MATTHEW
Chapter 2
Matt | BurCBCM | 2:1 | ဟေရုဒ်မင်းကြီးလက်ထက်တွင် ဂျူဒေးယပြည်၊ ဘက်သလေဟင်မြို့၌ ယေဇူးကိုဖွားမြင်သောအခါ အရှေ့တိုင်းနိုင်ငံ များမှ မင်းပညာရှိကြီးများသည် ဂျေရုဆလင်မြို့သို့ရောက်ရှိလာကြ၍ မေးမြန်းကြသည်မှာ၊- | |
Matt | BurCBCM | 2:2 | ယခုဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ရှင်ဘုရင်ကား အဘယ်မှာရှိသနည်း၊ ငါတို့သည် သူ၏ကြယ်ကိုအရှေ့ပြည် ၌မြင်ကြရ သည် ဖြစ်၍ သူ့အားဖူးမြော် ပူဇော်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်ဟုဆိုကြ၏။- | |
Matt | BurCBCM | 2:3 | ဤ အကြောင်းကို ဟေရုဒ်မင်းကြီးကြားလျှင် သူနှင့်တကွ ဂျေရုဆလင် တစ်မြို့လုံးသည် တုန်လှုပ်ချောက်ချားကြကုန်၏။- | |
Matt | BurCBCM | 2:4 | ဟေရုဒ်မင်းကြီးသည် ရဟန်းအကြီးအကဲများ နှင့် လူတို့ထဲမှ ကျမ်းတတ် ဆရာများကို စုဝေးစေလျက် ခရစ်တော်သည် မည်သည့်အရပ်တွင် ဖွားမြင်လိမ့်မည် နည်းဟု သူတို့အား မေးမြန်းလေ၏။- | |
Matt | BurCBCM | 2:5 | ထိုသူတို့ကလည်း ဂျူဒေးယပြည်၊ ဘက်သလေဟင်မြို့တွင် ဖွားမြင်ပါလိမ့် မည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်တစ် ပါးကရေးသားထားသည်မှာ၊- | |
Matt | BurCBCM | 2:6 | ဂျုဒပြည်၌ရှိသော အိုဘက်သလေ ဟင်မြို့၊ ဂျုဒမြို့များအလယ်တွင် သင်သည် မှေးမှိန်သိမ်ငယ်သောမြို့ မဟုတ်။ အကြောင်းမူကား ငါ၏အစ္စရာအဲလ်လူမျိုးကို အုပ်စိုးမည့်ဘုရင်တစ်ပါးသည် သင့်ထံမှ ပေါ်ထွန်းလိမ့်မည် ဟူ၍ ဖြစ်ကြောင်း သူ့အားလျှောက်ထား ကြ၏။ | |
Matt | BurCBCM | 2:7 | ထိုအခါ ဟေရုဒ်မင်းကြီးသည် မင်းပညာရှိတို့အား လျှို့ဝှက်စွာခေါ်ပြီးလျှင် ကြယ်ပေါ်ထွန်းသောအချိန်ကာ လကိုသေချာစွာ မေးမြန်းလေ၏။- | |
Matt | BurCBCM | 2:8 | ထို့နောက် သူက သင်တို့သွားကြ၍ ထိုသူငယ်ကို ရှာ ဖွေကြလော့။ တွေ့လျှင် ငါသည်လည်း သွား၍ သူ့ကို ဖူးမြော်ပူဇော်နိုင်ရန် ငါ့ထံသို့ လာရောက်အကြောင်းကြားကြပါဟုမိန့်မှာလျက် ထိုသူ တို့ကို ဘက်သလေဟင်မြို့သို့ စေလွှတ် လိုက်လေ၏။- | |
Matt | BurCBCM | 2:9 | ထိုသူတို့သည် မင်းကြီး၏စကားကိုကြားနာပြီးမှထွက်ခွာသွားကြသောအခါ အရှေ့တိုင်းနိုင်ငံတွင် သူတို့မြင်ခဲ့ ကြသောကြယ်သည် သူတို့၏ရှေ့မှဦးဆောင်သွား၍ သူ ငယ်တော်ရှိသောအရပ်သို့ရောက်လျှင် ထိုအပေါ် ၌ ရပ်တန့်နေလေ၏။- | |
Matt | BurCBCM | 2:11 | ထို့နောက် သူတို့သည် အိမ်ထဲသို့ ဝင်သောအခါ သူငယ်တော်ကို သူ၏မယ်တော် မာရိယာနှင့်အတူ တွေ့ မြင်ကြ၍ သူ့ကို ပျပ်ဝပ်ရှိခိုးကြလေ၏။ ထို့နောက် သူတို့ သည် မိမိတို့၏အဖိုးတန်ပစ္စည်းတို့ကို ဖွင့်ကြပြီး ရွှေ၊ လော် ဗန်နှင့် မီးရာတို့ကို လက်ဆောင်အဖြစ် သူ့အား ဆက်ကပ်ကြ၏။- | |
Matt | BurCBCM | 2:12 | ထို့နောက် သူတို့သည် ဟေရုဒ်မင်းကြီးထံသို့ မပြန်ကြရန် အိပ်မက်၌ ဗျာဒိတ်တော်ခံရသဖြင့် မိမိတို့၏ တိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြလေ၏။ | |
Matt | BurCBCM | 2:13 | ထိုသူတို့ထွက်ခွာသွားကြပြီးနောက် ထာ၀ရဘုရား သခင်၏ကောင်းကင်တမန်တော်သည် ဂျိုးဇက်အား အိပ် မက်၌ထင်ရှားပြ၍ မိန့်ဆိုသည်မှာ ထလော့၊ သူငယ်တော် နှင့် သူ၏မယ်တော်ကိုခေါ်ဆောင်ပြီးလျှင် အီဂျစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်လော့။ နောက်တစ်ဖန် ငါပြောဆို မည့်အချိန်တိုင်အောင် ထိုအရပ်တွင် နေထိုင်လော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်ရန် ရှာဖွေလိမ့်မည်ဟုဆိုလေ၏။- | |
Matt | BurCBCM | 2:14 | ဂျိုးဇက်သည် လည်း ထ၍ သူငယ်တော်နှင့် သူ၏မယ်တော်ကိုခေါ် ဆောင်ကာ ညတွင်းချင်းပင် အီဂျစ်ပြည်သို့ထွက်ခွာသွားပြီး၊- | |
Matt | BurCBCM | 2:15 | ဟေရုဒ်မင်းကြီးအနိစ္စရောက်သည့်တိုင်အောင် ထို အရပ်တွင် နေထိုင်လေ၏။ ဤအကြောင်းအရာသည် ကား ငါ၏သားကို အီဂျစ်ပြည်မှ ငါခေါ်ဆောင်ခဲ့ပြီဟူ၍ ပရောဖက်အားဖြင့် ထာ၀ရဘုရားသခင်မိန့်တော်မူသော ဗျာဒိတ်တော်ပြည့်စုံစေမည့် အ ကြောင်းဖြစ်သတည်း။ | |
Matt | BurCBCM | 2:16 | မင်းပညာရှိများသည် မိမိအား လှည့်စားသွားကြ ကြောင်းကို ဟေရုဒ်မင်းကြီးသိသောအခါ ပြင်းစွာအမျက် ထွက်လေ၏။ ထိုအခါ သူသည် မင်းပညာရှိတို့ထံမှ မိမိ မေးမြန်းထားခဲ့သော ကြယ်ပေါ်ထွန်းသည့်အချိန်ကာလ ကိုထောက်လျက် ဘက်သလေ ဟင်မြို့နှင့် အနီးပတ်ဝန်း ကျင်ဒေသရှိ နှစ်နှစ်အရွယ်နှင့် နှစ်နှစ်အောက်ယောက်ျား လေးများကိုသတ်စေ၏။- | |
Matt | BurCBCM | 2:17 | ဤသို့ဖြင့် ပရောဖက်ဂျေရေ မိယဟောခဲ့သောအကြောင်းအရာသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ ဟောထားချက်သည်ကား၊ | |
Matt | BurCBCM | 2:18 | ရာမာအရပ်၌ ပြင်းထန်စွာငိုကြွေးသောအသံကို ကြားရပြီး ရာခဲလ်သည် မိမိ၏သားများအတွက် ငိုကြွေး လျက်ရှိ၏။ သူမ၏သားများမရှိကြတော့သဖြင့် သူမကို နှစ်သိမ့်၍မရနိုင်ဟူ၍ဖြစ်၏။ | |
Matt | BurCBCM | 2:19 | ဟေရုဒ်မင်းကြီးအနိစ္စရောက်ပြီးသောအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်သည် အီဂျစ်ပြည် တွင် ဂျိုးဇက်အား အိပ်မက်၌ထင်ရှားပြ၍၊- | |
Matt | BurCBCM | 2:20 | ထလော့၊ သူ ငယ်တော်နှင့် သူ၏မယ်တော်ကို ခေါ်ဆောင်လျက် အစ္စ ရာအဲလ်ပြည် သို့သွား လော့၊ သူငယ်တော်ကိုသတ်လို သောသူတို့သည် သေဆုံးကြလေပြီဟုဆို၏။- | |
Matt | BurCBCM | 2:21 | ဂျိုးဇက် သည်လည်း ထ၍ သူငယ်တော်နှင့် သူ၏မယ်တော်ကို ခေါ်ဆောင်ပြီး လျှင် အစ္စရာအဲလ်ပြည်သို့ ပြန်သွားလေ၏။- | |
Matt | BurCBCM | 2:22 | သို့သော် အာခေလေးဦးသည် ခမည်းတော်ဟေရုဒ် မင်းကြီး၏အရိုက်အရာကိုဆက်ခံလျက် ဂျူဒေးယပြည် တွင် အုပ်ချုပ်မင်းလုပ် နေသည်ကို သူကြားရသောအခါ ထိုပြည်သို့ မသွားဝံ့ဘဲရှိလေ၏။ ထို့နောက် သူသည် အိပ် မက်တွင် ဗျာဒိတ်တော်ခံရသဖြင့် ဂါလေလေးယပြည် သို့သွား၍၊- | |