MATTHEW
Chapter 22
Matt | BurCBCM | 22:2 | ကောင်းကင်နိုင်ငံ တော်ကို မိမိသားအတွက် မင်္ဂလာဆောင်ပွဲကျင်းပပေး သောရှင်ဘုရင်နှင့်ပုံခိုင်းနှိုင်းနိုင်၏။- | |
Matt | BurCBCM | 22:3 | ဘုရင်သည် မင်္ဂလာ ဆောင်ပွဲသို့ ဖိတ်ကြားထားသူတို့အား ခေါ်ဆောင်လာရန် မိမိ၏အစေခံများကို စေလွှတ်လိုက်သော်လည်း ထိုသူ တို့သည် လိုက်မလာဘဲနေကြ၏။- | |
Matt | BurCBCM | 22:4 | တစ်ဖန် အခြားသော အစေခံများကိုစေလွှတ်လျက် ဖိတ်ကြားထားသူတို့အား ပြောကြားလော့၊ ငါသည် ငါ၏ညစာစားပွဲကို ခင်းကျင်းပြီး လေပြီ၊ ငါ၏နွားများနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ် ထားလေပြီ၊ အစစအရာရာအသင့်ရှိပြီဖြစ်၍ မင်္ဂလာပွဲသို့ ကြွကြပါဟု ပြောရန်မှာလိုက်လေ၏။- | |
Matt | BurCBCM | 22:5 | သို့သော် ထိုသူတို့ သည် ဤအမှုကိုအလေးမထားကြဘဲ တစ်ဦးသည် မိမိ ၏လယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည်လည်း မိမိ လုပ်ငန်းရှိရာသို့လည်းကောင်း ထွက်သွားကြ၏။- | |
Matt | BurCBCM | 22:6 | ကျန် သောသူတို့မူကား သူ၏အစေခံတို့ကိုဖမ်းဆီး၍ အရှက် တကွဲဖြစ်အောင်ပြုမူကြပြီးလျှင် သတ်ဖြတ်ကြလေ၏။- | |
Matt | BurCBCM | 22:7 | ဘုရင်သည် အမျက်ထွက်သဖြင့် မိမိ၏တပ်များကို စေ လွှတ်၍ ထိုလူသတ်သမားတို့ကို သုတ်သင်ပြီးလျှင် သူ တို့၏မြို့ကို မီးရှို့ ဖျက်ဆီးလေ၏။- | |
Matt | BurCBCM | 22:8 | ထို့နောက် သူက မိမိ၏ အစေခံတို့အား ဆိုသည်မှာ မင်္ဂလာပွဲသည် အသင့်ရှိပြီ။ သို့သော် ခေါ်ဖိတ်ခြင်းခံရသောသူတို့သည် ပွဲနှင့်မထိုက် တန်ကြ။- | |
Matt | BurCBCM | 22:9 | ထို့ကြောင့် လမ်းဆုံလမ်းမများသို့ သင်တို့ သွားကြ၍ တွေ့လေသမျှသောသူတို့ကို မင်္ဂလာပွဲသို့ခေါ် ဖိတ်ကြလော့ဟုဆို၏။- | |
Matt | BurCBCM | 22:10 | ထိုအစေခံတို့သည်လည်း လမ်း များပေါ်သို့ထွက်သွားကြ၍ အဆိုးအကောင်းမခွဲခြားဘဲ တွေ့သမျှသောလူတို့ကို စုရုံးခေါ်ဆောင်ခဲ့ကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်လျက်ရှိ၏။ | |
Matt | BurCBCM | 22:11 | သို့သော် ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာအခမ်းအနားဝတ်စုံ ကို ဝတ်ဆင် မထားသောသူတစ်ဦးကိုမြင်လျှင်၊- | |
Matt | BurCBCM | 22:12 | ထိုသူ အား မိတ်ဆွေ၊ မင်္ဂလာပွဲဝတ်စုံမဝတ်ဆင်ဘဲ အဘယ် ကြောင့်ဤနေရာသို့ဝင်လာသနည်းဟု မေးလေ၏။ ထို သူသည် စကားတစ်ခွန်းကိုမျှ ပြန်၍မပြောနိုင်ချေ။- | |
Matt | BurCBCM | 22:13 | ထို အခါ ဘုရင်က မင်းလုလင်တို့အား ဤသူ၏ခြေနှင့် လက် တို့ကို ချည်နှောင်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်ချကြ လော့။ ထိုနေရာ၌ ငိုကြွေး၍ အံကြိတ်ရလိမ့်မည်ဟု ဆို လေ၏။- | |
Matt | BurCBCM | 22:14 | အကြောင်းမူကား ခေါ်တော်မူခြင်းခံရသောသူ တို့မှာ များပြားသော်လည်း ရွေးကောက်ခြင်းခံရသော သူတို့မူကား နည်းကြ၏ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 22:15 | ထို့နောက် ဖာရီဇေးဦးတို့သည် ထွက်သွားပြီးလျှင် ကိုယ်တော်ပြောဆိုသောစကားအပေါ် မည်သို့အပြစ် ရှာရမည့်အကြောင်း တိုင်ပင်ကြ၏။- | |
Matt | BurCBCM | 22:16 | သူတို့သည် မိမိတို့ ၏တပည့်များကို ဟေရုဒ်၏ဘက်တော်သားများနှင့်အတူ အထံတော်သို့စေလွှတ်ကြ၍ ဆရာသခင်၊ ကိုယ်တော် သည် သစ္စာသမာဓိရှိသူဖြစ်ပြီး လူ့မျက်နှာကိုမထောက်၊ အဆင့်အတန်းလည်း မခွဲခြားဘဲ ဘုရားသခင်၏တရား တော်ကို မှန်ကန်စွာ သွန်သင်သောသူဖြစ်ကြောင်းကို အကျွန်ုပ်တို့သိရှိကြပါ၏။- | |
Matt | BurCBCM | 22:17 | သို့ဖြစ်၍ ကိုယ်တော်သည် မည်သို့ထင်မြင်ပါသနည်း။ ဆီဇာဘုရင်အား အခွန်တော် ဆက်သအပ်သလော၊ မဆက်သအပ် သလော၊ အကျွန်ုပ် တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။- | |
Matt | BurCBCM | 22:18 | သို့သော် ယေဇူးသည် သူတို့၏ကောက်ကျစ်သောအကြံအစည် ကိုသိမြင်သဖြင့် မိန့်တော်မူသည်ကား သူတော်ကောင်း ယောင်ဆောင်သူတို့၊ အဘယ်ကြောင့် ငါ့ကို ကောက်ကျစ်စွာစမ်းသပ်ကြသနည်း။- | |
Matt | BurCBCM | 22:19 | အခွန်ဆောင်သောဒင်္ဂါး တစ်ပြားကို ငါ့အားပြကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်အား ဒေနာရီတစ်ပြား ကို ထုတ်ပေးကြ၏။- | |
Matt | BurCBCM | 22:20 | ယေဇူးကလည်း ဤပုံနှင့် ကမ္ပည်းစာသည် မည်သူ၏ပုံနှင့် မည်သူ၏ကမ္ပည်းစာဖြစ်သနည်းဟု သူ တို့အား မေးတော်မူ၏။- | |
Matt | BurCBCM | 22:21 | ထိုသူတို့ကလည်း ဆီဇာဘုရင် ၏ပုံနှင့် သူ၏ကမ္ပည်းစာဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က သို့ဖြစ်လျှင် ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အားလည်းကောင်း ပေးဆက်ကြလော့ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 22:23 | သေရာမှ ရှင်ပြန်ထမြောက်ခြင်းကို လက်မခံကြ သောဇာဒူခေးဦးတို့သည် ထိုနေ့၌ပင် အထံတော်သို့ ချဉ်း ကပ်ကြ၍ ကိုယ်တော့်ကို မေးလျှောက်ကြသည်ကား၊- | |
Matt | BurCBCM | 22:24 | ဆရာသခင်၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏အမျိုးအနွယ်ဆက်လက်တည်တံ့ စေခြင်းငှာ သူ၏ညီဖြစ်သူသည် ထိုမုဆိုးမကိုယူစေဟု မိုးဇက်သွန်သင်ခဲ့ပါ၏။- | |
Matt | BurCBCM | 22:25 | အကျွန်ုပ်တို့အလယ်တွင် ညီ အစ်ကိုခုနစ်ယောက်ရှိခဲ့ပါ၏။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး သားသမီးမရဘဲ သေဆုံးသွားသော ကြောင့် သူ၏ဇနီးကို ညီဖြစ်သူနှင့်အိမ်ထောင်ဆက်စေ ခဲ့ပါ၏။- | |
Matt | BurCBCM | 22:28 | သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်သောကာလ၌ သူမသည် ထိုသူခုနစ် ယောက်တို့အနက် မည်သူ၏ဇနီးဖြစ်မည်နည်း။ အဘယ် ကြောင့်ဆိုသော် ထိုသူအားလုံးတို့သည် သူမနှင့်စုံဖက်ခဲ့ ကြပါပြီဟု လျှောက်ကြ၏။ | |
Matt | BurCBCM | 22:29 | ယေဇူးကလည်း သင်တို့သည် ကျမ်းစာတော်မြတ် ကိုလည်း နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို လည်း မသိကြ သောကြောင့် အယူလွဲမှားကြ၏။- | |
Matt | BurCBCM | 22:30 | အ ကြောင်းမူကား ရှင်ပြန်ထမြောက်သောကာလ၌ လူတို့ သည် ထိမ်းမြားခြင်းလည်းမပြု၊ ပေးစားခြင်းလည်း မခံကြ ရဘဲ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ကောင်းကင်တမန် တော်များကဲ့သို့ဖြစ်ကြလိမ့်မည်။- | |
Matt | BurCBCM | 22:31 | သေလွန်သောသူတို့ ၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင် တို့အား ဘုရားသခင်မိန့်မှာတော်မူချက်ကို သင်တို့မဖတ် ဖူးကြသလော။- | |
Matt | BurCBCM | 22:32 | မိန့်မှာတော်မူချက်ကား ငါသည် အာဘ ရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ် တော်မူ၏ ဟူသတည်း။ ကိုယ်တော်သည် သေသောသူ တို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်၏ဟု ပြန်လည်မိန့်ကြားတော်မူ၏။- | |
Matt | BurCBCM | 22:33 | လူအစုအဝေးတို့ သည်လည်း ထိုစကားကိုကြားသောအခါ ကိုယ်တော်၏ သွန်သင်တော်မူချက်ကို အလွန်အံ့အားသင့်ကြလေ၏။ | |
Matt | BurCBCM | 22:34 | ယေဇူးသည် ဇာဒူခေးဦးတို့မချေပနိုင်အောင် ဤသို့ ဖြေကြားတော်မူသည်ကို ဖာရီဇေးဦးတို့ ကြားလျှင် အထံ တော်သို့စုဝေး လာကြ၏။- | |
Matt | BurCBCM | 22:36 | ဆရာသခင်၊ ပညတ်တရားကျမ်း၌ အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟု ကိုယ်တော်အား မေး လျှောက်လေ၏။- | |
Matt | BurCBCM | 22:37 | ကိုယ်တော်ကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အား ရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်လော့။- | |
Matt | BurCBCM | 22:39 | ဒုတိယပညတ် သည်ကား ပထမပညတ်နည်းတူဖြစ်၍ သင်နှင့်နီးစပ် သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟု လာ၏။- | |
Matt | BurCBCM | 22:40 | ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းရှိသမျှ တို့သည် ဤပညတ်နှစ်ပါးအပေါ်တွင် အခြေခံသည်ဟု သူ့အား မိန့်တော်မူ၏။ | |
Matt | BurCBCM | 22:42 | သင်တို့သည် ခရစ်တော်ကို မည်ကဲ့သို့ ထင်မြင်ယူဆ ကြသနည်း၊ သူသည် မည်သူ၏သားဖြစ် သနည်းဟူသောမေးခွန်းကိုမေးတော်မူလျှင် သူတို့က ဒါဝိဒ်၏သားတော်ဖြစ်ပါသည်ဟု ပြန်ဖြေကြ၏။- | |
Matt | BurCBCM | 22:43 | ကိုယ် တော်ကလည်း သို့ဖြစ်လျှင် ဒါဝိဒ်သည် ဝိညာဉ်တော်၏ နှိုးဆော်ခြင်းအားဖြင့် သူ့အား သခင်ဟုအဘယ်ကြောင့် ခေါ်သနည်း။- | |
Matt | BurCBCM | 22:44 | သူကဆိုခဲ့သည်မှာ ထာ၀ရဘုရားသခင် က ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါး အောက်၌ ငါမချထားမီ တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟု မိန့်တော်မူသည်ဟူ၍ဖြစ်သတည်း။- | |
Matt | BurCBCM | 22:45 | ဤသို့ဖြင့် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် သူသည် မည်ကဲ့သို့ သူ၏သားတော်ဖြစ်မည်နည်းဟု မေး တော်မူလေ၏။- | |