MATTHEW
Chapter 3
Matt | BurCBCM | 3:2 | ပြောသည်မှာ၊- နောင်တရကြလော့၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီဟူ၍တည်း။- | |
Matt | BurCBCM | 3:3 | ပရောဖက်အီဇာယဟောထားခဲ့သည့်အတိုင်း၊ ထာ၀ရ ဘုရားသခင်ကြွလာတော်မူမည့်လမ်းကိုပြင်ဆင်ကြ လော့၊ ကိုယ်တော်၏ လမ်းများကို ဖြောင့်တန်းစေကြ လော့ဟူ၍ တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံသည်ကား ဤသူပင်ဖြစ်သတည်း။- | |
Matt | BurCBCM | 3:4 | ယောဟန်သည် ကုလားအုတ်မွေးဖြင့် ရက်လုပ်သောအဝတ်ကိုဝတ်ဆင်ကာ ခါး၌ သားရေခါးစည်းကြိုးကိုစည်းထား၏။ သူ၏အစာသည်ကား ကျိုင်းကောင်နှင့် တောပျားရည်တို့သာဖြစ်၏။- | |
Matt | BurCBCM | 3:5 | ထိုအခါ ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယနယ်တစ်နယ် လုံးနှင့် ဂျော်ဒန်မြစ်တစ်လျှောက်ရှိဒေသမှ လူအပေါင်း တို့သည် သူ့ထံသို့ လာကြ၏။- | |
Matt | BurCBCM | 3:6 | ထိုသူတို့သည် မိမိတို့၏ အပြစ်များကို ထုတ်ဖော်ဝန်ခံကြလျက် ဂျော်ဒန်မြစ်တွင် သူ့အားဖြင့် ဆေးကြောခြင်းကို ခံယူကြ၏။ | |
Matt | BurCBCM | 3:7 | သူသည် ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့ ဆေးကြော ခြင်းခံယူရန်လာကြသည်ကိုမြင်သောအခါတွင်မူ သူတို့အား အချင်းမြွေဆိုး အမျိုးတို့၊ ကျရောက်လာမည့်အမျက် တော်မှလွတ်မြောက်စေရန် မည်သူသည် သင်တို့ကို သတိပေးသနည်း။- | |
Matt | BurCBCM | 3:9 | အာဘရာဟံသည် ငါ တို့၏အဖဖြစ်သည်ဟု သင်တို့ကိုယ်သင်တို့မပြောဆိုကြ နှင့်။ အကြောင်း မူကား ဘုရားသခင်သည် ဤကျောက်ခဲ များကို အာဘရာဟံ၏သားများအဖြစ်ဖန်ဆင်းနိုင်စွမ်းရှိတော်မူသည်ဟု သင်တို့အား ငါအမှန်ဆို၏။- | |
Matt | BurCBCM | 3:10 | ယခုတွင် ပင်သစ်ပင်တို့၏အမြစ်ကို ပုဆိန်ဖြင့်ချိန်ရွယ်ထားလျက် ရှိသည်ဖြစ်၍ ကောင်းသောအသီးမသီးသည့်အပင်မှန် သမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချလိမ့်မည်။ | |
Matt | BurCBCM | 3:11 | နောင်တသံဝေဂရခြင်းငှာ ငါသည် သင်တို့ကို ရေ ဖြင့် ဆေးကြော၏။ ငါ့နောက်တွင် ကြွလာမည့်သူမူကား ငါ့ထက် တတ်စွမ်းနိုင်၏။ သူ၏ခြေနင်းတော်ကိုမျှ သယ် ဆောင်ခြင်းငှာ ငါမထိုက်။ သူသည် သင်တို့ကို ဝိညာဉ် တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူလိမ့်မည်။- | |
Matt | BurCBCM | 3:12 | ကိုယ်တော်သည် လက်တော်တွင် ဆန်ကောပါလျက် မိမိ၏တလင်းကိုရှင်းလင်းပြီးလျှင် မိမိ၏ ဂျုံစပါးကို ကျီတွင် စုသိမ်းတော်မူလိမ့်မည်။ အဖျင်းကိုမူကား ကိုယ်တော်သည် မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်ဟု ဟော ပြေ လေ၏။ | |
Matt | BurCBCM | 3:13 | ထိုအခါ ယေဇူးသည် ယောဟန်အားဖြင့် ဆေးကြောခြင်းခံယူရန် ဂါလေလေးယနယ်မှနေ၍ သူရှိရာ ဂျော်ဒန်မြစ်ကမ်း သို့ကြွလာတော်မူ၏။- | |
Matt | BurCBCM | 3:14 | ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော့်ထံမှ ဆေးကြောခြင်းကိုခံယူရမည့် သူဖြစ် ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ် ထံသို့ ကြွလာတော်မူပါသလောဟုဆိုကာ ကိုယ်တော့်ကို တားမြစ်လေ၏။- | |
Matt | BurCBCM | 3:15 | သို့သော် ယေဇူးက သူ့အား ယခု အခါတွင်မူ ဤသို့ရှိပါစေ။ အကြောင်းမူကား ဖြောင့်မှန်ရာ အလုံးစုံတို့ကို ငါတို့လိုက်နာ သင့်သည် ဟုမိန့်တော်မူသဖြင့် ယောဟန်သည်လည်း လက်ခံလေ၏။- | |
Matt | BurCBCM | 3:16 | ယေဇူးသည် ဆေးကြောခြင်းခံတော်မူပြီး ရေထဲမှတက်လာ သည်နှင့် တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအပေါ်သို့ ချိုးငှက် သဏ္ဌာန်ဖြင့် ဆင်းသက် လာသည်ကို ကိုယ်တော်မြင်တော်မူ၏။- | |