MATTHEW
Chapter 26
Matt | BurCBCM | 26:2 | နောက်နှစ်ရက်လွန်လျှင် ပါစကားပွဲကျရောက် မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကို လက်ဝါး ကပ်တိုင်တင်၍ သတ်ခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့် တော်မူ၏။ | |
Matt | BurCBCM | 26:3 | ထိုအချိန်၌ ရဟန်းအကြီးအကဲများနှင့် သက်ကြီး ဝါကြီးတို့သည် ကာအိဖအမည်ရှိသောရဟန်းချုပ်၏အိမ် တော်တွင ်စုဝေးကြပြီးလျှင်၊- | |
Matt | BurCBCM | 26:5 | သို့သော် သူတို့ သည် လူအများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ကြ သဖြင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြ နှင့်ဟု ဆိုကြ၏။ | |
Matt | BurCBCM | 26:7 | အမျိုးသမီးတစ်ဦးသည် တန် ဖိုးကြီးသောဆီမွှေးကျောက်ဖြူဘူးတစ်လုံးနှင့် အထံ တော်သို့ချဉ်းကပ်၍ စားပွဲတွင် ရှိနေသောကိုယ်တော်၏ ဦးခေါင်းပေါ်၌ ဆီမွှေးကိုသွန်းလောင်းလေ၏။- | |
Matt | BurCBCM | 26:8 | တပည့် တော်တို့မူကား ဤအခြင်းအရာကိုမြင်ကြလျှင် အမျက် ထွက်ကြ၍ အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း၊- | |
Matt | BurCBCM | 26:9 | ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်းချပြီး ဆင်းရဲသားတို့ အား ပေးကမ်းနိုင်သည်ဟုဆိုကြ၏။- | |
Matt | BurCBCM | 26:10 | သို့သော် ယေဇူး သည် ဤအကြောင်းအရာကိုသတိပြုမိတော်မူ၍ သင်တို့ သည် အဘယ်ကြောင့် ဤအမျိုးသမီးအား စိတ်အနှောင့် အယှက်ဖြစ်စေကြသနည်း။ အကြောင်းမူကား သူမသည် ငါ့၌ ကောင်းသောအမှုကိုပြုလေပြီ။- | |
Matt | BurCBCM | 26:11 | အဘယ်ကြောင့်ဆို သော် ဆင်းရဲသားတို့သည် သင်တို့နှင့် အစဉ်ရှိကြ၏။ ငါမူ ကား သင်တို့နှင့်အစဉ်ရှိလိမ့်မည်မဟုတ်။- | |
Matt | BurCBCM | 26:12 | ငါ၏ကိုယ် ပေါ်၌ ဆီမွှေးကိုသွန်းလောင်းခြင်းဖြင့် သူမသည် ငါ့ကို သင်္ဂြိုဟ်ရန်အလို့ငှာ ပြင်ဆင်ခြင်းဖြစ်၏။- | |
Matt | BurCBCM | 26:13 | သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာတစ်ဝန်းလုံးတွင် ဧဝံဂေလိ သတင်းကောင်းကိုဟောကြားသည့်နေရာတိုင်း၌ သူမ ကို အောက်မေ့သတိရကြစေရန် သူမ ပြုခဲ့သောကောင်းမှု သည် ကြေညာဟောပြောခြင်းခံရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။ | |
Matt | BurCBCM | 26:14 | ထိုအခါ တစ်ဆယ့်နှစ်ပါးထဲမှတစ်ဦးဖြစ်သော ဂျုဒ အစ္စကာရီယုဒ်သည် ရဟန်းအကြီးအကဲများထံသို့ သွား၍၊- | |
Matt | BurCBCM | 26:15 | ထိုသူကို သင်တို့လက်သို့ ငါအပ်လျှင် သင်တို့သည် ငါ့အား မည်သည့်အရာကိုပေးမည်နည်းဟုဆိုသော် သူ တို့သည် သူ့အား ငွေဒင်္ဂါးသုံးဆယ်ပေးလိုက်ကြ၏။- | |
Matt | BurCBCM | 26:16 | ထို အချိန်မှစ၍ သူသည်လည်း ကိုယ်တော့်ကိုအပ်နှံခြင်းငှာ အခွင့်ကောင်းကိုရှာကြံလျက်နေ၏။ | |
Matt | BurCBCM | 26:17 | တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့၌ တပည့်တော်တို့သည် ယေဇူးထံတော်သို့ ချဉ်းကပ်ကြပြီး လျှင် ကိုယ်တော်သည် ပါစကားပွဲညစာကိုသုံးဆောင်ရန် တပည့်တော်တို့ကို မည်သည့်နေရာတွင် ပြင်ဆင်စေလို သနည်းဟု မေးလျှောက်ကြ၏။- | |
Matt | BurCBCM | 26:18 | ကိုယ်တော်ကလည်း မြို့ထဲရှိ ဤမည်သောသူထံသို့သွားကြ၍ ဆရာသခင်မှာ လိုက်သည်ကား ငါ၏အချိန်နီးပြီ၊ ငါ၏တပည့်တော်တို့ နှင့်အတူ သင်၏အိမ်၌ ပါစကားပွဲကိုကျင်းပမည်ဟူ၍ သူ့အား ပြောကြားကြလော့ဟုမိန့်တော်မူ၏။- | |
Matt | BurCBCM | 26:19 | ထိုအခါ တပည့်တော်တို့သည် မိမိတို့အား ယေဇူးမိန့်မှာတော်မူ သည့်အတိုင်းပြုလုပ်ကြ၍ ပါစကားပွဲကိုကျင်းပရန် ပြင် ဆင်ကြလေ၏။ | |
Matt | BurCBCM | 26:20 | ညနေအချိန်ရောက်သောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ထိုင် တော်မူ၏။- | |
Matt | BurCBCM | 26:21 | ထို့နောက် သူတို့သည် ညစာစားလျက်နေ ကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည်ကား သင် တို့ထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 26:22 | ထိုအခါ သူတို့သည် အလွန်ပင် ဝမ်းနည်းကြ သဖြင့် သခင်၊ တပည့်တော်ဖြစ်သလောဟု အသီးသီး မေးလျှောက်ကြ၏။- | |
Matt | BurCBCM | 26:23 | ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကို သစ္စာဖောက် လိမ့်မည်။- | |
Matt | BurCBCM | 26:24 | လူသားသည် မိမိနှင့်ပတ်သက်၍ ကျမ်းစာ တော်မြတ်၌ရေးထားသည့်အတိုင်း သွားရသည်မှန်၏။ သို့သော် လူသားအပေါ်၌ သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သာ၍ ကောင်း၏ဟုမိန့်တော်မူ၏။- | |
Matt | BurCBCM | 26:25 | ကိုယ်တော်ကို သစ္စာ ဖောက်သော ဂျုဒကလည်း သခင်ဘုရား၊ တပည့်တော် ဖြစ်သလောဟု မေးလျှောက်လျှင် ကိုယ်တော်က သူ့ အား သင်ဆိုလေပြီဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 26:26 | သူတို့ညစာစားနေကြစဉ်တွင် ယေဇူးသည် ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးတော်မူပြီးလျှင် ဖဲ့၍ မိမိ၏ တပည့်တော်ကြီးတို့အား ပေးလျက် ဤအရာသည် ငါ၏ ခန္ဓာကိုယ်ဖြစ်၏၊ ယူ၍ စားကြလော့ဟုမိန့်တော်မူ၏။- | |
Matt | BurCBCM | 26:27 | ထို့နောက် ကိုယ်တော်သည် ခွက်တော်ကိုလည်း ယူတော်မူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် တပည့်တော်တို့ အား ပေးလျက် မိန့်တော်မူသည်ကား သင်တို့အားလုံး ဤ ခွက်မှသောက်ကြလော့။- | |
Matt | BurCBCM | 26:28 | ဤသည်ကား လူအားလုံးတို့ အတွက် အပြစ်ဖြေလွှတ်ခြင်းငှာ သွန်းလောင်းခံရမည့် ပဋိညာဉ်သစ်နှင့်ဆိုင်သောငါ၏သွေးဖြစ်၏။- | |
Matt | BurCBCM | 26:29 | သင်တို့ အားငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်တွင် ဤစပျစ်နွယ်၏အသီးမှ စပျစ်ရည်သစ်ကို သင်တို့နှင့် အတူသောက်ရသည့်နေ့တိုင်အောင် ၎င်းကို နောက် တစ်ဖန် ငါသောက်လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 26:30 | ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆို ကြပြီးလျှင် သံလွင်တောင်သို့ထွက်သွားကြ၏။ | |
Matt | BurCBCM | 26:31 | ထို့နောက် ယေဇူးက တပည့်တော်တို့အား မိန့် တော်မူသည်မှာ ဤည၌ သင်တို့အားလုံးသည် ငါ့ကိုစွန့်ခွာ သွားကြလိမ့်မည်။ အကြောင်းမူကား ကျမ်းစာတော်မြတ် ၌ ရေးထားသည်ကား သိုးထိန်းကို ငါတိုက်ခိုက်မည်။ ထို အခါ သိုးစုထဲမှ သိုးတို့သည် တကွဲတပြားဖြစ်ကြလိမ့် မည်ဟူ၍ဖြစ်သတည်း။- | |
Matt | BurCBCM | 26:32 | သို့သော်လည်း ငါသည် သေ ခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သင်တို့ရှေ့မှကြို၍ ဂါလေလေးယနယ်သို့သွားနှင့်မည်ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 26:33 | ထိုအခါ ပေတရုက သူတို့အားလုံးသည် ကိုယ်တော့်ကို စွန့်ခွာသွားကြသော်လည်း တပည့်တော်သည် မည်သည့် အခါမျှစွန့်ခွာသွားလိမ့်မည်မဟုတ်ဟု လျှောက်လေ၏။- | |
Matt | BurCBCM | 26:34 | ယေဇူးကလည်း သင့်အား ငါအမှန်ဆိုသည်ကား ဤည၌ ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်ငြင်းပယ်လိမ့် မည်ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 26:35 | ပေတရုက အကယ်၍ တပည့် တော်သည် ကိုယ်တော်နှင့်အတူ အသက်သေရမည်ဆို လျှင်ပင် ကိုယ်တော့်ကို ငြင်းပယ်လိမ့်မည် မဟုတ်ပါဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ | |
Matt | BurCBCM | 26:36 | ထိုအခါ ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဂျက်ဆေမာနီအမည်ရှိသော ဥယျာဉ်သို့ရောက်တော်မူ လျှင် သူတို့အား ငါသည် ထိုနေရာသို့သွား၍ ဆုတောင်း စဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့ဟု မိန့်တော်မူပြီးမှ၊- | |
Matt | BurCBCM | 26:37 | ပေတရုနှင့် ဇေဘေဒေးဦး၏သားနှစ်ယောက်တို့ကို အတူ ခေါ်သွားတော်မူ၏။ ဤတွင် ကိုယ်တော်သည် ပူဆွေးညှိုး ငယ်၍ ပူပန်ခြင်းကို စတင်ခံစားရတော်မူ၏။- | |
Matt | BurCBCM | 26:38 | ထိုအခါ ကိုယ်တော်က ငါ၏စိတ်နှလုံးသည် သေလုမတတ်ပူ ဆွေးခြင်းကို ခံစားရ၏။ သင်တို့ ဤအရပ်တွင်နေကြ၍ ငါနှင့်အတ ူနိုးကြားစွာ စောင့်နေကြလော့ဟု မိန့်တော် မူ၏။- | |
Matt | BurCBCM | 26:39 | ထို့နောက် ကိုယ်တော်သည် ထိုနေရာမှ ရှေ့သို့ အနည်းငယ်ကြွတော်မူ၍ မျက်နှာကိုမြေတွင်အပ်ကာ ပျပ်ဝပ်လျက် ဆုတောင်း တော်မူသည်မှာ အိုအဖ၊ ဖြစ်နိုင် လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့ရာ တွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ၊ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်ပါစေသော်ဟု ဆုတောင်း တော်မူ၏။- | |
Matt | BurCBCM | 26:40 | ထို့နောက် ကိုယ်တော်သည် တပည့်တော် တို့ထံသို့လာတော်မူ၍ သူတို့အိပ်ပျော်လျက်ရှိကြသည် ကိုတွေ့လျှင် ပေတရုအား သင်တို့သည် တစ်နာရီမျှ မအိပ် ဘဲ ငါနှင့်အတူမစောင့်နိုင်ကြပြီလော။- | |
Matt | BurCBCM | 26:41 | စုံစမ်းနှောင့်ယှက် ခြင်းသို့မပါဝင်ရစေရန် ဆုတောင်းလျက် နိုးကြားစွာ စောင့်နေကြလော့။ စိတ်ဆန္ဒသည် ပြင်းပြသော်လည်း ကိုယ်ခန္ဓာမူကား အားနည်းလှသည်ဟုမိန့်တော်မူ၏။- | |
Matt | BurCBCM | 26:42 | တစ်ဖန် ကိုယ်တော်သည် ဒုတိယအကြိမ်ထွက်သွား တော်မူ၍ အကျွန်ုပ်၏အဖ၊ ဤခွက်ကိုလွှဲဖယ်ရန်မဖြစ်နိုင် ဘဲ အကျွန်ုပ် သောက်ရမည်ဆိုလျှင် ကိုယ်တော်၏အလို တော်အတိုင်းဖြစ်ပါစေဟု ဆုတောင်းပြန်၏။- | |
Matt | BurCBCM | 26:43 | ထိုမှတစ်ဖန် ကိုယ်တော်သည် ပြန်လာသောအခါ တပည့်တော်တို့ အိပ်ပျော်လျက်ရှိကြသည်ကို တွေ့တော်မူ၏။ အကြောင်း မူကား သူတို့၏မျက်စိများသည် လေးလံသောကြောင့်ဖြစ်၏။- | |
Matt | BurCBCM | 26:44 | ဤသို့ဖြင့် ကိုယ်တော်သည် သူတို့ကို တစ်ဖန် ထားခဲ့၍ ထွက်သွားပြီးလျှင် ယခင်ကမြွက်ဆိုခဲ့သည့် အတိုင်းပင် သုံးကြိမ်မြောက် ဆုတောင်းတော်မူ၏။- | |
Matt | BurCBCM | 26:45 | ထို့ နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍ သင်တို့သည် အိပ်စက်အနားယူဆဲပင် ရှိသေးသလော။ လူသားကို အပြစ်သားတို့၏လက်သို့ အပ်နှံသောအချိန် နာရီရောက်လာပြီ။- | |
Matt | BurCBCM | 26:47 | ထိုသို့ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါး တို့တွင်တစ်ဦးအပါအဝင်ဖြစ်သော ဂျုဒနှင့်အတူ ရဟန်း အကြီးအကဲများနှင့် သက်ကြီးဝါကြီးများက စေလွှတ် လိုက်သည့် များပြားသောလူအစုအဝေးတို့သည် တုတ်၊ ဓားများကိုကိုင်ဆောင် လျက် လာကြ၏။- | |
Matt | BurCBCM | 26:48 | ကိုယ်တော့်ကို သစ္စာဖောက်သောသူက ငါနမ်း၍ နှုတ်ဆက်သောသူ သည် ထိုသူပင်ဖြစ်၏၊ သူ့ကိုဖမ်းကြလော့ဟု ကြိုတင်၍ အချက်ပေးထားလေ၏။- | |
Matt | BurCBCM | 26:49 | ထို့နောက် ဂျုဒသည် ယေဇူး ထံတော်သို့ ချက်ချင်းပင် ချဉ်းကပ်၍ အာဝေ၊ ရဗ္ဗီဟုဆို လျက် ကိုယ်တော့်ကို နမ်းလေ၏။- | |
Matt | BurCBCM | 26:50 | ယေဇူးကလည်း မိတ်ဆွေ၊ သင်ပြုလုပ်ရန်လာသည့်အမှုကိစ္စကို ပြုလုပ်ပါ လော့ဟုမိန့်တော်မူလျှင် သူတို့သည် လာကြ၍ ကိုယ် တော့်ကိုဖမ်းဆီးချုပ်နှောင်ကြ၏။- | |
Matt | BurCBCM | 26:51 | ထိုအခါ ယေဇူးနှင့် အတူရှိနေသောသူတစ်ဦးသည် လက်ကိုဆန့်၍ ဓားကို ဆွဲထုတ်ပြီးလျှင် ရဟန်းချုပ်၏အစေခံတစ်ဦးကိုခုတ် သဖြင့် ထိုသူ၏နားရွက်ပြတ်လေ၏။- | |
Matt | BurCBCM | 26:52 | ယေဇူးကလည်း ထိုသူအား သင့်ဓားကို ဓားအိမ်၌ ပြန်သွင်းထားလော့။ အကြောင်းမူကား ဓားကိုကိုင်သောသူတို့သည် ဓားဖြင့် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။- | |
Matt | BurCBCM | 26:53 | ငါ့ထံသို့ ယခုချက်ချင်း ကောင်းကင်တမန်တော်တစ်ဆယ့်နှစ်တပ်မျှမက စေ လွှတ်ရန်အတွက် ငါ့ခမည်းတော်ထံ ငါမတောင်းခံ နိုင်ဟု သင်ထင်သလော။- | |
Matt | BurCBCM | 26:54 | သို့ရာတွင် ထိုသို့ပြုပါက ဤကဲ့သို့ ဖြစ်ရမည်ဟု ဆိုထားသောကျမ်းချက်များသည် မည်သို့ ပြည့်စုံနိုင်ပါမည်နည်းဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 26:55 | ထိုအချိန်နာရီ၌ ယေဇူးသည် လူအစုအဝေးတို့အား ဆိုသည်မှာ သင်တို့ သည် တုတ်၊ ဓားများကိုကိုင်ဆောင်လျက် ဓားပြဖမ်း သကဲ့သို့ ငါ့ကိုဖမ်းဆီးရန် ထွက်လာကြသလော။ ငါသည် ဗိမာန်တော်၌ ထိုင်၍ နေ့စဉ်နေ့တိုင်းသွန်သင်ဟောပြော နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။- | |
Matt | BurCBCM | 26:56 | သို့ရာတွင် ဤ အဖြစ်အပျက်အားလုံးသည် ပရောဖက်ကျမ်းများပြည့်စုံ စေမည့် အကြောင်းဖြစ်သတည်းဟုမိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော့်ကိုထားခဲ့၍ ထွက်ပြေးကြလေ၏။ | |
Matt | BurCBCM | 26:57 | ထိုအခါ ယေဇူးကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော့်ကို ကျမ်းတတ်ဆရာများနှင့် သက်ကြီးဝါကြီး တို့စုဝေးလျက်ရှိသော ရဟန်းချုပ်ကာအိဖ၏အိမ်သို့ ခေါ် ဆောင်သွားကြ၏။- | |
Matt | BurCBCM | 26:58 | ပေတရုမူကား ရဟန်းချုပ်၏အိမ် တော်ဝင်းတိုင်အောင် နောက်တော်သို့ မလှမ်းမကမ်းမှ လိုက်ပါလျက် အတွင်းသို့ဝင်ပြီးလျှင် ထိုအမှုအခင်းကို အဆုံးတိုင်အောင် သိမြင်နိုင်ရန် အစောင့်များနှင့်အတူ ထိုင်နေလေ၏။- | |
Matt | BurCBCM | 26:59 | ရဟန်းအကြီးအကဲများနှင့် တရားစီရင် သောအဖွဲ့တစ်ခုလုံးသည် ယေဇူးကို သေဒဏ်စီရင်အံ့ သောငှာ မမှန်သောသက်သေ အထောက်အထားများ ကိုရှာကြ၏။- | |
Matt | BurCBCM | 26:60 | မမှန်သောသက်သေခံသူများလာကြ သော်လည်း မည်သည့်သက်သေအထောက်အထားမျှ သူတို့မတွေ့ ကြချေ။ နောက်ဆုံး၌ ကား မမှန်သောသက် သေခံသူနှစ်ဦးလာကြ၍၊- | |
Matt | BurCBCM | 26:61 | ဤသူက ငါသည် ဘုရားသခင် ၏ဗိမာန်တော်ကိုဖျက်ဆီး၍ ၎င်းကို သုံးရက်အတွင်း ပြန် လည်တည်ဆောက်နိုင်စွမ်းရှိသည်ဟု ပြောခဲ့ကြောင်း ထွက်ဆိုကြ၏။- | |
Matt | BurCBCM | 26:62 | ထိုအခါ ရဟန်းချုပ်သည်ထ၍ သင်၌ ဖြေကြားစရာမရှိသလော။ သင့်ကို စွပ်စွဲ၍ ထွက်ဆိုကြ သော ဤသူတို့၏သက်သေခ ံချက်များကား မည်သည့် အရာကိုဆိုလ်ိုသနည်းဟု ကိုယ်တော်အား မေးလေ၏။- | |
Matt | BurCBCM | 26:63 | ယေဇူးမူကား တိတ်ဆိတ်စွာနေတော်မူ၏။ ရဟန်းချုပ်က လည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင် ၏သားတော်ဟုတ်၊ မဟုတ်ကို ငါတို့အား ပြောပြမည့်အ ကြောင်း အသက်ရှင်တော်မူသောဘုရားသခင်ကိုတိုင် တည်၍ သင့်အား ငါအမိန့်ရှိသည်ဟုဆို၏။- | |
Matt | BurCBCM | 26:64 | ယေဇူးက လည်း သင်ဆိုလေပြီ။ သို့သော် သင်တို့အား ငါဆိုသည် ကား လူသားသည် တန်ခိုးတော်ရှင်၏လက်ယာဘက်၌ ထိုင်လျက် မိုးတိမ်ပေါ်မှကြွလာသည်ကို နောင်ကာလ၌ သင်တို့မြင်ကြရလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။- | |
Matt | BurCBCM | 26:65 | ထို အခါ ရဟန်းချုပ်သည် မိမိ၏ဝတ်ရုံတို့ကိုဆုတ်လျက် သူသည်ဘုရားသခင်အား ထိခိုက်သောစကားကို ပြော ဆိုခဲ့လေပြီ။ မည်သည့်သက်သေများ ငါတို့လိုပါသေး သနည်း။ ဘုရားသခင်အားထိခိုက်သော သူ၏စကားကို ယခုပင် သင်တို့ကြားကြရလေပြီ။- | |
Matt | BurCBCM | 26:67 | ထို့နောက် သူတို့သည် ကိုယ် တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၍ ကိုယ် တော့်ကို လက်သီးနှင့်ထိုးကြ၏။ တချို့သည် ကိုယ်တော် ၏ပါးကိုရိုက်ကြလျက်၊- | |
Matt | BurCBCM | 26:68 | အသင်ခရစ်တော်၊ သင့်အား မည်သူရိုက်သည်ကို အကျွန်ုပ်တို့အား ပရောဖက်ဉာဏ် နှင့်ဟောတော်မူပါဟုဆိုကြ၏။ | |
Matt | BurCBCM | 26:69 | ပေတရုမူကား အိမ်တော်ဝင်းအပြင်ဘက်၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် သူ့ထံသို့လာ၍ သင် သည်လည်း ဂါလေလေးယနယ်သား ယေဇူးနှင့်အတူရှိ ခဲ့သည်ဟု ဆို၏။- | |
Matt | BurCBCM | 26:70 | သို့သော် သူက သင်မည်သည့်အရာ ကိုပြောဆိုကြောင်း ငါမသိဟုဆို၍ လူအပေါင်းတို့၏ရှေ့ ၌ ငြင်းဆိုလေ၏။- | |
Matt | BurCBCM | 26:71 | ထို့နောက် သူသည် အိမ်တော်ဝင်းတံခါး ဆီသို့ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီး တစ်ဦးသည် သူ့ကိုမြင်၍ ထိုနေရာ ၌ရှိသောသူတို့အား ဤသူသည် နာဇရက်မြို့သားယေဇူးနှင့်အတူရှိခဲ့ပါသည် ဟုဆိုလျှင်၊- | |
Matt | BurCBCM | 26:73 | အချိန်အနည်းငယ်ကြာပြီးနောက် အနီးတွင်ရပ်နေသောသူများသည် ပေတရုထံသို့ လာကြ ၍ အမှန်စင်စစ် သင်သည်လည်း ထိုသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်၏။ အကြောင်းမူကား သင်ပြောဆိုသော စကားသံကပင် သိသာထင်ရှားစေသည်ဟုဆိုကြ၏။- | |
Matt | BurCBCM | 26:74 | ထိုအခါ သူက ထိုသူကို ငါမသိဟု မိမိကိုယ်ကို ကျိန်တွယ် ပြောဆိုလေ၏။ ထိုခဏချင်းတွင်ပင် ကြက်တွန်လေ ၏။- | |