MATTHEW
Chapter 11
Matt | BurCBCM | 11:1 | ယေဇူးသည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အား သွန်သင်မိန့်မှာတော်မူပြီးသောအခါ သူတို့ ၏မြို့များတွင် ဟောပြောသွန်သင် ခြင်းငှာ ထိုအရပ်မှ ကြွ သွားတော်မူ၏။ | |
Matt | BurCBCM | 11:2 | ယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှု အရာတို့ကို ထောင်တွင်းမှကြားရသောအခါ မိမိတပည့် တို့ဖြင့် စကားပါး၍၊ | |
Matt | BurCBCM | 11:3 | ကိုယ်တော်သည် ကြွလာတော်မူ မည့်သူဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြား သူတစ်ဦးကိုစောင့်မျှော် ရမည်လော ဟု ကိုယ်တော်အား မေးလျှောက်လေ၏။ | |
Matt | BurCBCM | 11:4 | ထိုအခါ ယေဇူးက ထိုသူတို့အား သင်တို့မြင်ရကြားရသမျှကို ယောဟန်ထံသွား၍ ပြော ကြားကြလော့။ | |
Matt | BurCBCM | 11:5 | မျက်မမြင်တို့သည် မျက်စိပြန်မြင်ကြ ရ၏။ ခြေမသန်စွမ်းသောသူတို့သည် လျှောက်လှမ်းနိုင် ကြ၏။ အနာကြီးရောဂါသည် တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ နားမကြားသောသူတို့သည် နားကြား ကြ၏။ သေသောသူတို့သည် အသက်ပြန်ရှင်လာကြ ၏။ ဆင်းရဲသောသူတို့သည်လည်း ဧဝံဂေလိသတင်း ကောင်းကို ကြားနာကြရ၏။ | |
Matt | BurCBCM | 11:7 | ထိုသူတို့ထွက်သွားကြလျှင် ယေဇူးသည် ယော ဟန်ကိုအကြောင်းပြု၍ လူပရိသတ်တို့အား မိန့်တော်မူ သည်မှာ သင်တို့သည် အဘယ်အရာကိုကြည့်အံ့သော ငှာ တောအရပ်သို့သွားကြသနည်း။ လေတိုက်၍ လှုပ် ရှားသောကျူပင်ကိုလော။ | |
Matt | BurCBCM | 11:8 | ထိုသို့မဟုတ်လျှင် သင် တို့သည် အဘယ်ကြောင့်သွားကြသနည်း။ ဝတ်ကောင်း စားလှဆင်မြန်းထားသောသူအား တွေ့ရန်လော။ ကြည့် လော့၊ ဝတ်ကောင်းစားလှဆင်မြန်းသူတို့သည် ဘုရင်တို့ ၏နန်းတော်များတွင် နေတတ်ကြ၏။ | |
Matt | BurCBCM | 11:9 | ထိုသို့ဖြစ်လျှင် အဘယ်အရာကိုကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြ သနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ သင်တို့အား ငါဆိုသည်ကား ပရောဖက်ထက်ပင် ကြီးမြတ်သောသူ ဖြစ်၏။ | |
Matt | BurCBCM | 11:10 | ကြည့်လော့၊ သင်သွားရာလမ်းကို ပြင်ဆင်အံ့ သောငှာ ငါ၏တမန်ကို သင်၏အရှေ့၌ ငါစေလွှတ်မည် ဟူသောရေးထား ချက် သည် ဤသူကိုပင် ဆိုလိုခြင်းဖြစ် သတည်း။ | |
Matt | BurCBCM | 11:11 | သင်တို့အား ငါအမှန်ဆိုသည်ကား မိန်းမ တို့မှဖွားမြင်သောသူတို့တွင် ယောဟန်ဘတ္တိဇံထက် ကြီးမြတ်သောသူ မပေါ်ထွန်းသေး။ သို့သော် ကောင်း ကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် သာ၍ ကြီးမြတ်၏။ | |
Matt | BurCBCM | 11:12 | ယောဟန်ဘတ္တိဇံ၏လက်ထက်မှ စ၍ ယနေ့တိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အကြမ်းဖက်တိုက်ခိုက်ခြင်းကိုခံရ၏။ ရက်စက်ကြမ်း တမ်းသူတို့သည် နိုင်ငံတော်ကိုအဓမ္မရယူကြလေ၏။ | |
Matt | BurCBCM | 11:13 | အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့် အချိန်တိုင်အောင် ပရောဖက်ကျမ်းနှင့် ပညတ်တရား ကျမ်းတို့သည် ကြိုတင်ဟောကြားထားခဲ့ကြ၏။ | |
Matt | BurCBCM | 11:14 | သင် တို့သည် ထိုဟောကြားချက်ကို လက်ခံကြမည်ဆိုပါလျှင် ဤသူသည်ကား ကြွလာလတ္တံ့သော ဧလိယပင်ဖြစ်သ တည်း။ | |
Matt | BurCBCM | 11:16 | သို့သော် ငါသည် ဤလူမျိုးဆက်ကို မည်သည့် အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် ဈေးအလယ် ၌ ထိုင်နေသော ကလေး သူငယ်များနှင့်တူ၏။ ထိုသူငယ် တို့သည် မိမိတို့၏ကစားဖော်များအား ဟစ်အော်ပြော ဆိုကြသည်ကား၊ | |
Matt | BurCBCM | 11:17 | ငါတို့သည် သင်တို့အတွက် တီးမှုတ် ကြသော်လည်း သင်တို့သည် မကခုန်ကြ၊ ငါတို့ငိုချင်းချ သော်လည်း သင်တို့မငိုကြွေးကြဟူ၍ဖြစ်၏။ | |
Matt | BurCBCM | 11:18 | အကြောင်း မူကား ယောဟန်သည် စားသောက်ခြင်းမပြုဘဲလာသော အခါ ထိုသူတို့က ဤသူ၌ နတ်ဆိုးစီးနေသည်ဟုဆိုကြ ၏။ | |
Matt | BurCBCM | 11:19 | လူသားသည် စားသောက်လျက်လာသောအခါ ထိုသူတို့က ကြည့်လော့၊ ဤသူသည် အစားအသောက် ကြူးသောသူဖြစ်၍ အခွန်ခံသူတို့နှင့် အပြစ်ရှိသောသူ တို့၏မိတ်ဆွေဖြစ်သည်ဟု ဆိုကြ၏။ သို့သော် ဉာဏ်ပညာသည်ကား ယင်း၏လုပ်ဆောင် ချက်များအားဖြင့် တရားမျှတကြောင်းကိုပြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 11:20 | ထို့နောက် ကိုယ်တော်သည် မိမိ၏အံ့ဖွယ်တန်ခိုး အများစုကို ပြုလုပ်တော်မူခဲ့သောမြို့တို့မှာ နောင်တမရကြ သောကြောင့် ထိုမြို့တို့ကို စတင်အပြစ်တင်တော်မူ၏။- | |
Matt | BurCBCM | 11:21 | ကိုယ်တော်က ခိုရာဇင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဘက်ဇိုင်းဒါမြို့၊ သင်သည်လည်း အမင်္ဂလာရှိ၏။ အဘယ် ကြောင့်ဆိုသော် သင်တို့တွင် ပြုလုပ်ခဲ့သောတန်ခိုးလက္ခ ဏာများကို တီရာနှင့် စီဒွန်မြို့တို့၌ ပြုလုပ်ခဲ့ပါမူ သူတို့သည် လျှော်တေအဝတ်ကိုဝတ်၍ ပြာနှင့်လူးလျက် ကြာမြင့်စွာ ကပင် နောင်တရခဲ့ကြပေလိမ့်မည်။- | |
Matt | BurCBCM | 11:22 | သို့ရာတွင် သင်တို့ အား ငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ တီရာနှင့် စီဒွန်မြို့တို့သည် သင်တို့ထက် ပို၍ သက်သာရာရ ကြ လိမ့်မည်။- | |
Matt | BurCBCM | 11:23 | အသင်ကာဖာနာအုမ်မြို့၊ သင်သည်လည်း ကောင်း ကင်တိုင်အောင် မြှောက်စားခြင်းခံရလိမ့်မည်လော။ သင် သည် ငရဲသို့တိုင်အောင် ချထားခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်၌ပြသောတန်ခိုးလက္ခဏာတို့ကို ဆောဒိုမာမြို့ ၌ ပြခဲ့ပါမူ ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိနေပေလိမ့်မည်။- | |
Matt | BurCBCM | 11:24 | သို့သော် သင့်အား ငါဆိုသည် ကား တရားစီရင်တော်မူသောနေ့၌ ဆောဒိုမာမြို့သည် သင့်ထက် ပို၍သက်သာရာရလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 11:25 | ထိုအချိန်ကာလ၌ ယေဇူးမိန့်တော်မူသည်ကား ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသော အဖ၊ ကိုယ်တော်သည် ပညာရှိသူတို့အား ဤအရာများ ကိုထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော် ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ ၏။- | |
Matt | BurCBCM | 11:27 | ငါ၏ခမည်းတော်သည် ခပ်သိမ်းသော အရာတို့ကို ငါ့အား လွှဲအပ်တော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူကမျှ သားတော်က ိုမသိ၊ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြ လိုသောသူများမှတစ်ပါး အခြားမည်သူမျှမသိ။ | |
Matt | BurCBCM | 11:28 | ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့ကို အားဖြည့်ပေးမည်။- | |
Matt | BurCBCM | 11:29 | ငါ၏ထမ်းပိုးကိုယူ၍ ထမ်းလျက် ငါ့ထံမှ သင်ယူကြ လော့။ အကြောင်းမူကား ငါသည် သိမ်မွေ့ ၍ နှိမ့်ချသော စိတ်နှလုံးရှိ၏။ သင်တို့၏စိတ်ဝိညာဉ်သည်လည်း သက် သာရာရလိမ့်မည်။- | |