုတ်။ သို့သော် သင်တို့ သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ဤအရာကို ငါပြော၏။- | |
John | BurCBCM | 5:35 | သူသည် ထွန်းလင်းတောက်လောင်နေသော ဆီမီးဖြစ်၏။ သင်တို့မူကား သူ၏အလင်း၌ ခေတ္တခဏမျှ မွေ့လျော်ခြင်းငှာ အလိုရှိကြ၏။- | |
John | BurCBCM | 5:36 | သို့သော် ငါ၌ရှိသော သက်သေခံချက်သည် ယောဟန်၏သက်သေခံချက် ထက်သာ၍ကြီးမြတ်၏။ အကြောင်းမူကား ပြီးမြောက်အောင် ဆောင်ရွက်စေခြင်းငှာ ခမည်းတော်က ငါ့အား ပေးအပ်တော်မူသောအမှုတော်များကို ငါသည် ပြုလုပ်ဆောင် ရွက်လျက်ရှိ၍ ၎င်းတို့သည် ငါ့အား ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြလေ၏။- | |
John | BurCBCM | 5:37 | ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ကိုယ်တော်တိုင် ငါ့ကိုသက်သေခံတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ အသံကို တစ်ခါမျှမကြားဖူးကြ။ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်ကိုလည်း သင်တို့မမြင်ဖူးကြပေ။- | |
John | BurCBCM | 5:38 | ကိုယ်တော်၏ နှုတ်တော်ထွက်စကားသည်လည်း သင်တို့၌မတည်ပေ။ အကြောင်းမူကား သင်တို့သည် ကိုယ်တော်စေလွှတ် တော်မူသောသူကိုမယုံကြည်ကြသောကြောင့်တည်း။ | |
John | BurCBCM | 5:39 | ကျမ်းစာတော်မြတ်အားဖြင့် ထာ၀ရအသက်ကို ရရှိမည်ဟု သင်တို့ခံယူကြလျက် ၎င်းကို သင်တို့လေ့လာကြ၏။ ထိုကျမ်းစာတော်မြတ်သည်ပင်လျှင် ငါ့ကို သက်သေခံ၏။- | |
John | BurCBCM | 5:43 | ငါသည် ငါ့ခမည်းတော်၏ နာမတော်၌ လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသူတစ်ဦးသည် မိမိ၏ နာမ၌လာလျှင် သင်တို့သည် ထိုသူ့ကို လက်ခံကြလိမ့်မည်။- | |
John | BurCBCM | 5:44 | သင်တို့သည် လူသားအချင်းချင်းထံမှ ချီးမွမ်းဩဘာပေးခြင်းကို လက်ခံ၍ ဘုရားသခင်ကသာ ပေးတော်မူသော ဘုန်းဂုဏ်တော်ကို အလိုမရှိကြလျှင် မည်ကဲ့သို့ ယုံကြည်နိုင်ကြမည်နည်း။- | |
John | BurCBCM | 5:45 | ငါသည် ခမည်းတော်ဘုရား၏ ရှေ့တော်၌ သင်တို့ကို အပြစ်တင်စွပ်စွဲမည်ဟု မထင်မှတ်ကြနှင့်။ သင်တို့ မျှော်လင့်အားကိုးသော မိုးဇက်သည် သင်တို့ကို အပြစ်တင်စွပ်စွဲလိမ့်မည်။- | |
John | BurCBCM | 5:46 | သင်တို့သည် မိုးဇက်ကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ပေလိမ့်မည်။ အကြောင်းမူကား သူသည် ငါ၏အကြောင်းကို ရေးထားခဲ့၏။- | |