MATTHEW
Chapter 12
Matt | BurCBCM | 12:1 | ထိုအချိန်၌ ယေဇူးသည် ဥပုသ်နေ့တွင် ဂျုံခင်းများကိုဖြတ်လျှောက်၍ သွားစဉ် တပည့်တော် တို့သည် ဆာလောင်သောကြောင့် ဂျုံပင်မှ အနှံများကို ဆွတ်ခူး၍ စားကြလေ၏။- | |
Matt | BurCBCM | 12:2 | သို့သော် ဤအခြင်းအရာကို ဖာရီဇေးဦးတို့မြင်ကြလျှင် သူတို့က ကြည့်ပါ၊ ကိုယ်တော် ၏တပည့်တော်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအရာ ကိုပြုနေကြပါသည်တကားဟု ကိုယ်တော်အား လျှောက် ကြ၏။- | |
Matt | BurCBCM | 12:3 | ကိုယ်တော်ကလည်း ထိုသူတို့အား မိန့်တော်မူ သည်ကား ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူပါသောသူတို့ သည် ဆာလောင်သောအခါ သူသည် မည်သို့ပြု သည်ကို သင်တို့မဖတ်ဖူးကြသလော။- | |
Matt | BurCBCM | 12:4 | သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ရဟန်းတို့မှတစ်ပါး မိမိသော်လည်း ကောင်း၊ မိမိနှင့်အတူပါသော သူတို့သော် လည်းကောင်း မစားအပ်သော ရှေ့တော်တင်မုန့်ကို စားခဲ့ကြသည်ကို မဖတ်ဖူးကြသလော။- | |
Matt | BurCBCM | 12:5 | ထို့ပြင် ရဟန်းတို့သည် ဗိမာန် တော်၌ ဥပုသ်ကို ချိုးဖောက်သော်လည်း အပြစ်မသင့် ကြောင်းကို ပညတ်တရားကျမ်း၌ သင်တို့ မဖတ်ဖူးကြသလော။- | |
Matt | BurCBCM | 12:7 | ငါ အလိုရှိသည်ကား ကရုဏာသနားခြင်းဖြစ်၏၊ ယဇ်ပူဇော် ခြင်းမဟုတ်ဟူသောစကားကို နားလည်ကြလျှင် သင်တို့ သည် အပြစ်ကင်းသောသူတို့ကို အပြစ်စီရင်ကြလိမ့်မည် မဟုတ်။- | |
Matt | BurCBCM | 12:10 | ထိုနေရာ၌ လက်တစ်ဖက် သေသောသူတစ်ယောက်ရှိ၏။ သူတို့သည် ကိုယ်တော့် ကို အပြစ်တင်စွပ်စွဲလိုကြသောကြောင့် ဥပုသ်နေ့၌ ရောဂါ ကို ပျောက်ကင်းစေအပ်သလောဟု မေးလျှောက်ကြလေ ၏။- | |
Matt | BurCBCM | 12:11 | ကိုယ်တော်ကလည်း သင်တို့တွင် မည်သူသည် မိမိ ၌ သိုးတစ်ကောင်ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲ သို့ကျခဲ့လျှင် ဆွဲမတင်ဘဲနေမည်နည်း။- | |
Matt | BurCBCM | 12:12 | လူသည် သိုးတစ်ကောင်ထက် များစွာအဖိုးထိုက်သည်မဟုတ်လော။ သို့ဖြစ်၍ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်ပေ၏ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 12:13 | ထို့နောက် ကိုယ်တော်သည် ထိုသူအား သင်၏လက်ကိုဆန့်လော့ဟု မိန့်တော်မူလျှင် ထိုသူ သည် မိမိ၏လက်ကိုဆန့်လိုက်ရာ ထိုလက်သည် အခြား လက်တစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်သွားလေ ၏။- | |
Matt | BurCBCM | 12:14 | ဖာရီဇေးဦးတို့သည်လည်း ထွက်သွားကြ၍ ကိုယ် တော့်ကို မည်ကဲ့သို့လုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင် ကြ၏။ | |
Matt | BurCBCM | 12:15 | ယေဇူးသည်ကား ဤအကြောင်းကိုသိသောအခါ ထိုအရပ်မှ ထွက်ခွာသွားတော်မူ၏။ များစွာသောလူ တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ် တော်သည် ထိုသူတို့၌ရှိသမျှသောရောဂါဝေဒနာများကို ပျောက်ကင်းစေတော်မူ၍၊- | |
Matt | BurCBCM | 12:18 | ဟောထားချက်သည်ကား ငါရွေးကောက်သော ငါ၏အစေခံ၊ ငါအလွန်နှစ်သက်၍ ချစ်မြတ်နိုးရသောသူကို ကြည့်လော့။ သူ့အပေါ် ၌ ငါ၏ ဝိညာဉ်တော်ကို သက်ရောက်စေသဖြင့် သူသည် တရား စီရင်တော်မူခြင်းအကြောင်းကို လူမျိုးခြားတို့အား ဟော ကြားလိမ့်မည်။- | |
Matt | BurCBCM | 12:19 | သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်း တို့ကိုပြုလိမ့်မည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမ များ၌ မည်သူမျှကြားရ လိမ့်မည် မဟုတ်။- | |
Matt | BurCBCM | 12:20 | သူသည် တရား မျှတမှုစိုးမိုးလာသည့်တိုင်အောင် ကြေနေသည့်ကျူပင် ကို မချိုး၊ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်း သတ်လိမ့်မည်မဟုတ်။- | |
Matt | BurCBCM | 12:22 | ထိုအခါ နတ်ဆိုးစီးခြင်းခံရသောကြောင့် ဆွံ့အ၍ မျက်စိမမြင်သောသူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင် ကိုယ်တော်သည် သူ့ကို ကုသပျောက် ကင်းစေတော်မူသဖြင့် ဆွံ့အသောသူသည် စကားပြော ကာ မျက်စိလည်းမြင်လေ၏။- | |
Matt | BurCBCM | 12:24 | သို့သော် ဖာရီဇေးဦးတို့သည် ထိုအကြောင်းကိုကြားကြလျှင် ဤသူသည် နတ်ဆိုးတို့ ၏အကြီးအကဲ ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းဖြစ်သည်ဟု ဆိုကြ၏။- | |
Matt | BurCBCM | 12:25 | ကိုယ်တော်သည် သူတို့၏စိတ်ထဲမှအတွေးကို သိတော်မူသောကြောင့် သူတို့အား မိန့်တော်မူသည်မှာ မည်သည့်တိုင်းနိုင်ငံတွင် မဆို အချင်းချင်းဆန့်ကျင်ကွဲပြားကြလျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ ကွဲပြားလျက်ရှိသော မြို့၊ သို့မဟုတ် အိမ်ထောင်စုသည်လည်း မတည်တံ့နိုင်ရာ။- | |
Matt | BurCBCM | 12:26 | နတ်ဆိုးသည်လည်း နတ်ဆိုးကို နှင်ထုတ်သည်မှန်လျှင် သူသည် မိမိကိုယ်ကိုဆန့်ကျင်၍ ကွဲပြားခြင်းဖြစ်သော ကြောင့် သူ၏နိုင်ငံသည် မည်သို့တည်တံ့နိုင်မည်နည်း။- | |
Matt | BurCBCM | 12:27 | အကယ်၍ ငါသည် ဘဲလ်ဇေဘုလ်ကို အမှီပြု၍ နတ်ဆိုး တို့ကို နှင်ထုတ်သည်မှန်လျှင် သင်တို့၏သားတို့သည် မည်သူ့က ိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို စီရင်ဆုံးဖြတ်ပေးသော သူများဖြစ်ကြလိမ့်မည်။- | |
Matt | BurCBCM | 12:28 | သို့သော် ငါသည် ဘုရားသခင် ၏ဝိညာဉ်တော်အားဖြင့် နတ်ဆိုးများကို နှင်ထုတ်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အပေါ် ၌ ရောက် လေပြီ။ | |
Matt | BurCBCM | 12:29 | မည်သူသည် ခွန်အားကြီးသူကို ဦးစွာမချည်နှောင် ဘဲ ထိုသူ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကို လုယူနိုင်ပါ မည်နည်း။ ထိုသူ့ကိုချည်နှောင်ပြီးမှသာလျှင် သူသည် ထို သူ၏အိမ်ကို လုယက်နိုင်မည်ဖြစ်၏။ | |
Matt | BurCBCM | 12:30 | ငါနှင့်အတူမရှိသောသူသည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ငါနှင့်အတူမစုစည်းသောသူသည် ကွဲလွင့်စေ သောသူဖြစ်၏။ | |
Matt | BurCBCM | 12:31 | ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား အပြစ်ဟူ သမျှနှင့် ဘုရားသခင်ကို ထိခိုက်စော်ကားမှုများအားလုံး အတွက် လူတို့သည် ခွင့်လွှတ်ခြင်းခံကြရလိမ့်မည်။ သို့ သော် ဝိညာဉ်တော်ကို ထိခိုက်သောအပြစ်သည်ကား ခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။- | |
Matt | BurCBCM | 12:32 | ထို့အတူ လူသားကို ထိခိုက်စကားပြောဆိုသောသူ မည်သူမဆို ခွင့်လွှတ် ခြင်းခံရလိမ့်မည်။ သို့သော် ဝိညာဉ်တော်မြတ်အား ထိ ခိုက်ပြောဆိုသောသူ မည်သူမျှ ယခုဘ၀၌သော်လည်း ကောင်း၊ နောင်ဘ၀၌သော်လည်းကောင်း ခွင့်လွှတ်ခြင်း ခံရလိမ့်မည်မဟုတ်။ | |
Matt | BurCBCM | 12:33 | အပင်ကို ကောင်းအောင်ပြုစုလျှင် ၎င်း၏အသီး သည် ကောင်းလိမ့်မည်။ ထိုကဲ့သို့မဟုတ်ဘဲ အပင်ကို မကောင်းအောင်ပြုလုပ်ပါက ၎င်း၏အသီးသည် ကောင်း လိမ့်မည်မဟုတ်။ အကြောင်းမူကား အသီးကိုကြည့်ခြင်း အားဖြင့် အပင်ကိုသိရ၏။- | |
Matt | BurCBCM | 12:34 | အချင်း မြွေဆိုးအမျိုးတို့၊ သင် တို့သည် ဆိုးယုတ်သူများဖြစ်လျက် ကောင်းသောစကား ကို မည်သို့ပြောနိုင်ကြသနည်း။ အကြောင်းမူကား စိတ် နှလုံး၌ ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ် ၏။- | |
Matt | BurCBCM | 12:35 | ကောင်းမြတ်သောသူသည် မိမိ၏ကောင်းသော ဘဏ္ဍာထဲမှ ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ ဆိုးယုတ်သော သူသည်လည်း မိမိ၏ဆိုးယုတ်သော ဘဏ္ဍာထဲမှ ဆိုးယုတ်သောအရာကို ထုတ်ဖော်တတ်၏။- | |
Matt | BurCBCM | 12:36 | သင်တို့အား ငါဆိုသည်ကား တရားစီရင်တော်မူ သောနေ့၌ လူတို့သည် မိမိတို့သတိလက်လွတ်ပြောဆို မိသမျှစကားလုံး တိုင်းအတွက် စီရင်ခြင်းခံရလိမ့်မည်။- | |
Matt | BurCBCM | 12:37 | အကြောင်းမူကား သင်တို့၏စကားများနှင့်အညီ သင်တို့သည် ဖြောင့်မတ်ခြင်းသို့ရောက်ကြရလိမ့်မည်။ ထို့အတူ သင်တို့၏ စကားများနှင့်အညီ သင်တို့သည် အပြစ်စီရင် ခြင်းကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 12:38 | ထို့နောက် အချို့သောကျမ်းတတ်ဆရာများနှင့် ဖာရီ ဇေးဦးတို့က ဆရာသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့် ထံမှ နိမိတ်လက္ခဏာတစ်ခုကို မြင်လိုပါသည်ဟု လျှောက် ကြ၏။- | |
Matt | BurCBCM | 12:39 | သို့ရာတွင် ကိုယ်တော်က သူတို့အား ပြန်ပြော တော်မူသည်မှာ ဆိုးညစ်၍ ဖောက်ပြန်သောလူမျိုးဆက် သည် နိမိတ်လက္ခဏာ ကိုတောင်းတတ်၏။ သို့သော် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့် လက္ခဏာကိုမျှ သူတို့အား ပေးမည်မဟုတ်။- | |
Matt | BurCBCM | 12:40 | အကြောင်း မူကား ယောနသည် ဝေလငါး၏ဝမ်းထဲ၌ သုံးနေ့နှင့် သုံး ညနေခဲ့ရသကဲ့သို့ လူသားသည်လည်း မြေကြီးအတွင်း ၌ သုံးနေ့နှင့် သုံးညနေလိမ့်မည်။- | |
Matt | BurCBCM | 12:41 | တရားစီရင်တော်မူ သောနေ့၌ နီးနေဝေမြို့သားတို့သည် ဤလူမျိုးဆက်နှင့် တရားပြိုင်ပြုကာ သူတို့ကို ပြစ်တင်ရှုတ်ချ ကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက် ၌ နောင်တတရားရခဲ့ကြသောကြောင့်ဖြစ်၏။ ဤနေရာ ၌မူကား ယောနထက် သာ၍ကြီးမြတ်သောသူရှိ၏။- | |
Matt | BurCBCM | 12:42 | တရားစီရင်တော်မူသောနေ့၌ တောင်ဘက်တိုင်းပြည်၏ ဘုရင်မသည် ဤလူမျိုးဆက်နှင့် တရားပြိုင်ပြုကာ သူတို့ ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ အကြောင်းမူကား သူမသည် ဆောလမွန်မင်းကြီး၏ဉာဏ်ပညာတော်ကို ကြားသိခြင်းငှာ ကမ္ဘာ၏ဝေးလ ံသောအရပ်မှ လာရောက်ခဲ့၏။ ဤ နေရာ၌မူကား ဆောလမွန်မင်းကြီးထက် သာ၍ကြီးမြတ် သောသူရှိ၏။ | |
Matt | BurCBCM | 12:43 | ညစ်ညူးသောနတ်ဆိုးသည် လူတစ်ဦးထံမှ ထွက် ခွာသွားသောအခါ ခြောက်သွေ့သောလွင်ပြင်များတွင် လှည့်လည်၍ နားခိုရန်နေရာရှာသော်လည်း မတွေ့ဘဲရှိ ၏။- | |
Matt | BurCBCM | 12:44 | ထိုအခါ နတ်ဆိုးက ငါထွက်လာခဲ့သော ငါ၏အိမ် သို့ပြန်မည်ဟုဆို၍ ပြန်သွားရာ ထိုအိမ်သည် လစ်လပ် ပြီး လှဲကျင်းထား၍ သပ်ရပ်လျက်ရှိသည်ကိုတွေ့ရ၏။- | |
Matt | BurCBCM | 12:45 | ထိုအခါ သူသည် မိမိထက်ညစ်ညူးသော အခြားနတ်ဆိုး ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်ခဲ့ပြီးလျှင် ထိုလူ ၌ဝင်နေကြ သဖြင့် ထိုလူ၏နောက်အဖြစ်သည် ယခင်က အဖြစ်ထက် ပို၍ဆိုးလေ၏။ ဤဆိုးညစ်သောလူမျိုး ဆက်၌လည်း ထိုနည်းတူဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 12:46 | ကိုယ်တော်သည် လူအစုအဝေးကို ဟောပြောနေ တော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့ သည် ကိုယ်တော်နှင့် စကားပြောလို၍ အပြင်တွင် ရပ်နေကြ၏။- | |
Matt | BurCBCM | 12:47 | ထိုအခါ လူတစ်ဦးက ကိုယ်တော်၏မယ်တော် နှင့် ညီအစ်ကိုတို့သည် ကိုယ်တော်နှင့် စကားပြောလို၍ အပြင်ဘက်၌ ရပ်နေကြပါ သည်ဟုလျှောက်လေ၏။- | |
Matt | BurCBCM | 12:48 | သို့ သော် ကိုယ်တော်က ငါ၏အမိနှင့် ငါ၏ညီအစ်ကိုများကား မည်သူတို့နည်းဟု မိမိအား ပြောသောသူကို မေးတော် မူပြီးလျှင်၊- | |
Matt | BurCBCM | 12:49 | တပည့်တော်များဘက်သို့ မိမိ၏လက်တော် ကိုဆန့်တန်းလျက် ဤသူတို့ကား ငါ၏အမိနှင့် ငါ့ညီ အစ်ကိုများပေတည်း။- | |