Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next
Chapter 15
Luke BurJudso 15:1  အခွန်ခံသော သူတို့နှင့်ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှါ အထံတော်သို့ ချဉ်းကပ်သည် ဖြစ်၍၊
Luke BurJudso 15:2  ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။
Luke BurJudso 15:3  ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊
Luke BurJudso 15:4  သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။
Luke BurJudso 15:5  တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊
Luke BurJudso 15:6  မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။
Luke BurJudso 15:7  ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။
Luke BurJudso 15:8  တနည်းကား၊ တစုံတယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မှီတိုင်အောင် တအိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။
Luke BurJudso 15:9  တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်း မြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။
Luke BurJudso 15:10  ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတ ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။
Luke BurJudso 15:11  တဖန် မိန့်တော်မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။
Luke BurJudso 15:12  သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။
Luke BurJudso 15:13  ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊
Luke BurJudso 15:14  ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။
Luke BurJudso 15:15  ထိုအခါ ပြည်သားတယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊
Luke BurJudso 15:16  သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။
Luke BurJudso 15:17  ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။
Luke BurJudso 15:18  ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။
Luke BurJudso 15:19  ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊
Luke BurJudso 15:20  ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။
Luke BurJudso 15:21  သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊
Luke BurJudso 15:22  အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။
Luke BurJudso 15:23  ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။
Luke BurJudso 15:24  ငါ့သားသည်အထက်က သေ၏။ ယခုရှင်ပြန်၏။ အပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြုကြ၏။
Luke BurJudso 15:25  သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်းအသံကို ကြားလျှင်၊
Luke BurJudso 15:26  ငယ်သားတယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။
Luke BurJudso 15:27  ငယ်သားက၊ သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သော ကြောင့်၊ ဆူအောင်ကျွေးသော နွားကလေးကိုသတ်ပါပြီဟု ပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့ မဝင်ဘဲနေ၏။
Luke BurJudso 15:28  အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။
Luke BurJudso 15:29  သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏ အစေကိုခံပါပြီ။ အဘ၏အလိုကို တခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အူပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှ မပေး။
Luke BurJudso 15:30  ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသောအခါ မူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို၏။
Luke BurJudso 15:31  အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။
Luke BurJudso 15:32  သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။