Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 16
Matt BurCBCM 16:1  ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့သည် အထံတော်သို့ ချဉ်းကပ်၍ ကိုယ်တော်အား စုံစမ်းရန်အလို့ငှာ ကောင်းကင်မှ နိမိတ်လက္ခဏာ ကို သူတို့အားပြရန် ကိုယ် တော့်ကို တောင်းဆိုကြ၏။-
Matt BurCBCM 16:2  ကိုယ်တော်ကလည်း သင် တို့သည် ညနေစောင်းချိန်၌ ပြောလေ့ရှိသည်မှာ ရာသီ ဥတုသာယာလိမ့်မည်၊ အကြောင်းမူကား ကောင်းကင် ယံသည် နီနေသည်ဟူ၍လည်းကောင်း၊-
Matt BurCBCM 16:3  တစ်ဖန် နံနက် အချိန်ရောက်လျှင်လည်း ယနေ့မိုးသက်မုန်တိုင်းကျလိမ့် မည်၊ အကြောင်းမူကား ကောင်းကင်သည်နီ၍ အုံ့မှိုင်း နေသည်ဟူ၍လည်းကောင်း ဆိုတတ်ကြ၏။ ထိုကဲ့သို့ ကောင်းကင်၏အသွင်အပြင်ကို ကြည့်၍ ရာသီဥတုကို သင်တို့သိကြပါလျှင် ခေတ်ကာလ၏နိမိတ်လက္ခဏာ တို့ကိုမူကား အဘယ်ကြောင့် အဓိပ္ပာယ်မဖွင့်ဆိုနိုင်ကြ သနည်း။-
Matt BurCBCM 16:4  ဆိုးယုတ်၍ ဖောက်ပြန်တတ်သောလူမျိုး ဆက်သည် နိမိတ်လက္ခဏာကို တောင်းကြသော်လည်း ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာကိုမျှ သူတို့အား ပေးလိမ့်မည်မဟုတ်ဟု သူတို့ အား မိန့်ဆိုပြီး သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
Matt BurCBCM 16:5  တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့ရောက် ကြသောအခါ ပေါင်မုန့်ကိုယူဆောင်လာရန်မေ့လျော့ ခဲ့ကြ၏။-
Matt BurCBCM 16:6  ယေဇူးကလည်း သူတို့အား ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့၏တဆေးကို သတိပြု၍ ရှောင်ကြဉ်ကြ လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 16:7  တပည့်တော်တို့ကမူကား ငါတို့ သည် ပေါင်မုန့်ကိုမယူလာခဲ့သောကြောင့် ဤသို့ပြော ခြင်းဖြစ်တန်ရာသည်ဟု အချင်းချင်းပြော ဆိုဆွေးနွေးကြ ၏။-
Matt BurCBCM 16:8  ထိုသို့ပြောဆိုနေကြသည်ကို ယေဇူးသိသောအခါ မိန့်တော်မူသည်ကား ယုံကြည်ခြင်းအားနည်းသူတို့၊ သင်တို့၌ပေါင်မုန့် မပါလာသည့်အကြောင်းကို အဘယ် ကြောင့် ဆွေးနွေးနေကြသနည်း။-
Matt BurCBCM 16:9  ယခုတိုင်အောင် သင် တို့နားမလည်နိုင်ကြသလော။ ပေါင်မုန့်ငါးလုံးကို လူငါး ထောင်စား၍ တောင်းမည်မျှကောက်သိမ်းရသည်ကို လည်းကောင်း၊-
Matt BurCBCM 16:10  ပေါင်မုန့်ခုနစ်လုံးကို လူလေးထောင် စား၍ တောင်းမည်မျှကောက်သိမ်းရသည်ကိုလည်း ကောင်း သင်တို့သတိမရကြသလော။-
Matt BurCBCM 16:11  ငါသည် ပေါင်မုန့် နှင့်ပတ်သက်၍ ပြောဆိုနေခြင်းမဟုတ်ကြောင်းကို သင် တို့အဘယ်ကြောင့်နားမလည်ကြသနည်း။ ဖာရီဇေးဦး နှင့် ဇာဒူခေးဦးတို့၏တဆေးကို သတိနှင့် ရှောင်ကြဉ်ကြ လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 16:12  ထိုအခါတွင်မှ တပည့်တော်တို့ သည် ပေါင်မုန့်၏တဆေးကိုမဟုတ်ဘဲ ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့၏သွန်သင်ချက်များကို သတိနှင့် ရှောင်ရှားကြ ရန် ကိုယ်တော်မိန့်မှာတော်မူခြင်းဖြစ်ကြောင်း နားလည် ကြလေ၏။
Matt BurCBCM 16:13  ယေဇူးသည် ဆီဇားရိယ ဖိလိပိနယ်သို့ရောက် သောအခါ လူအပေါင်းတို့သည် လူသားကို မည်သူဖြစ် သည်ဟူ၍ ဆိုကြသနည်း ဟု သူ၏တပည့်တော်တို့အား မေးတော်မူ၏။-
Matt BurCBCM 16:14  သူတို့ကလည်း လူအချို့က ကိုယ်တော် သည် ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အချို့က ဂျေ ရေမိယ၊ သို့မဟုတ် ပရောဖက် တစ်ပါးပါးဖြစ်ကြောင်း ပြောဆိုကြပါသည်ဟု လျှောက်ကြ၏။-
Matt BurCBCM 16:15  ကိုယ်တော်က လည်း သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ဆိုကြ သနည်း ဟု သူတို့အား မေးတော်မူလျှင်၊-
Matt BurCBCM 16:16  စီမွန်ပေတရုက ကိုယ်တော်သည် အသက်ရှင်တော်မူသည့်ဘုရားသခင် ၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်ဟု လျှောက်လေ၏။-
Matt BurCBCM 16:17  ယေဇူးကလည်း ယောန၏သား စီမွန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို သင့်အား အသွေးအသားက ဖော်ပြခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်က ဖော်ပြတော်မူခြင်းသာဖြစ်၏။-
Matt BurCBCM 16:18  သင့်အား ငါဆိုသည်မှာ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော် ကို ငရဲ၏တံခါးတို့သည် မအောင်နိုင်ရာ။-
Matt BurCBCM 16:19  ကောင်းကင်နိုင် ငံတော်၏သော့ကိုလည်း သင့်အား ငါပေးမည်။ ကမ္ဘာမြေ ပေါ်တွင် သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည် နှောင်လျက်ရှိလိမ့်မည်။ ကမ္ဘာမြေပေါ်တွင် သင်ဖြေလွှတ် သမျှသည်လည်း ကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့် မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 16:20  ထို့နောက် ကိုယ်တော်က မိမိ သည် ခရစ်တော်ဖြစ်ကြောင်းကို မည်သူ့အားမျှမပြောရန် တပည့်တော်တို့အား ကြပ်တည်း စွာတားမြစ်တော်မူ၏။
Matt BurCBCM 16:21  ထိုအချိန်မှစ၍ ယေဇူးက မိမိသည် ဂျေရုဆလင် မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများ နှင့် ရဟန်းအကြီးအကဲတို့၏လက်တွင် ဒုက္ခဝေဒနာ များစွာခံစားရပြီး အသတ်ခံရမည့်အကြောင်းကိုလည်း ကောင်း၊ တတိယနေ့၌ သေခြင်းမှရှင်ပြန်ထမြောက်မည့် အကြောင်းကိုလည်းကောင်း တပည့်တော်တို့အား ဖော် ပြတော်မူ၏။-
Matt BurCBCM 16:22  ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိ နှင့်အတူ တစ်နေရာသို့ခေါ်ဆောင်၍ သခင်ဘုရား၊ ဤ အဖြစ်အပျက်သည် ကိုယ်တော့်အပေါ် မကျရောက်စေ ရန် ဘုရားသခင်တားမြစ်တော်မူပါစေဟု ကန့်ကွက်ပြော ဆိုလေ၏။-
Matt BurCBCM 16:23  သို့သော် ကိုယ်တော်သည် လှည့်၍ ပေတရု အား အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် အတားအဆီး ဖြစ်၏။ အကြောင်းမူကား သင် သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မတွေး တောဘဲ လူနှင့်ဆိုင်သောအရာများကိုသာ တွေးတော လျက်ရှိသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 16:24  ထိုအခါ ယေဇူးက တပည့်တော်တို့အား ငါ့နောက် သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်၍ မိမိ ၏လက်ဝါးကပ်တိုင် ကိုထမ်းကာ ငါ့နောက်သို့လိုက် စေ။-
Matt BurCBCM 16:25  အကြောင်းမူကား မိမိ၏အသက်ကို ကယ်လိုသော သူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက် ဆုံးရှုံးသူသည် အသက်ကို ပြန်၍ရလိမ့်မည်။-
Matt BurCBCM 16:26  လူသည် ကား ဤစကြ၀ဠာတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏ အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း၊ သို့မဟုတ် မိမိ၏အသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်မည်နည်း။-
Matt BurCBCM 16:27  အကြောင်းမူကား လူသားသည် မိမိအဖခမည်းတော်၏ဘုန်းဂုဏ်တော်၌ ကောင်းကင် တမန်တော်များခြံရံလျက် ကြွလာ တော် မူ သောအခါ လူ အသီးသီးတို့အား မိမိတို့ပြုကျင့်ခဲ့သည့်အတိုင်း ပြန်၍ပေး တော်မူလိမ့်မည်။-
Matt BurCBCM 16:28  သင်တို့အား ငါအမှန်ဆိုသည်ကား လူသားသည် မိမိ၏နိုင်ငံတော်နှင့်အတူကြွလာတော်မူ သည်ကို မြင်ရသည့်တိုင်အောင် အသက်မသေဘဲနေရ မည့်သူအချို့သည် ဤနေရာတွင် ရပ်နေကြသည်ဟုမိန့် တော်မူ၏။