MATTHEW
Chapter 5
Matt | BurCBCM | 5:1 | ကိုယ်တော်သည် လူအစုအဝေးတို့ကိုမြင်လျှင် တောင်ပေါ်သို့တက်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထိုင်တော်မူ သောအခါ တပည့်တော်တို့သည် အထံတော်သို့ စုဝေးလာကြ၏။- | |
Matt | BurCBCM | 5:3 | အတွင်းစိတ်၌ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ | |
Matt | BurCBCM | 5:4 | ဝမ်းနည်းငိုကြွေးသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းခံကြရလိမ့် မည်။ | |
Matt | BurCBCM | 5:5 | စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် မြေကို အမွေခံ ကြရလိမ့်မည်။ | |
Matt | BurCBCM | 5:6 | ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် လိုအင် ဆန္ဒပြည့်၀ ကြလိမ့်မည်။ | |
Matt | BurCBCM | 5:7 | သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်း ခံကြရလိမ့်မည်။ | |
Matt | BurCBCM | 5:8 | စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။ | |
Matt | BurCBCM | 5:9 | ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သော သူ တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် ဘုရားသခင် ၏သားများဟု အခေါ်ခံကြရလိမ့်မည်။ | |
Matt | BurCBCM | 5:10 | ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက် ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်း မူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံ ဖြစ်၏။ | |
Matt | BurCBCM | 5:11 | လူတို့သည် ငါ့အတွက်ကြောင့် သင်တို့ကို စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချ ကြသောအခါ သင်တို့ သည် မင်္ဂလာရှိကြ၏။- | |
Matt | BurCBCM | 5:12 | ရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား ကောင်း ကင်နိုင်ငံတော်၌ သင်တို့ခံစားရမည့်ဆုလာဘ်သည် ကြီး မားလှပေ၏။ သူတို့သည် သင်တို့မတိုင်မီရှိခဲ့သော ပရော ဖက်များကိုလည်း ဤနည်းတူညှဉ်းဆဲခဲ့ကြ၏။ | |
Matt | BurCBCM | 5:13 | သင်တို့သည် လောက၏ဆားဖြစ်ကြ၏။ ဆားမူ ကား ၎င်း၏အရသာကင်းမဲ့ခဲ့လျှင် ထိုအငန်ဓါတ်ကို မည်ကဲ့သို့ပြန် လည်ရရှိနိုင်မည်နည်း။ ၎င်းသည် မည်သို့ မျှအသုံးမဝင်တော့ဘဲ အပြင်သို့ပစ်လိုက်၍ လူတို့၏နင်း ခြေခြင်းခံရရုံသာ ရှိပေတော့မည်။ | |
Matt | BurCBCM | 5:14 | သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင် ပေါ်တွင် တည်ထားသောမြို့ကို ဝှက်ကွယ်ထား၍မရနိုင်။- | |
Matt | BurCBCM | 5:15 | မည်သူကမျှ ဆီမီးကိုထွန်း၍ တောင်းဇလားအောက်၌ ထားလေ့မရှိ။ ၎င်းကို ဆီမီးခုံပေါ် ၌သာတင်ကြသဖြင့် ၎င်း သည် အိမ်သူအိမ်သားအားလုံးကို အလင်းပေးလေ၏။- | |
Matt | BurCBCM | 5:16 | ဤနည်းတူပင် လူတို့သည် သင်တို့၏ကောင်းသော အကျင့်များကိုမြင်ကြ၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သင် တို့၏အလင်းကို လူတို့ရှေ့တွင် ထွန်းလင်းစေကြလော့။ | |
Matt | BurCBCM | 5:17 | ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုပယ် ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက် ခြင်းငှာမဟုတ်၊ ပြီးပြည့်စုံစေခြင်းငှာ ငါလာသတည်း။- | |
Matt | BurCBCM | 5:18 | သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့် မြေ ကြီးပျောက်ကွယ်သွားသည့်တိုင်အောင် အရာအားလုံး ပြီးပြည့်စုံခြင်းသို့မရောက်မချင်း ပညတ်တရားကျမ်းမှ အငယ်ဆုံးသောစာလုံးတစ်လုံး၊ အသတ်အလပ်တစ်ခု မျှမကွယ်မပျောက်ရာ။- | |
Matt | BurCBCM | 5:19 | ထို့ကြောင့် မည်သူမဆို ဤ အငယ်ဆုံးသောပညတ်တို့တွင် တစ်ပါးပါးကို ကိုယ်တိုင် ကျူးလွန်၍ အခြားသူတို့အားလည်း ထိုနည်းအတိုင်း သွန်သင်လျှင် ထိုသူသည် ကောင်း ကင်နိုင်ငံတော်တွင် အသိမ်ငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့ရာ တွင် မည်သူမဆို ပညတ်တော်များကို ကိုယ်တိုင်ကျင့်၍ အခြားသူတို့အားလည်း ကျင့်ရန်သွန်သင်လျှင် ထိုသူ သည် ကောင်းကင်နိုင်ငံတော်တွင် ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။- | |
Matt | BurCBCM | 5:20 | အကြောင်းမူကား သင်တို့၏ဖြောင့် မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့ ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရလိမ့်မည်မဟုတ်ဟု ငါဆို၏။ | |
Matt | BurCBCM | 5:21 | လူ့အသက်ကို မသတ်နှင့်။ သတ်သောသူသည် ရုံး ၌ အပြစ်စီရင်ခြင်းကိုခံထိုက်၏ဟူ၍ ရှေးလူကြီးတို့အား ပညတ်ထား ခဲ့သည် ကို သင်တို့ကြားခဲ့ရလေပြီ။- | |
Matt | BurCBCM | 5:22 | သို့ရာ တွင် သင်တို့အား ငါဆိုသည်မှာ မည်သူမဆို မိမိ၏ညီ အစ်ကိုအပေါ် အမျက်ဒေါသ ထွက်လျှင် ရုံးတော်၌ အပြစ် စီရင်ခြင်း ကို ခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အသုံးမကျ သူဟုခေါ်၍ ကဲ့ရဲ့စော်ကား သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အရူး ဟုခေါ်သောသူသည် ဂေဟေ့နာမီးဒဏ် ကိုခံထိုက်၏။- | |
Matt | BurCBCM | 5:23 | ထို့ကြောင့် သင်သည် သင်၏ပူဇော်သကာကို ယဇ်ပလ္လင် သို့ ယူဆောင်လာသောအခါ သင်၏ညီအစ်ကိုသည် သင့် ၌ အပြစ်တင်စရာတစ်စုံတစ်ခုရှိနေသည်ကို ထိုနေရာ၌ သတိရလျှင်၊- | |
Matt | BurCBCM | 5:24 | သင်၏ပူဇော်သကာကို ယဇ်ပလ္လင်ရှေ့တွင် ထားခဲ့ပြီးလျှင် သွား၍ သူနှင့် သင့်မြတ်အောင် ပထမဦးစွာ ပြုလုပ် လော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သကာကို ဆက်ကပ်လော့။- | |
Matt | BurCBCM | 5:25 | သင်သည် သင်၏တရားပြိုင်ဘက် နှင့်အတူ တရားရုံး သို့သွားနေစဉ် သူနှင့် ပြန်လည်သင့် မြတ်အောင် အလျင်အမြန်ပြုလော့။ ထိုသို့မပြုလျှင် သူ သည် သင့်ကို တရားသူကြီး၏လက်သို့အပ်လိမ့်မည်။ တရားသူကြီးသည်လည်း သင့်ကို မင်းမှုထမ်းလက်သို့ အပ်၍ အကျဉ်းချထားလိမ့်မည်။- | |
Matt | BurCBCM | 5:26 | ထိုအခါ သင်သည်ပေးဆောင်ရမည့်ငွေကို အကုန်အစင်မပေးမချင်း ထောင်ထဲမှထွက်ရ လိမ့်မည်မဟုတ်ဟု သင့်အား ငါအမှန် ဆို၏။ | |
Matt | BurCBCM | 5:28 | သို့သော် သင်တို့ အား ငါဆိုသည်မှာ အမျိုးသမီးတစ်ဦးအား ကိလေသာ စိတ်နှင့် တပ်မက် စွာကြည့်သောသူဟူသမျှသည် မိမိ၏ စိတ်နှလုံးတွင် ထိုအမျိုးသမီးကို ပြစ်မှားလေပြီ။- | |
Matt | BurCBCM | 5:29 | အကယ် ၍ သင်၏လက်ယာမျက်စိသည် သင့်ကို အပြစ်ထဲသို့ကျ ရောက်စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ခန္ဓာ ကိုယ်တစ်ခုလုံး ငရဲသို့ချခြင်းခံရသည်ထက် ကိုယ်အင်္ဂါ တစ်ခုဆုံးရှုံးရ သည်က သာ၍ကောင်း၏။- | |
Matt | BurCBCM | 5:30 | သင်၏လက် ယာလက်သည် သင့်ကို အပြစ်ထဲသို့ ကျရောက်စေလျှင် ထိုလက်ကို ဖြတ်၍ စွန့်ပစ်လော့။ သင်၏ခန္ဓာကိုယ်တစ်ခု လုံး ငရဲသို့သွားရသည်ထက် ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးရ သည်က သာ၍ကောင်း၏။ | |
Matt | BurCBCM | 5:31 | မည်သူမဆို မိမိ၏မယားနှင့်ကွာရှင်းလိုလျှင် ထိုသူသည် သူမကို ဖြတ်စာပေးစေဟူ၍လည်း အဆိုရှိ၏။- | |
Matt | BurCBCM | 5:32 | သို့ သော် သင်တို့အား ငါဆိုသည်မှာ အိမ်ထောင်ရေးဖောက် ပြန်ခြင်း အကြောင်းမှလွဲ၍ မိမိ၏မယားကိုကွာရှင်းသော သူသည် သူမကို ဖောက်ပြန်ခြင်းသို့ရောက်စေ၏။ ကွာ ရှင်းထားသောအမျိုးသမီးကို လက်ထပ်ပေါင်းသင်းသော သူသည်လည်း သူ့မယားကို ပြစ်မှားရာရောက်၏။ | |
Matt | BurCBCM | 5:33 | တစ်ဖန် မမှန်ကန်သောကျိန်ဆိုခြင်းကိုမပြုနှင့်။ သင် ပြုခဲ့သောကတိသစ္စာကို ထာ၀ရဘုရားသခင်၏ရှေ့တော် ၌ တည်စေလော့ဟု ရှေးလူကြီးတို့အား ပညတ်ထားခဲ့သည်ကို သင်တို့ကြားခဲ့ရလေပြီ။- | |
Matt | BurCBCM | 5:34 | သို့သော် သင်တို့အား ငါဆိုသည်မှာ ကျိန်ဆိုခြင်းအမှုကိုလုံး၀မပြုရ။ ကောင်း ကင်ကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူ ကား ကောင်းကင်သည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။- | |
Matt | BurCBCM | 5:35 | ကမ္ဘာမြေကြီးကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ကမ္ဘာမြေကြီးသည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်၏။ ဂျေရုဆလင်မြို့တော်ကိုလည်း တိုင် တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ထိုမြို့သည် ကြီးမြတ်သောဘုရင်၏မြို့တော်ဖြစ်၏။- | |
Matt | BurCBCM | 5:36 | သင်၏ဦးခေါင်းကို လည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ဆံ ခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှာ သင်မတတ်နိုင်။- | |
Matt | BurCBCM | 5:37 | သင်တို့ပြောဆိုသောအရာကို ဟုတ်လျှင် ဟုတ် သည်၊ မဟုတ်လျှင် မဟုတ်ပါဟု ပြောလော့။ ထို့ထက်ပို သောစကားသည် မကောင်းမှုမှ လာ၏။ လက်စားချေ ခြင်းမပြုအပ်ကြောင်း | |
Matt | BurCBCM | 5:39 | သို့ သော် သင်တို့အား ငါဆိုသည်မှာ ဆိုးယုတ်သောသူကို မတုံ့ပြန်ကြနှင့်။ တစ်စုံတစ်ယောက်သည် သင်၏ညာ ဘက်ပါးကိုရိုက် လျှင် ကျန်ပါးတစ်ဖက်ကိုလည်း သူ့ထံသို့လှည့်ပေးဦးလော့။- | |
Matt | BurCBCM | 5:40 | တစ်စုံတစ်ယောက်သည် သင်၏ အင်္ကျီကိုရယူလို၍ သင့်ကိုတရားစွဲလျှင် သူ့အား သင်၏ဝတ်ရုံကိုလည်း ယူစေလော့။- | |
Matt | BurCBCM | 5:41 | တစ်စုံတစ်ယောက်သည် သင့်ကိုအနိုင်အထက်ပြု၍ ခရီးတစ်မိုင်သွားစေလျှင် ထိုသူနှင့်အတူ ခရီးနှစ်မိုင်သွားလော့။- | |
Matt | BurCBCM | 5:42 | သင့်ထံ၌ တောင်းခံ သောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသော သူကိုလည်း မငြင်းပယ်လေနှင့်။ | |
Matt | BurCBCM | 5:43 | သင်နှင့် နီးစပ်သောသူကိုချစ်လော့။ သင်၏ရန်သူ ကိုမုန်းလော့ဟူသောပညတ်စကားရှိသည်ကို သင်တို့ကြားခဲ့ရလေပြီ။- | |
Matt | BurCBCM | 5:44 | သို့သော် သင်တို့အား ငါဆိုသည်မှာ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို နှိပ်စက် ညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။- | |
Matt | BurCBCM | 5:45 | သို့မှသာ သင်တို့သည် ဆိုးသူနှင့် ကောင်းသူတို့အပေါ်၌ မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သူ၊ မဖြောင့် မတ်သူတို့အပေါ်သို့ မိုးကို ရွာစေတော်မူသော၊ ကောင်း ကင်ဘုံ၌ ရှိတော်မူသည့် သင်တို့အဖ၏သားသမီးများဖြစ်ကြလိမ့်မည်။- | |
Matt | BurCBCM | 5:46 | အကြောင်းမူကား သင်တို့သည် မိမိ တို့အား ချစ်သောသူများကိုသာ ချစ်ကြပါမူ အဘယ်အကျိုးကိုခံစားရမည်နည်း။ အခွန်ခံ သောသူများပင်လျှင် ထိုနည်းတူပြုမူကြသည်မဟုတ်လော။- | |
Matt | BurCBCM | 5:47 | သင်တို့၏ညီ အစ်ကိုများကိုသာ သင်တို့နှုတ်ဆက်ကြလျှင် သင်တို့ သည် အခြားသူများထက် မည်သည့်ထူးခြားချက်ကိုပြု သနည်း။ လူမျိုးခြားတို့ပင်လျှင် ထိုနည်းတူပြုမူကြသည် မဟုတ်လော။- | |