JOHN
Chapter 9
John | BurCBCM | 9:2 | ကိုယ်တော်၏ တပည့်တော်တို့ကလည်း ရာဘီ၊ ဤသူ၏မွေးရာပါ မျက်စိမမြင်ရခြင်းသည် သူအပြစ်ပြုခြင်းကြောင့် ဖြစ်သလော၊ သို့မဟုတ် သူ့မိဘများအပြစ်ပြုသော ကြောင့်လောဟု မေးလျှောက်ကြ၏။- | |
John | BurCBCM | 9:3 | ထိုအခါ ယေဇူးက ၎င်းသည် သူအပြစ်ပြုခြင်းကြောင့်လည်းမဟုတ်။ သူ့မိဘများ အပြစ်ပြုခြင်းကြောင့်လည်း မဟုတ်ဘဲ ဘုရားသခင်၏ တန်ခိုးတော်သည် သူ့၌ ထင်ရှားရမည့်အကြောင်းသာ ဖြစ်သတည်း။- | |
John | BurCBCM | 9:4 | ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုတော်ကို နေ့အချိန်ရှိစဉ် ငါတို့လုပ်ဆောင်ကြရမည်။ မည်သူမျှမလုပ်ဆောင်နိုင်သည့် ညအချိန်သည် ကျရောက်လိမ့်မည်။- | |
John | BurCBCM | 9:6 | ဤသို့မိန့်တော်မူပြီးနောက် ကိုယ်တော်သည် မြေပေါ်သို့တံတွေး ထွေး၍ ရွှံ့လုပ်ပြီးမှ မျက်မမြင်၏မျက်စိကို ရွှံ့နှင့်လူးလျက်၊- | |
John | BurCBCM | 9:7 | သူ့အား သွား၍ စီလွမ်ရေကန်တွင် ဆေးကြောလော့ဟု မိန့်တော်မူ၏။ (စီလွမ်၏အဓိပ္ပာယ်ကား စေလွှတ်ခြင်းခံရသည်ဟု ဆိုလို၏။) ဤသို့ဖြင့် ထိုသူသည် သွား၍ ဆေးကြောသဖြင့် မျက်စိမြင်လျက် ပြန်လာ၏။- | |
John | BurCBCM | 9:8 | ထို့ကြောင့် အိမ်နီးချင်းများနှင့် ယခင်က ထိုမျက်မမြင်တောင်းစားနေသည်ကို မြင်ဖူးသူတို့က ဤသူသည် ထိုင်၍ တောင်းစား လေ့ရှိသူမဟုတ်လောဟု ဆိုကြ၏။- | |
John | BurCBCM | 9:9 | အချို့က သူသည် ထိုသူပင်ဖြစ်သည်ဟူ၍ ဆိုကြ၏။ အချို့ကမူ သူသည် ထိုသူမဟုတ်ပါ။ သို့သော် သူသည် ထိုသူနှင့် တူသည်ဟု ဆိုကြ၏။ သူကိုယ်တိုင်ကမူ ငါသည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။- | |
John | BurCBCM | 9:10 | ထိုအခါ သူတို့က သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့ မျက်စိအလင်းပြန်ရသနည်းဟု သူ့အား မေးကြ၏။- | |
John | BurCBCM | 9:11 | သူက ယေဇူးဟု အမည်ရှိသောသူသည် ရွှံ့အနည်းငယ်ကို ပြုလုပ်၍ ငါ၏မျက်စိကို လူးပြီးလျှင် ငါ့အား စီလွမ်ရေ ကန်သို့သွား၍ ဆေးကြောလော့ဟုဆိုပါ၏။ ထို့ကြောင့် ငါသည် သွား၍ ဆေးကြောသောအခါ မျက်စိပြန်မြင်လာပါသည်ဟု ပြန်ဖြေလေ၏။- | |
John | BurCBCM | 9:12 | သူတို့ကလည်း ထိုသူသည် အဘယ်မှာနည်းဟု သူ့ကို မေးလျှင် ထိုသူကို ငါမသိပါဟု မျက်မမြင်ကဆို၏။ | |
John | BurCBCM | 9:14 | ယေဇူးသည် ရွှံ့ကိုပြုလုပ်လျက် မျက်မမြင်ကို မျက်စိပြန်မြင်စေတော်မူသော နေ့ကား ဥပုသ်နေ့ဖြစ်သတည်း။- | |
John | BurCBCM | 9:15 | ဖာရီဇေးဦးတို့သည် ထိုသူ၏မျက်စိ မည်ကဲ့သို့အလင်းရလာပုံကို သူ့အား တစ်ဖန်မေးမြန်းကြ၏။ သူကလည်း ထိုသူသည် ကျွန်ုပ်၏မျက်စိကို ရွှံ့နှင့်လူးပေး၍ ကျွန်ုပ်သည် ဆေးလိုက်သောအခါ မျက်စိမြင်လာပါသည်ဟု သူတို့အား ဆို၏။- | |
John | BurCBCM | 9:16 | ဖာရီဇေးဦး အချို့တို့က ထိုသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှ ကြွလာသောသူ မဖြစ်နိုင်ရာ ဟုဆိုကြ၏။ အခြားသူတို့ကမူကား အပြစ်ရှိသောသူသည် ဤနိမိတ်လက္ခဏာများကို မည်ကဲ့သို့ပြနိုင်ပါမည်နည်းဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း စိတ်သဘော ကွဲလွဲကြလေ၏။- | |
John | BurCBCM | 9:17 | ထို့ကြောင့် သူတို့က မျက်မမြင်ဖြစ်ခဲ့သူအား ထိုသူသည် သင်၏မျက်စိကိုပြန်မြင်စေခဲ့သည်ဖြစ်၍ သင်သည် ထိုသူ၏ အကြောင်းကို မည်သို့ဆိုမည်နည်းဟု တစ်ဖန်မေးကြပြန်၏။ သူကလည်း ထိုသူသည် ပရောဖက်ဖြစ်ပါသည်ဟု ဖြေကြားလေ၏။ | |
John | BurCBCM | 9:18 | သို့ရာတွင် ဂျူးလူမျိုးတို့သည် ထိုသူမျက်စိ မမြင်ခဲ့ကြောင်းကိုလည်းကောင်း၊ ယခုမျက်စိ မြင်လာသည်ကိုလည်းကောင်း မယုံကြည်သဖြင့် မျက်စိပြန်မြင်လာသောသူ၏ မိဘတို့ကိုခေါ်၍၊- | |
John | BurCBCM | 9:19 | ဤသူသည် မွေးကတည်းမှပင် မျက်စိမမြင်ဟု သင်တို့ဆိုကြသည့် သင်တို့၏ သားဖြစ်သလော။ သို့ဖြစ်လျှင် သူသည် ယခုမည်ကဲ့သို့မျက်စိမြင် လာရသနည်းဟု မေးကြ၏။- | |
John | BurCBCM | 9:20 | သူ၏မိဘတို့က ဤသူသည် အကျွန်ုပ်တို့၏သားဖြစ်ပြီး သူသည် မွေးစကပင် မျက်စိမမြင်သောသူဖြစ်သည်ကို အကျွန်ုပ်တို့သိပါ၏။- | |
John | BurCBCM | 9:21 | သို့သော် သူမည်ကဲ့သို့ မျက်စိပြန်မြင်လာသည်ကိုလည်းကောင်း၊ မည်သူက သူ၏မျက်စိကို ပွင့်စေသည်ကိုလည်းကောင်း အကျွန်ုပ်တို့မသိပါ။ သူ့ကို မေးကြပါ။ သူသည် အရွယ်ရောက်ပါပြီ။ သူသည် မိမိ၏အကြောင်းကို ကိုယ်တိုင်ပြောပြပါလိမ့်မည်ဟု ဖြေကြားကြ၏။- | |
John | BurCBCM | 9:22 | သူ၏မိဘတို့ သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့သောကြောင့် ဤသို့ဖြေ ကြားကြခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တစ်စုံ တစ်ယောက်က ကိုယ်တော်သည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံလျှင် ထိုသူ့ကို တရားဇရပ်မှနှင်ထုတ်ရန် ဂျူးလူမျိုးတို့သည် သဘောတူဆုံးဖြတ်ထားကြပြီးဖြစ်၏။- | |
John | BurCBCM | 9:24 | ထိုအခါ ဖာရီဇေးဦးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ သင်သည် ဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။ ထိုသူသည် အပြစ်ရှိသူဖြစ်ကြောင်း ငါတို့သိကြပြီဟု သူ့အား ဆိုလေ၏။- | |
John | BurCBCM | 9:25 | မျက်စိပြန်မြင်သူကလည်း ထိုသူသည် အပြစ်ရှိသူဖြစ်သည်၊ မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်က မျက်စိမမြင်ဘဲ ယခုမျက်စိပြန်မြင်လာသည် ဆိုသည့်အချက်တစ်ခုကိုမူ သိပါသည်ဟု ပြန်ဖြေလေ၏။- | |
John | BurCBCM | 9:26 | ထိုသူတို့က သူသည် သင့်ကိုမည်ကဲ့သို့ပြုသနည်း၊ သင်၏မျက်စိကို မည်ကဲ့သို့ ပြန်မြင်စေသနည်းဟု သူ့အား မေးကြ၏။- | |
John | BurCBCM | 9:27 | သူကလည်း သင်တို့အား အကျွန်ုပ်ပြောပြပြီးဖြစ်၏။ သို့သော် သင်တို့ နားမထောင်ခဲ့ကြ။ အဘယ်ကြောင့် သင်တို့ထပ်မံကြား လိုကြပါသနည်း။ သင်တို့သည်လည်း သူ၏တပည့်ဖြစ် လိုကြသလောဟု သူတို့အား ပြန်ပြောလေ၏။- | |
John | BurCBCM | 9:28 | ထိုအခါ သူတို့သည် သူ့အား ကဲ့ရဲ့ကြပြီး သင်သာလျှင် ထိုသူ၏ တပည့်ဖြစ်၏။ ငါတို့မူကား မိုးဇက်၏တပည့်များဖြစ်၏။- | |
John | BurCBCM | 9:29 | ဘုရားသခင်သည် မိုးဇက်အား ဗျာဒိတ်ပေးတော်မူခဲ့ကြောင်းကို ငါတို့သိကြ၏။ ဤသူသည်ကား မည်သည့်အရပ်က လာသည်ကို ငါတို့မသိကြဟု ဆိုကြ၏။- | |
John | BurCBCM | 9:30 | ထိုအခါ သူက ဤအမှုသည် အံ့ဖွယ်ကောင်းလှပေ၏။ ထိုသူ မည်သူဖြစ်သည်ကို သင်တို့မသိကြ။ သို့သော်လည်း ထိုသူသည် အကျွန်ုပ်၏မျက်စိများကိုဖွင့်ပေးခဲ့၏။- | |
John | BurCBCM | 9:31 | ဘုရားသခင်သည် အပြစ်ရှိသူတို့အား နားညောင်းတော်မမူကြောင်း အကျွန်ုပ်တို့သိကြ၏။ သို့ရာတွင် မည်သူမဆို ဘုရားသခင်ကို ရှိခိုးကိုးကွယ်သူတစ်ဦးဖြစ်ပြီး ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ပါလျှင် ဘုရားသခင်သည် ထိုသူ့ကို နားညောင်းတော်မူ၏။- | |
John | BurCBCM | 9:32 | မွေးရာပါမျက် မမြင်တစ်ဦး၏မျက်စိကို တစ်စုံတစ်ယောက်က မြင်စေနိုင်သည့်အကြောင်း ကမ္ဘာဦးကပင် မကြားစဖူး။- | |
John | BurCBCM | 9:33 | ဤသူသည် ဘုရားသခင်ထံတော်မှ ကြွလာသူမဟုတ်လျှင် သူသည် မည်သည့်အရာကိုမျှ တတ်နိုင်မည်မဟုတ်ပါဟု ပြန်ဖြေလေ၏။- | |
John | BurCBCM | 9:34 | ထိုသူတို့ကလည်း သင်သည် တစ်ကိုယ်လုံး အပြစ်မကောင်းမှု၌ မွေးဖွားခဲ့သူဖြစ်ပါလျက် ငါတို့အား သွန်သင်နေ သလောဟုဆိုပြီး သူ့ကိုနှင်ထုတ်ကြ၏။ | |
John | BurCBCM | 9:35 | ဖာရီဇေးဦးတို့က ထိုသူ့ကို နှင်ထုတ်လိုက်ကြောင်း ယေဇူးကြားတော်မူ၍ သူ့ကိုတွေ့သောအခါ သင်သည် လူသားကို ယုံကြည်ပါသလောဟု သူ့အား မေးတော်မူ ၏။- | |
John | BurCBCM | 9:36 | သူကလည်း သခင်၊ ထိုသူကား အဘယ်သူနည်း။ အကျွန်ုပ်သည် သူ့ကိုယုံကြည်နိုင်ရန် အကျွန်ုပ်အား ပြောပြပါဟု ပြန်၍လျှောက်သော် ယေဇူးက သင်သည် ထိုသူ့ကို မြင်ခဲ့ပြီးလေပြီ။- | |
John | BurCBCM | 9:39 | ယေဇူးကလည်း မျက်စိမမြင်နိုင်သော သူတို့ကို မျက်စိအလင်းရစေ၍ မြင်သောသူတို့ကို မျက်စိကန်းကြစေခြင်းငှာ စီရင်ဆုံးဖြတ်ရန် ဤလောက သို့ ငါကြွလာခဲ့သည်ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 9:40 | ကိုယ်တော်၏ အနီး၌ရှိနေကြသောဖာရီဇေးဦးအချို့သည် ထိုစကားကို ကြားကြလျှင် ကိုယ်တော်အား အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလောဟု ဆိုကြ၏။- | |