JOHN
Chapter 10
John | BurCBCM | 10:1 | ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သိုးခြံထဲသို့တံခါး၀မှမဝင်ဘဲ အခြားနည်းဖြင့် ကျော်တက်သောသူသည် သူခိုးဓားပြဖြစ်၏။- | |
John | BurCBCM | 10:3 | တံခါးစောင့်သည် သိုးထိန်းအား တံခါးဖွင့်ပေး၏။ သိုးတို့သည် သူ၏အသံကို နားထောင်ကြ၏။ သူသည်လည်း မိမိ၏သိုးတို့ကို တစ်ကောင်စီ အမည်တပ်ခေါ်၍ ၎င်းတို့ကို အပြင်သို့ထုတ်ဆောင်တတ်၏။- | |
John | BurCBCM | 10:4 | သူသည် မိမိ ၏သိုးတို့ကို ခေါ်ထုတ်ပြီးလျှင် ၎င်းတို့၏ရှေ့မှဦးဆောင်၍ သွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသဖြင့် သူ၏နောက်သို့လိုက်ကြ၏။- | |
John | BurCBCM | 10:5 | သိုးတို့သည် သူစိမ်း၏နောက်သို့ မလိုက်ကြ။ ၎င်းတို့သည် သူစိမ်း၏အသံကို မသိကြသောကြောင့် သူ့ထံမှ ထွက်ပြေးကြလိမ့်မည်ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 10:6 | ယေဇူးသည် ဤပုံဥပမာကို သူတို့အား မိန့်တော်မူသော်လည်း ထိုသူတို့သည် မိမိတို့အား ကိုယ်တော် မိန့်တော်မူသော အကြောင်းအရာကို နားမလည်ကြချေ။ | |
John | BurCBCM | 10:7 | ထို့ကြောင့် ယေဇူးက သူတို့အား တစ်ဖန်မိန့်တော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါသည် သိုးတို့ဝင်သော တံခါး၀ဖြစ်၏။- | |
John | BurCBCM | 10:8 | ငါ့ထက်အလျင် ဝင်ရောက်လာသောသူအပေါင်းတို့သည် သူခိုးဓားပြများ ဖြစ်ကြ၏။ သို့သော် သိုးတို့သည် သူတို့ကို နားမထောင်ကြ။- | |
John | BurCBCM | 10:9 | ငါသည် တံခါး၀ဖြစ်၏။ ငါ့အားဖြင့် ဝင်သောသူ သည် ဘေးအန္တရာယ်ကင်းလွတ်၍ ဝင်ထွက်သွားလာ နိုင်သဖြင့် စားကျက်ကို တွေ့ရလိမ့်မည်။- | |
John | BurCBCM | 10:10 | သူခိုးသည် ခိုးယူ၍ သတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကား သူတို့အား အသက်ကို ရစေခြင်းငှာလည်းကောင်း၊ ထိုအသက်ကို ပို၍ကြွယ်၀စွာ ရရှိစေခြင်းငှာလည်းကောင်း လာ၏။ | |
John | BurCBCM | 10:11 | ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးများအတွက် မိမိအသက်ကို စွန့်တတ်၏။- | |
John | BurCBCM | 10:12 | သိုးထိန်းမဟုတ်ဘဲ သိုးများကိုလည်း မပိုင်သော သူငှားသည် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်ပစ်၍ ထွက်ပြေးတတ်၏။ ဝံပုလွေသည်လည်း သိုးတို့ကို ရုတ်တရက်ဖမ်းဆွဲ၍ တကွဲတပြားစီဖြစ်စေတတ်၏။- | |
John | BurCBCM | 10:15 | ငါ၏ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ၏သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည် သိုးများအတွက် ငါ၏အသက်ကိုစွန့်၏။- | |
John | BurCBCM | 10:16 | ဤသိုးစုတွင် မပါဝင်သော အခြားသိုးများလည်း ငါ့၌ရှိ၏။ ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရဦးမည်။ သူတို့သည် ငါ့အသံကိုနား ထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစ်စု၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။- | |
John | BurCBCM | 10:17 | ဤအကြောင်းကြောင့် ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ အကြောင်းမူကား ငါသည် အသက်ကို ပြန်လည်ရရှိစေရန် ငါ၏အသက်ကို စွန့်သောကြောင့်ဖြစ်၏။- | |
John | BurCBCM | 10:18 | မည်သူမျှ ငါ၏အသက်ကို ငါ့ ထံမှ မလုယူနိုင်။ ငါသည် ငါ၏ဆန္ဒအလျောက် အသက် စွန့်ခြင်းဖြစ်၏။ ငါ၌ အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်လည်ရ ယူပိုင်ခွင့်ရှိ၏။ ငါသည် ဤအခွင့်အာဏာကို ခမည်းတော်ထံမှ ခံယူရရှိလေပြီဟု မိန့်တော်မူ၏။ | |
John | BurCBCM | 10:20 | သူတို့ထဲမှ များစွာသောသူတို့က ဤသူသည် နတ်ဆိုးစွဲ၍ ရူးသွပ်နေလေပြီ။ သင်တို့သည် အဘယ်ကြောင့် သူ့ကိုနား ထောင်ကြသနည်းဟု ဆိုကြ၏။- | |
John | BurCBCM | 10:21 | အခြားသောသူတို့က ဤစကားများသည် နတ်ဆိုးစွဲသောသူ၏ စကားများ မဟုတ်။ နတ်ဆိုးသည် မျက်စိမမြင်သောသူကို ပြန်မြင် စေနိုင်သလောဟု ဆိုကြ၏။ | |
John | BurCBCM | 10:22 | ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျင်းပလျက်ရှိ၍ ဆောင်းကာလလည်းဖြစ်၏။- | |
John | BurCBCM | 10:23 | ယေဇူးသည် ဗိမာန်တော်အတွင်း၌ရှိသော ဆောလမွန်မုခ်ဦးဆောင်တွင် စင်္ကြံလျှောက်လျက် နေတော်မူ၏။- | |
John | BurCBCM | 10:24 | ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ဝန်းရံလျက် သင်သည် မည်မျှကြာအောင် အကျွန်ုပ်တို့၏ စိတ်ကို မရေမရာ ဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်ဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတိအလင်း ပြောပါလော့ဟုဆိုကြ၏။- | |
John | BurCBCM | 10:25 | ယေဇူးက သူတို့အား ပြန်ဖြေတော်မူသည်ကား သင်တို့အား ငါပြောဆိုခဲ့လေပြီ။ သို့သော် သင်တို့သည် မယုံကြည်ကြ။ ငါ့ခမည်းတော်၏ နာမတော်၌ ငါလုပ်ဆောင်သော အမှုတို့သည် ငါ့ကို သက်သေခံလျက်ရှိ၏။- | |
John | BurCBCM | 10:26 | သို့သော် သင်တို့သည် မယုံကြည်ကြ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ၏သိုးစုတွင် မပါဝင်ကြ သောကြောင့်ဖြစ်၏။- | |
John | BurCBCM | 10:27 | ငါ၏သိုးတို့သည် ငါ့အသံကို နားထောင်ကြ၏။ ငါသည် သူတို့ကိုသိ၍ သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြ၏။- | |
John | BurCBCM | 10:28 | ငါသည် သူတို့အား ထာ၀ရ အသက်ကိုပေး၏။ သူတို့သည် မည်သည့်အခါမျှ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်မဟုတ်။ မည်သူမျှ သူတို့ကို ငါ့ထံမှမလုယူနိုင်။- | |
John | BurCBCM | 10:29 | သူတို့ကို ငါ့အား ပေးတော်မူသော ခမည်းတော်သည် အားလုံးတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍ မည်သူကမျှ သူတို့ကို ခမည်းတော်၏လက်မှ မလုယူနိုင်။- | |
John | BurCBCM | 10:32 | ယေဇူးက ငါသည် ခမည်းတော်ထံမှ ကောင်းမြတ်သော အမှုများကို သင်တို့ မျက်မှောက်တွင်ပြခဲ့ပြီ။ ဤအမှုများအနက် မည်သည့် အမှုကြောင့် ငါ့ကို သင်တို့ ခဲနှင့်ပေါက်လိုကြသနည်းဟု သူတို့အား မိန့်တော်မူ၏။- | |
John | BurCBCM | 10:33 | ဂျူးလူမျိုးတို့က ငါတို့သည် သင့်ကို ခဲနှင့်ပေါက်ခြင်းမှာ ကောင်းသောအမှုကြောင့် မဟုတ်ဘဲ ဘုရားသခင်ကို ထိခိုက်ပြောဆိုသော စကားကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် လူသားတစ်ဦးသာဖြစ်ပါလျက် သင့်ကိုယ်သင် ဘုရားဟု ဆိုလေပြီဟု ပြောဆိုကြ၏။- | |
John | BurCBCM | 10:34 | ယေဇူးက သူတို့အား ပြန်ဖြေတော်မူသည်မှာ သင်တို့၏ ပညတ်တရားကျမ်းတွင် သင်တို့သည် ဘုရားများဖြစ်ကြ၏ဟု ငါဆိုသည်ဟူ၍ ရေးသားထားသည်မဟုတ်လော။- | |
John | BurCBCM | 10:35 | ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသောသူတို့အား ဘုရားများဟု ခေါ်ဆိုပြီး ကျမ်းစာတော်မြတ်ကိုလည်း ငြင်းပယ်ရန် မဖြစ်နိုင်လျှင်၊- | |
John | BurCBCM | 10:36 | ခမည်းတော်က ခန့်အပ်၍ ဤလောကသို့ စေလွှတ်တော်မူသော ငါသည် ဘုရား၏သားတော်ဖြစ်သည်ဟု ဆိုသောအခါ ဘုရားကိုထိခိုက်သော စကားဟု သင်တို့အဘယ်ကြောင့် ဆိုကြသနည်း။- | |
John | BurCBCM | 10:38 | သို့သော် ထိုအမှုများကို ငါဆောင်ရွက်လျှင် သင်တို့ ငါ့ကို မယုံသော်လည်း ထိုအမှုတို့ကို ယုံကြည်ကြပါလော့။ ဤသို့ဖြင့် ခမည်းတော်သည် ငါ၌ရှိကြောင်းကိုလည်းကောင်း၊ ငါသည်လည်း ခမည်းတော်၌ ရှိကြောင်းကိုလည်းကောင်း သင်တို့သိနားလည်လာကြလိမ့်မည်။- | |
John | BurCBCM | 10:39 | တစ်ဖန် သူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့သော် ကိုယ်တော်သည် သူတို့၏လက်မှ လွတ်မြောက် သွားလေ၏။ | |
John | BurCBCM | 10:40 | ကိုယ်တော်သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ ယခင်က ယောဟန်ဆေးကြောခြင်းမင်္ဂလာ ပေးခဲ့သောအရပ်သို့ တစ်ဖန်ကြွသွားတော်မူပြီးလျှင် ထိုအရပ်၌ နေတော်မူ၍၊- | |
John | BurCBCM | 10:41 | များစွာသောလူတို့သည်လည်း အထံတော်သို့လာကြ၏။ သူတို့က ယောဟန်သည် မည်သည့်အံ့ဖွယ် နိမိတ်လက္ခဏာကိုမျှ မပြခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောသမျှအကြောင်းတို့သည် မှန်ပေ၏ဟု ဆိုကြ၏။- | |