JOHN
Chapter 17
John | BurCBCM | 17:1 | ဤသို့မိန့်မြွက်တော်မူပြီးနောက် ယေဇူးသည် ကောင်းကင်သို့ မျှော်ကြည့်လျက် မြွက်ဆိုသည်ကား အိုအဖ၊ အချိန်နာရီ ကျရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေနိုင်ရန် အလို့ ငှာ သားတော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေတော်မူပါ။- | |
John | BurCBCM | 17:2 | အကြောင်းမူကား ကိုယ်တော်သည် သားတော်၏ လက်သို့အပ်နှံထားသော သူအပေါင်းတို့အား ထာ၀ရအသက်ကို ပေးစေခြင်းငှာ လူသားအားလုံးအပေါ်၌ အုပ်စိုးရသော တန်ခိုးအာဏာကို သားတော်အား ပေးတော်မူ၏။- | |
John | BurCBCM | 17:3 | ထာ၀ရအသက်ဟူမူကား စစ်မှန်သောဘုရား တစ်ဆူတည်းဖြစ်သည့် ကိုယ်တော့်ကိုလည်းကောင်း၊ ကိုယ်တော် စေလွှတ်တော်မူသော ယေဇူးခရစ်တော်ကိုလည်းကောင်း သူတို့သိမှတ်ဝန်ခံကြခြင်းပင်ဖြစ်၏။- | |
John | BurCBCM | 17:4 | အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော အမှုတော်တို့ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းဖြင့် အကျွန်ုပ်သည် ဤကမ္ဘာမြေကြီးပေါ်၌ ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါပြီ။- | |
John | BurCBCM | 17:5 | အိုအဖ၊ ဤကမ္ဘာမြေမတည်ရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်စံစားခဲ့ရသည့် ဘုန်းဂုဏ်တော်ကို အကျွန်ုပ်အား ကိုယ်တော်၏ရှေ့တော်တွင် ယခု ပေးတော်မူပါ။ | |
John | BurCBCM | 17:6 | ဤလောကထဲမှ ကိုယ်တော်ရွေးချယ်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို ဖော်ပြခဲ့ပါပြီ။ သူတို့ကို ကိုယ်တော် ပိုင်ဆိုင်တော်မူပြီး ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်အား ပေးတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို လိုက်နာစောင့်ထိန်းကြပါပြီ။- | |
John | BurCBCM | 17:7 | အကျွန်ုပ်အား ပေးတော်မူသော အရာဟူသမျှသည် ကိုယ်တော့်ထံမှ ဖြစ်ကြောင်းကို ယခုသူတို့ သိရှိကြပါပြီ။- | |
John | BurCBCM | 17:8 | အကြောင်းမူကား အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော နှုတ်တော်ထွက်တရားတော်များကို အကျွန်ုပ်သည် သူတို့အား ပေးပါ၏။ သူတို့သည်လည်း နှုတ်တော်ထွက်တရားတော်ကို ခံယူကြ၍ အကျွန်ုပ်သည် ကိုယ်တော်၏အထံတော်မှ လာကြောင်းကို သူတို့အမှန်ပင် သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ ယုံကြည်ကြပါ၏။- | |
John | BurCBCM | 17:9 | အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပါ၏။ ဤလောကအတွက် အကျွန်ုပ်ဆုမတောင်းပါ။ သို့သော်လည်း အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော သူတို့သည် ကိုယ်တော်ပိုင်ဆိုင်သော သူများဖြစ်သောကြောင့် သူတို့အတွက် အကျွန်ုပ်ဆုတောင်းပါ၏။- | |
John | BurCBCM | 17:10 | အကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ပိုင်ပါ၏။ ကိုယ်တော်၌ ရှိသမျှကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထိုသူများအားဖြင့် အကျွန်ုပ်၏ဘုန်းထင်ရှားပါ၏။- | |
John | BurCBCM | 17:11 | အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ လာမည်ဖြစ်၍ ဤလောကတွင် ရှိတော့မည် မဟုတ်ပါ။ သို့သော် သူတို့မူကား ဤလောကတွင် ရှိနေကြပါမည်။ သန့်ရှင်းမွန်မြတ်တော်မူသောအဖ၊ အကျွန်ုပ်အား ကိုယ်တော်အပ်နှံထားသော သူတို့သည် အကျွန်ုပ်တို့ကဲ့သို့ တစ်လုံးတစ်၀တည်း ရှိကြစေရန် ကိုယ်တော်၏ နာမတော်၌ စောင့်ရှောက်တော်မူပါ။- | |
John | BurCBCM | 17:12 | အကျွန်ုပ်သည် အကျွန်ုပ်အား ကိုယ်တော်အပ်နှံထားတော်မူသော သူတို့နှင့်အတူရှိစဉ် ကိုယ်တော်၏နာမတော်၌ သူတို့ကို စောင့် ရှောက်ခဲ့ပါ၏။ အကျွန်ုပ်သည် သူတို့ကိုစောင့်ကြပ်ခဲ့ပါပြီ။ ကျမ်းချက်ပြည့်စုံစေခြင်းငှာ ပျက်စီးရမည့်သူတစ်ဦးမှ တစ်ပါး အခြားမည်သူမျှ ပျက်စီးခြင်းသို့ မရောက်ရှိပါ။ | |
John | BurCBCM | 17:13 | ယခုမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ လာမည်ဖြစ်၍ အကျွန်ုပ်၏ဝမ်းမြောက်ခြင်းသည် သူတို့၌ ပြီးပြည့်စုံစေရန် ဤလောကတွင်ရှိနေစဉ် အကျွန်ုပ်သည် ဤအကြောင်းအရာများကို ပြောဆိုခဲ့ပါ၏။- | |
John | BurCBCM | 17:14 | အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို သူတို့အား ပေးခဲ့ပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြသောကြောင့် ဤလောကသည် သူတို့ကို မုန်းတီးပါ၏။- | |
John | BurCBCM | 17:15 | ကိုယ်တော်သည် သူတို့ကို ဤလောကအတွင်းမှ ထုတ်ဆောင်တော်မူရန် အကျွန်ုပ် မတောင်းလျှောက်ပါ။ သို့သော် သူတို့ကို နတ်ဆိုး၏လက်မှ ကင်းလွတ်စေတော်မူပါမည့်အကြောင်း အကျွန်ုပ်တောင်းလျှောက်ပါ၏။- | |
John | BurCBCM | 17:16 | အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြပါ။- | |
John | BurCBCM | 17:17 | သူတို့ကို သမ္မာတရားတော်၌ သန့်ရှင်းမွန်မြတ်စေတော်မူပါ။ ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်သည် သမ္မာတရား ဖြစ်တော်မူ၏။- | |
John | BurCBCM | 17:18 | ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကထဲသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကထဲသို့ စေလွှတ်ခဲ့ပါ၏။- | |
John | BurCBCM | 17:19 | အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်ပါ၏။ သို့မှသာ သူတို့သည်လည်း သမ္မာတရားတော်၌ ဆက်ကပ်ပူဇော် ကြပါလိမ့်မည်။ | |
John | BurCBCM | 17:20 | အကျွန်ုပ်သည် သူတို့အတွက်သာမက သူတို့၏ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်လာမည့် သူများအတွက်လည်း ဆုတောင်းပါ၏။- | |
John | BurCBCM | 17:21 | အိုအဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်း၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌လည်းကောင်း တည်ရှိသကဲ့သို့ သူတို့သည် တစ်လုံးတစ်၀တည်းရှိကြပြီး အကျွန်ုပ်တို့၌လည်း တည်ရှိစေတော်မူပါ။ ဤသို့ဖြင့် ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤလောကသည် ယုံကြည်ပါလိမ့်မည်။- | |
John | BurCBCM | 17:22 | ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်၀တည်း ရှိသကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်၀တည်း ရှိကြစေရန် အကျွန်ုပ်သည် ကိုယ်တော်ပေးတော်မူသော ဘုန်းဂုဏ်တော်ကို သူတို့အား ပေးပါပြီ။- | |
John | BurCBCM | 17:23 | အကျွန်ုပ်သည် သူတို့၌လည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်း တည်ရှိသဖြင့် သူတို့သည် ပြည့်စုံစွာ တစ်လုံးတစ်၀တည်း ရှိကြပါလိမ့်မည်။ ဤသို့ဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ ကိုလည်း ကိုယ်တော်ချစ်တော်မူကြောင်းတို့ကို ဤလော ကသည် သိရှိပါလိမ့်မည်။ | |
John | BurCBCM | 17:24 | အိုအဖ၊ ကမ္ဘာမတည်ရှိမီကပင် ကိုယ်တော်သည် ချစ်ခြင်းမေတ္တာတော်၌ အကျွန်ုပ်ကို ပေးတော်မူသော ဘုန်းဂုဏ်တော်ကို အကျွန်ုပ်ထံသို့ ကိုယ်တော်အပ်နှံထားသော သူတို့မြင်ကြစေရန် သူတို့ကိုလည်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိစေလိုပါသည်။- | |
John | BurCBCM | 17:25 | ဖြောင့်မတ်တော်မူသော အိုအဖ၊ ဤလောကသည် ကိုယ်တော့်ကို မသိသော်လည်း အကျွန်ုပ်သည် ကိုယ်တော့်ကို သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကိုလည်း ဤသူတို့သိကြပါ၏။- | |