Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 27
Matt BurCBCM 27:1  နံနက်အချိန်ရောက်သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးအားလုံးတို့သည် ယေဇူးကို သေဒဏ်စီရင်ခြင်း ငှာ ဆွေးနွေးတိုင်ပင်ကြ၏။-
Matt BurCBCM 27:2  ထို့နောက် သူတို့သည် ကိုယ်တော့်ကိုချည်နှောင်လျက် ခေါ် ဆောင်သွားကြပြီးလျှင် ဘုရင်ခံ ပီလာတုမင်း၏လက်သို့ အပ်လိုက် ကြ၏။
Matt BurCBCM 27:3  ထိုအခါ ကိုယ်တော်သည် သေဒဏ်စီရင်ခြင်းခံရသည်ကို သစ္စာဖောက်သူဂျုဒမြင်လျှင် နောင်တရ၍ငွေ ဒင်္ဂါးသုံးဆယ်ကို ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါ ကြီးတို့ထံသို့ပြန်ယူခဲ့ပြီး၊-
Matt BurCBCM 27:4  အကျွန်ုပ်သည် အပြစ်ကင်းသူ ၏သွေးအပေါ် သစ္စာဖောက်ခြင်းဖြင့် အပြစ်ပြုမိခဲ့ပြီဟုဆို ၏။ သူတို့ကလည်း ငါတို့နှင့်အဘယ် သို့ဆိုင်သနည်း။ သင်၏အမှုကိစ္စကို သင်ဖြေရှင်းလော့ဟုဆိုကြ၏။-
Matt BurCBCM 27:5  ထိုအခါ သူသည် ဗိမာန်တော်အတွင်း၌ ထိုငွေများကို ပစ်ချ ခဲ့ပြီး ထွက်ခွာသွား၏။ ထို့နောက် သူသည် သွား၍ မိမိ ကိုယ်ကိုဆွဲကြိုး ချသေလေ၏။-
Matt BurCBCM 27:6  ရဟန်းအကြီးအကဲတို့ မူကား ထိုငွေကိုကောက်ယူ၍ ပြောကြသည်မှာ ဤငွေကို ဘဏ္ဍာတော်တိုက်၌ မထည့်အပ်။ အကြောင်းမူကား ယင်းသည် သွေး၏တန်ဖိုးငွေဖြစ်သည်ဟုဆိုကြ၏။-
Matt BurCBCM 27:7  ထို့ ကြောင့် သူတို့သည် တိုင်ပင်ကြပြီးမှ သူစိမ်းဧည့်သည်တို့အား သဂြိုဟ်ခြင်းငှာ အိုးထိန်းသည်၏မြေတစ်ကွက်ကို ထိုငွေဖြင့်ဝယ်ကြ၏။-
Matt BurCBCM 27:8  ထို့ကြောင့် ထိုမြေကွက်ကို ယနေ့ တိုင်အောင် သွေးဖြင့်ရင်းရသောမြေဟုခေါ်ဆိုကြ၏။-
Matt BurCBCM 27:9  ထို အခါ ပရောဖက်ဂျေရေမိယ၏ဟောထားချက်သည် ပြည့် စုံခြင်းသို့ရောက်လေ၏။ ဟောထားချက်သည်ကား သူ တို့သည် ထိုသူ၏တန်ဖိုးအဖြစ် အစ္စရာအဲလ်လူမျိုးတချို့ တန်ဖိုးဖြတ်ထားသော ငွေဒင်္ဂါးသုံးဆယ်ကိုယူကြ၍၊-
Matt BurCBCM 27:10  ငါ့အား ထာ၀ရဘုရားသခင်ဗျာဒိတ်ထားတော်မူခဲ့သည့် အတိုင်း အိုးထိန်းသည်၏မြေကွက်အတွက် ပေးကြလေ ပြီဟုလာ သတည်း။
Matt BurCBCM 27:11  ယေဇူးသည် ဘုရင်ခံ၏ရှေ့မှောက်၌ ရပ်နေတော် မူသောအခါ ဘုရင်ခံက သင်သည် ဂျူးလူမျိုးတို့၏ဘုရင် ဖြစ်သလောဟု မေးလျှင် ယေဇူးက သင်ဆိုလေပြီဟု သူ့ အားမိန့်တော်မူ၏။-
Matt BurCBCM 27:12  သို့သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးတို့သည် ကိုယ်တော်အား စွပ်စွဲပြောဆို ကြသောအခါ ကိုယ်တော်သည် မည်သို့မျှပြန်ဖြေတော် မမူ။-
Matt BurCBCM 27:13  ထိုအခါ ပီလာတုမင်းက သင့်အပေါ်စွပ်စွဲထားသော ထွက်ဆိုချက်များ မည်မျှများပြားသည်ကို သင်မကြား သလောဟု မေးလေ၏။-
Matt BurCBCM 27:14  သို့သော် ကိုယ်တော်သည် စွပ်စွဲချက်တစ်ခုကိုမျှ ပြန်လည်ဖြေကြားခြင်းမပြုသော ကြောင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
Matt BurCBCM 27:15  ဘုရင်ခံသည် ပွဲတော်အချိန်အခါတွင် လူအများ တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်မြဲထုံးစံရှိ ၏။-
Matt BurCBCM 27:16  ထိုအချိန်တွင် ဆိုးသွမ်းခြင်း၌ ကျော်ကြားသော ဘာရဘဟုအမည်တွင်သည့် အကျဉ်းသားတစ်ယောက်ရှိ၏။-
Matt BurCBCM 27:17  လူအများစုရုံးလာကြသောအခါ ပီလာတုမင်းက သင်တို့အဖို့ မည်သူ့ကို ငါလွှတ်ပေးရန် သင်တို့အလိုရှိ ကြသနည်း။ ဘာရဘကိုလော၊ ခရစ်တော်ဟုခေါ်သော ယေဇူးကိုလောဟု သူတို့အား မေးလေ၏။-
Matt BurCBCM 27:18  အကြောင်းမူကား သူတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ်နှံခဲ့ကြကြောင်း သူသိ၏။-
Matt BurCBCM 27:19  ထို့ပြင် သူသည် တရား ပလ္လင်တွင်ထိုင်နေစဉ် သူ၏ဇနီးက သတင်းပို့သည်မှာ ထိုဖြောင့်မတ်သောသူ၏အမှု၌ မည်သို့မျှမပတ်သက်ပါ နှင့်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကျွန်မသည် ထိုသူ ကြောင့် အိပ်မက်တွင် စိတ်ဒုက္ခများစွာခံစားခဲ့ရပြီဟု မှာ ကြားထားလေ၏။-
Matt BurCBCM 27:20  ရဟန်းအကြီးအကဲတို့နှင့် သက် ကြီးဝါကြီးတို့ကမူ ဘာရဘကိုလွှတ်၍ ယေဇူးကို သတ် စေမည့်အကြောင်း တောင်းဆိုရန် လူအစုအဝေးကို သွေး ဆောင်စည်းရုံးကြ၏။-
Matt BurCBCM 27:21  ဘုရင်ခံက သူတို့အား ဤသူ နှစ်ယောက်တို့တွင် မည်သူ့ကို သင်တို့အဖို့ လွှတ်စေ လိုကြသနည်းဟု မေးသောအခါ သူတို့က ဘာရဘဟု ဆိုကြ၏။-
Matt BurCBCM 27:22  ပီလာတုမင်းကလည်း သို့ဖြစ်လျှင် ခရစ်တော် ဟုခေါ်သောယေဇူးကို ငါမည်သို့ပြုရမည်နည်းဟု သူတို့ အား မေးသော် သူတို့အားလုံးက သူ့ကို လက်ဝါးကပ် တိုင်တင်၍ သတ်ပါဟုဆိုကြ၏။-
Matt BurCBCM 27:23  ထိုအခါ ဘုရင်ခံက အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်မကောင်းမှုကို ပြုခဲ့မိသနည်းဟုမေးလေ၏။ သို့သော် သူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍သတ်ပါဟု ပိုမိုကျယ်လောင်စွာ အော်ဟစ်ကြ၏။
Matt BurCBCM 27:24  ပီလာတုမင်းသည်ကား မိမိ၏စကားအကျိုးသက် ရောက်မှုမရှိသည်သာမက စတင်၍ရုန်းရင်းဆန်ခတ်ဖြစ် လာသည်ကိုပင်မြင် သောအခါ ရေကိုယူ၍ လူအများရှေ့ တွင် မိမိ၏လက်များကိုဆေးလျက် ဤဖြောင့်မတ်သော သူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့၏အမှုကိစ္စကို သင်တို့သာလျှင် လုပ်ဆောင်ကြလော့ဟုဆို၏။-
Matt BurCBCM 27:25  လူ အပေါင်းတို့ကလည်း သူ၏သွေးသည် ငါတို့နှင့် ငါတို့၏ သားသမီးများအပေါ် ကျရောက်ပါစေဟု ပြန်ပြောကြ၏။-
Matt BurCBCM 27:26  ထို့နောက် သူသည် သူတို့အတွက် ဘာရဘကိုလွှတ်၍ ယေဇူးကိုမူကား ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင် တင်စေခြင်းငှာ အပ်လိုက်လေ၏။
Matt BurCBCM 27:27  ထိုအခါ ဘုရင်ခံ၏စစ်သူရဲများသည် ယေဇူးကို ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားကြ လျက် စစ်သူရဲတစ်တပ်လုံး ကိုလည်း အထံတော်၌စုရုံး စေကြ၏။-
Matt BurCBCM 27:28  ထို့နောက် သူတို့သည် ကိုယ်တော်၏အဝတ် များကိုချွတ်၍ ကိုယ်တော့်အပေါ်၌ နီသောဝတ်ရုံကိုခြုံ ပေးကြ၏။-
Matt BurCBCM 27:29  သူတို့သည် ဆူးခက်နှင့်ခွေထားသောဦးရစ် ကိုလည်းပြုလုပ်ကြ၍ ၎င်းကို ကိုယ်တော်၏ဦးခေါင်းတော် ပေါ်၌တင်ကြကာ ကျူရိုးတစ်ချောင်းကိုလည်း ကိုယ်တော် ၏လက်ယာလက်တော်၌ကိုင်စေပြီးလျှင် ရှေ့တော်၌ ဒူးထောက်ကြလျက် ဂျူးလူမျိုးတို့၏ဘုရင်အား မင်္ဂလာ ရှိစေသတည်းဟု ပြက်ရယ်ပြုကြ၏။-
Matt BurCBCM 27:30  ထို့နောက် သူတို့ သည် ကိုယ်တော့်ကို တံတွေးနှင့်ထွေးကြ၍ ကျူရိုးကို ယူပြီးလျှင် ဦးခေါင်းတော်ကို ရိုက်ကြ၏။-
Matt BurCBCM 27:31  သူတို့သည် ကိုယ်တော့်ကို ထိုသို့ပြက်ရယ်ပြုကြပြီးနောက် နီသော ဝတ်ရုံကိုချွတ်၍ ကိုယ်တော်၏အဝတ်များကို ပြန်ဝတ် စေပြီးလျှင် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ခြင်းငှာ ခေါ်ဆောင်သွားကြ၏။
Matt BurCBCM 27:32  သူတို့သည် ရုံးတော်မှထွက်ခွာလာကြစဉ် စီမွန် အမည်ရှိသော ဆီရီနေမြို့သားတစ်ဦးကိုတွေ့ကြသော အခါ ထိုသူ့ကိုအနိုင် အထက်ပြု၍ ကိုယ်တော်၏လက်ဝါး ကပ်တိုင်ကိုထမ်းစေကြ၏။-
Matt BurCBCM 27:33  ထို့နောက် ဦးခေါင်းခွံအရပ် ဟု အဓိပ္ပာယ်ရသော ဂေါလ်ဂေါသအရပ်သို့ရောက်ကြ သောအခါ၊-
Matt BurCBCM 27:34  သူတို့သည် ကိုယ်တော်အား သည်းခြေနှင့် ရောသောစပျစ်ရည်ကိုသောက်ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် ၎င်းကို မြည်းကြည့်ပြီးလျှင် မသောက် ဘဲနေတော်မူ၏။-
Matt BurCBCM 27:35  သူတို့သည်လည်း ကိုယ်တော့်ကို လက် ဝါးကပ်တိုင်တင်ပြီးသောအခါ ကိုယ်တော်၏အဝတ်များ ကို မိမိတို့အချင်းချင်း မဲချ၍ ခွဲဝေယူကြ၏။-
Matt BurCBCM 27:36  ထို့နောက် သူ တို့သည် ထိုင်၍ ကိုယ်တော့်ကို ထိုအရပ်မှ စောင့်ကြည့် နေကြလေ၏။-
Matt BurCBCM 27:37  ကိုယ်တော်၏ဦးခေါင်းတော်အပေါ်၌ လည်း ဤသူသည်ကား ဂျူးလူမျိုးတို့၏ဘုရင်၊ ယေဇူးဖြစ် သတည်းဟူသော ကိုယ်တော့်အပေါ် စွဲချက်တင်ထား သည့်စာတမ်းကို တပ်ထားကြ၏။-
Matt BurCBCM 27:38  ထိုအချိန်၌ ဓားပြနှစ် ယောက်တို့သည် ကိုယ်တော်နှင့်အတူ လက်ယာဘက် ၌တစ်ယောက်၊ လက်ဝဲဘက်၌တစ်ယောက် လက်ဝါးကပ် တိုင်တင်ထားခြင်း ခံကြရ၏။-
Matt BurCBCM 27:39  လမ်းသွားလမ်းလာတို့ သည်လည်း မိမိတို့ဦးခေါင်းများကိုယမ်းကြလျက် လှောင် ပြောင်ကာ၊-
Matt BurCBCM 27:40  ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊ သင့်ကိုယ်သင်ကယ်တင်ပါလော့။ သင်သည် ဘုရားသခင်၏ သားတော်ဖြစ်လျှင် လက်ဝါး ကပ်တိုင်မှဆင်းလာပါလော့ဟု ဆိုကြ၏။-
Matt BurCBCM 27:41  ထိုနည်းတူ ပင် ရဟန်းအကြီးအကဲတို့သည်လည်း ကျမ်းတတ်ဆရာ များ၊ သက်ကြီးဝါကြီးများတို့နှင့်အတူ ကိုယ်တော်အား လှောင်ပြောင်လျက်၊-
Matt BurCBCM 27:42  ဤသူသည်တခြားသောသူတို့ကို ကယ်တင်ခဲ့၏။ မိမိကိုယ်ကိုမူကား မကယ်တင်နိုင်။ သူ သည် အစ္စရာအဲလ်လူမျိုး၏ဘုရင် ဖြစ်လျှင် လက်ဝါးကပ် တိုင်ပေါ်မှ ယခုဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကို ယုံကြည်ပါတော့မည်။-
Matt BurCBCM 27:43  သူသည် ဘုရားသခင်ကို ယုံ ကြည်အားထားသောသူဖြစ်၏။ ဘုရားသခင်သည် သူ့ကို အလိုရှိတော်မူလျှင် ယခုပင် သူ့ကိုကယ်တင်တော်မူပါစေ။ အကြောင်းမူကား သူက ငါသည် ဘုရားသခင်၏ သားတော်ဖြစ်၏ဟုဆိုခဲ့သည်ဟူ၍ ပြောဆိုကြ လေ၏။-
Matt BurCBCM 27:44  ကိုယ် တော်နှင့်အတူ လက်ဝါးကပ်တိုင်တင်ခံကြရသော ဓားပြတို့သည်လည်း ကိုယ်တော့်ကို ထိုနည်းတူပုတ် ခတ်ပြော ဆိုကြ၏။
Matt BurCBCM 27:45  မွန်းတည့်အချိန်မှစ၍ မွန်းလွဲသုံးနာရီအချိန်တိုင် အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိကျရောက်လေ၏။-
Matt BurCBCM 27:46  သုံးနာရီအချိန်ခန့်တွင် ယေဇူးသည် ကျယ်လောင် သောအသံနှင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု ဟစ် အော်တော်မူ၏။ အဓိပ္ပာယ်ကား အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ် ထားတော်မူပါသနည်းဟု ဆိုလိုသ တည်း။-
Matt BurCBCM 27:47  ထိုနေရာ၌ ရပ်နေသူအချို့တို့သည် ထိုစကားကိုကြားကြလျှင် ဤသူ သည် ဧလိယကိုခေါ်နေသည်ဟု ဆိုကြ၏။-
Matt BurCBCM 27:48  ထိုသူတို့ တွင် တစ်ယောက်သည် ချက်ချင်းပြေးကာ ရေမြှုပ်တစ်ခု ကိုယူ၍ ပုန်းရည်ဖြင့်ပြည့်စေပြီးလျှင် ၎င်းကို ကျူရိုးတွင် တပ်လျက် ကိုယ်တော်အား သောက်စေခြင်းငှာ ပေးလေ ၏။-
Matt BurCBCM 27:49  သို့သော် အခြားသောသူတို့က ခေတ္တစောင့်ပါဦး၊ သူ့ အား ကယ်တင်ရန် ဧလိယလာ၊ မလာကိုကြည့်ကြစို့ဟု ဆိုကြ၏။-
Matt BurCBCM 27:50  ယေဇူးမူကား ကျယ်သောအသံဖြင့် တစ်ဖန် ဟစ်အော်တော်မူ၍ အသက်တော်ကို စွန့်လိုက်တော်မူ ၏။
Matt BurCBCM 27:51  ထိုအချိန်တွင် ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်၍ နှစ်ခြမ်းကွဲ သွားလေ၏။ မြေငလျင်ကြီးစွာလှုပ်၍ ကျောက်ဆောင် များလည်း ကွဲအက်လေ၏။-
Matt BurCBCM 27:52  သင်္ချိုင်းဂူများသည်လည်း ပွင့်သဖြင့် သေလွန်ပြီးသောသူတော် ကောင်း တို့၏ခန္ဓာ ကိုယ်များသည် ပြန်ရှင်ကြ၏။- ထိုသူတို့ သည် ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူပြီးသည့်နောက်တွင် သင်္ချိုင်းဂူများမှထွက်လာကြ၍ သန့်ရှင်းသောမြို့တွင်းသို့ ဝင်ရောက် ကြကာ လူများစွာတို့အား ထင်ရှားပြကြလေ ၏။-
Matt BurCBCM 27:53  ယေဇူးကိုစောင့်ကြည့်လျက်ရှိကြသော လူတစ်ရာ တပ်မှူးနှင့် သူနှင့်အတူရှိသောသူတို့သည် ငလျင်လှုပ် ခြင်းနှင့် ဖြစ်ပျက်သမျှ အခြင်းအရာတို့ကို တွေ့မြင်ကြရ သောအခါ လွန်စွာထိတ်လန့်အံ့ဩကြ၍ ဤသူသည် ဘုရားသခင်၏သားတော် ဧကန်အမှန်ဖြစ် ပေသည်ဟု ဆိုကြ၏။
Matt BurCBCM 27:54  ယေဇူး၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်၍ အလုပ်အကျွေးပြုနေကြသည့်အမျိုးသမီးများစွာသည် ထိုနေရာတွင် ရှိနေကြပြီး ခပ်လှမ်းလှမ်းမှ ကြည့်ရှု နေကြ၏။-
Matt BurCBCM 27:55  ထိုသူတို့ထဲတွင် မာရိယာမာဒလေးနာ၊ ယာ ကုပ်နှင့် ဂျိုးဇက်တို့၏အမိဖြစ်သောမာရိယာနှင့် ဇေဘေ ဒေးဦး၏သားတို့၏ မိခင်သည်လည်း ပါရှိလေ၏။
Matt BurCBCM 27:56  ညနေအချိန်ရောက်လျှင် ယေဇူး၏တပည့်တစ်ဦး ဖြစ်သည့် အာရီမာတေးယမြို့သားဂျိုးဇက်အမည်ရှိသော ချမ်းသာကြွယ်၀ သူတစ်ဦးရောက်လာလေ၏။-
Matt BurCBCM 27:57  သူသည် ပီလာတုမင်းထံသို့သွားပြီးလျှင် ယေဇူး၏အလောင်း တော်ကို တောင်းလေ၏။ ထိုအခါ ပီလာတုမင်းက အလောင်း တော်ကို သူ့အား ပေးရန် အမိန့်ချလိုက်လေ၏။-
Matt BurCBCM 27:58  ဂျိုးဇက်သည်လည်း အလောင်းတော်ကိုယူဆောင် ၍ ဖြူစင်သောပိတ်အဝတ်ဖြင့် ပတ်ရစ်ပြီး၊-
Matt BurCBCM 27:59  ကျောက် ဆောင်တွင်ထွင်းထား သော၊ မိမိပိုင်ဆိုင်သည့်သင်္ချိုင်းဂူ အသစ်၌ ကိုယ်တော်၏အလောင်းတော်ကို သွင်းထားလေ၏။ ထို့နောက် သူသည် သင်္ချိုင်းတွင်းအဝ၌ ကြီးမား သောကျောက်တုံးတစ်တုံးကို လှိမ့်၍ ပိတ်ထားခဲ့ပြီးမှ ထွက်ခွာသွားလေ၏။-
Matt BurCBCM 27:60  မာရိယာမာဒလေးနာနှင့် အခြား သော မာရိယာတို့သည် သင်္ချိုင်းတော်ကို မျက်နှာမူလျက် ထိုနေရာ၌ ထိုင်နေကြလေ၏။
Matt BurCBCM 27:62  ပွဲတော်အတွက် ပြင်ဆင်ရသောနေ့လွန်ပြီး နောက်တစ်ရက်တွင် ရဟန်းအကြီးအကဲတို့နှင့် ဖာရီဇေးဦးတို့သည် ပီလာတုမင်း ရှေ့တွင် စုရုံးကြလျက်၊-
Matt BurCBCM 27:63  အရှင်မင်းကြီး၊ ထိုလှည့်ဖြားတတ်သောသူအသက်ရှင်စဉ်က ငါသည် သုံးရက်မြောက်သောနေ့၌ တစ်ဖန်ထမြောက်လိမ့်မည်ဟု ဆိုခဲ့ဖူးသည်ကို အကျွန်ုပ်တို့မှတ်မိပါသည်။-
Matt BurCBCM 27:64  ထို့ကြောင့် သူ၏တပည့်တို့သည် သွားကြ၍ သူ၏အလောင်းကို ခိုးယူကြပြီး သူသည် သေခြင်းမှ ရှင်ပြန်ထမြောက် လေပြီဟု လူတို့အား ပြောဆိုကြပါလျှင် ယခင်လှည့်ဖြားခြင်းထက် နောက်လှည့်ဖြားခြင်းက ပို၍ကြီးမည်ကို စိုးရိမ်ရပါသည်။ သို့ဖြစ်၍ သင်္ချိုင်းဂူကို သုံးရက်မြောက်သောနေ့တိုင်အောင် လုံခြုံစွာ စောင့်ကြပ်ပေးစေရန် အမိန့်ပေးတော်မူပါဟု လျှောက်ကြလေ၏။-
Matt BurCBCM 27:65  ပီလာတုမင်းက သင်တို့၌ အစောင့်တပ်ရှိ၏ ၊ သွား၍ သင်တို့တတ်နိုင်သမျှ လုံခြုံအောင် စောင့်ကြပ်ကြလော့ဟု သူတို့အား ဆိုလေ၏။-
Matt BurCBCM 27:66  ထို့ကြောင့် သူတို့သည်လည်း သွားကြ၍ ကျောက်တုံးကို တံဆိပ်ခတ်နှိပ်ကာ အစောင့်များချထားကြလျက် သင်္ချိုင်းဂူကို လုံခြုံအောင် စောင့်ကြပ်စေကြ၏။