LUKE
Chapter 10
Luke | BurJudso | 10:1 | ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ် တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။ | |
Luke | BurJudso | 10:2 | သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။ ထို ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်း ကြလော့။ | |
Luke | BurJudso | 10:3 | သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေ လွှတ်၏။ | |
Luke | BurJudso | 10:4 | ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မ ဆက်ကြနှင့်။ | |
Luke | BurJudso | 10:7 | သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြ လော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တအိမ်မှ တအိမ်သို့လှည့်လည်၍ မ သွားကြနှင့်။ | |
Luke | BurJudso | 10:8 | အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏။ ထိုမြို့၌သင်တို့ရှေ့မှာထည့်သမျှကို စားကြ လော့။ | |
Luke | BurJudso | 10:9 | လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့။ | |
Luke | BurJudso | 10:10 | အကြင်မြို့သို့ ဝင်၍မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏လမ်းသို့ ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။ | |
Luke | BurJudso | 10:11 | သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။ | |
Luke | BurJudso | 10:13 | အိုခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဇက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင် ပြေသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။ | |
Luke | BurJudso | 10:15 | အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့။ | |
Luke | BurJudso | 10:16 | သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏။ | |
Luke | BurJudso | 10:17 | ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။ | |
Luke | BurJudso | 10:19 | သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။ | |
Luke | BurJudso | 10:20 | သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်၊ သင်တို့၏ နာမည်များ သည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။ | |
Luke | BurJudso | 10:21 | ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူ သောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထား လျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော် ရှိသောကြောင့် မှန်ပါ၏။ အဘ။ | |
Luke | BurJudso | 10:22 | ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ် သည်ကို ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ခမည်းတော်ကားအဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။ | |
Luke | BurJudso | 10:23 | ထိုအခါတပည့်တော်တို့ကိုလှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင် တို့မျက်စိသည် မင်္ဂလာရှိ၏။ | |
Luke | BurJudso | 10:24 | ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ ဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။ | |
Luke | BurJudso | 10:25 | တရံရောအခါ ကျမ်းတတ်တယောက်သည်ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊ | |
Luke | BurJudso | 10:26 | ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေး တော်မူလျှင်၊ | |
Luke | BurJudso | 10:27 | ထိုသူက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိ သမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ၏။ | |
Luke | BurJudso | 10:29 | ထိုသူကလည်၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် လိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်။ | |
Luke | BurJudso | 10:30 | ယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ ၏။ ထားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။ | |
Luke | BurJudso | 10:31 | ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွား လေ၏။ | |
Luke | BurJudso | 10:32 | ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊ လာ၍ကြည့်မြင်လျှင် လွဲရှောင်၍ သွားလေ၏။ | |
Luke | BurJudso | 10:33 | ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ၊ ကရုဏာစိတ် ရှိသည်နှင့်၊ | |
Luke | BurJudso | 10:34 | ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန် ပေါ်မှာ တင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။ | |
Luke | BurJudso | 10:35 | နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ စရပ်ရှင်အား ပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကိုငါပြန်လာသောအခါ ဆပ်ပေးမည်ဟုဆို၏။ သင်သည်အဘယ်သို့ထင်သနည်း။ | |
Luke | BurJudso | 10:36 | ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ် သနည်းဟု ပြန်၍မေးတော်မူလျှင်၊ | |
Luke | BurJudso | 10:37 | ကျမ်းတတ်ကလည်၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟုလျှောက်သော် ယေရှု က၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။ | |
Luke | BurJudso | 10:38 | ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတရွာသို့ဝင်သော်၊ မာသအမည်ရှိသော မိန်းမတဦး သည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။ | |
Luke | BurJudso | 10:39 | ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။ | |
Luke | BurJudso | 10:40 | မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ အကျွန်မ၏ညီမသည်၊ ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မပစ်ထားသည်အရာကို လျစ်လျူသော စိတ်ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်တော်မူပါဟု လျှောက်သော်၊ | |
Luke | BurJudso | 10:41 | ယေရှုက၊ မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကို ခံရ၏။ လိုသော အရာတခုတည်းရှိ၏။ | |