MATTHEW
Chapter 19
Matt | BurCBCM | 19:1 | ယေဇူးသည် ဤသို့မိန့်တော်မူပြီးသောအခါဂါလေလေးယနယ်မှထွက်ခွာ၍ ဂျော်ဒန်မြစ်၏တစ်ဖက်ကမ်းရှိ ဂျူဒေးယနယ်သို့ ရောက်တော်မူ၏။- | |
Matt | BurCBCM | 19:2 | များစွာသောလူအစုအဝေးတို့သည်လည်း နောက်တော် သို့လိုက်ကြ၍ ကိုယ်တော်သည် ထိုအရပ်၌ သူတို့၏ အနာရောဂါများကို ပျောက်ကင်းစေတော်မူ၏။ | |
Matt | BurCBCM | 19:3 | ထိုအခါ ဖာရီဇေးဦးတို့သည် ကိုယ်တော့်ကိုစမ်းသပ် လိုသောကြောင့် အထံတော်သို့ချဉ်းကပ်ကြ၍ လူတစ်ဦးသည် မည်သည့် အကြောင်းကြောင့်မဆို မိမိ၏ဇနီးနှင့် ကွာရှင်းအပ်ပါသလောဟု မေးလျှောက်ကြ၏။- | |
Matt | BurCBCM | 19:4 | ကိုယ် တော်ကလည်း အစဦး၌ လူကို ဖန်ဆင်းသောအရှင်သည် ယောက်ျားနှင့် မိန်းမအဖြစ်ဖန်ဆင်းတော်မူ၏ဟုဆိုထား သည်ကို သင်တို့မဖတ်ဖူးကြသလော။- | |
Matt | BurCBCM | 19:5 | ဤအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိဘတို့ကိုစွန့်ခွာ၍ မိမိ၏ ဇနီးနှင့်ပေါင်းသင်းနေထိုင်ရလိမ့်မည်။ ထိုအခါ ထိုသူနှစ် ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြရလိမ့်မည်။- | |
Matt | BurCBCM | 19:6 | သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်ကြတော့ဘဲ တစ်ဦး တည်းဖြစ်၏။ ဘုရားသခင်ပေါင်းဖက်ပေးထားတော်မူ သောအရာကို လူသည် မခွဲခွာစေနှင့်ဟုမိန့်တော်မူ၏။- | |
Matt | BurCBCM | 19:7 | သူ တို့ကလည်း သို့ဖြစ်လျှင် လူတစ်ဦးသည် မိမိ၏ဇနီးကို ကွာရှင်းစာချုပ်ပေး၍ စွန့်ခွာနိုင်ကြောင်း အဘယ်ကြောင့် မိုးဇက်က ပညတ်ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြသော်၊- | |
Matt | BurCBCM | 19:8 | ကိုယ်တော်က သင်တို့၏စိတ်နှလုံး ခက်ထန်ခြင်းကြောင့် မိုးဇက်သည် သင်တို့ကို မိမိတို့၏ ဇနီးနှင့်ကွာရှင်းရန် အခွင့်ပြုခဲ့ခြင်း ဖြစ်၏။ အစဦး၌မူကား ဤကဲ့သို့မဟုတ်။- | |
Matt | BurCBCM | 19:9 | သင်တို့အား ငါအမှန်ဆိုသည်ကား မိမိဇနီး၏အကျင့်ဖောက်ပြားခြင်းအပြစ်မှတစ်ပါး အခြား မည်သည့်အကြောင်းကြောင့်မဆို မိမိ၏ဇနီးအား ကွာရှင်း၍ အခြားအမျိုးသမီးတစ်ယောက်နှင့်ပေါင်းသင်းနေထိုင် သူသည် ဖောက်ပြားရာရောက်၏။ ကွာရှင်းထား သော အမျိုးသမီးကို လက်ထပ်ပေါင်းသင်းသူသည်လည်း သူ့ မယားကို ပြစ်မှားရာရောက်၏ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 19:10 | တပည့်တော်တို့ကလည်း ဇနီးနှင့် ခင်ပွန်းသည်တို့ ၏ပေါင်းသင်းခြင်းသည် ဤသို့ဖြစ်ပါလျှင် အိမ်ထောင်မပြု ဘဲနေခြင်းသည် သာ၍ကောင်းပါသည်ဟုလျှောက်ကြ၏။- | |
Matt | BurCBCM | 19:11 | သို့သော် ကိုယ်တော်က ဤစကားကို လူတိုင်းလက် ခံနိုင်ကြသည်မဟုတ်။ ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိသူများသာလျှင် လက်ခံနိုင်ကြ၏။- | |
Matt | BurCBCM | 19:12 | အချို့သောသူတို့သည် အမိဝမ်းမှမွေးစကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိကြ။ အချို့တို့မှာ လူတို့၏ဖန်တီးမှုကြောင့် အိမ်ထောင်ပြု ရန်မစွမ်းနိုင်ကြ။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်မပြုဘဲနေကြ၏။ ဤသွန်သင်ချက် ကို လက်ခံနိုင်သူ သာ လက်ခံပါစေဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 19:13 | ထိုအခါ ကလေးသူငယ်တို့အပေါ်တွင်လက်တော်တင်၍ ဆုတောင်းစေရန် သူတို့ကို ကိုယ်တော်၏အထံတော်သို့ခေါ် ဆောင်လာ ကြသောအခါ တပည့်တော်တို့သည် ထိုသူတို့ကို တားမြစ်ငေါက်ငမ်းကြ၏။- | |
Matt | BurCBCM | 19:14 | သို့သော် ယေဇူးက ကလေးသူငယ်တို့ကို ငါ့ထံသို့လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်း ကင်နိုင်ငံ တော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 19:15 | ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့အပေါ်တွင် မိမိ၏လက်တော်ကိုတင် ပြီးနောက် ထိုအရပ်မှထွက်ကြွတော်မူ၏။ | |
Matt | BurCBCM | 19:16 | ထိုအခါ လူတစ်ယောက်သည် အထံတော်သို့ချဉ်း ကပ်၍ ဆရာသခင်၊ ထာ၀ရအသက်ကိုရနိုင်ရန်အလို့ငှာ အကျွန်ုပ်သည် မည်သည့်ကောင်းမှုကိုပြုရပါမည်နည်းဟု မေးလျှောက်လေ၏။- | |
Matt | BurCBCM | 19:17 | ကိုယ်တော်ကလည်း သင်သည် အဘယ်ကြောင့် ငါ့အား ကောင်းမှုပြုခြင်းအကြောင်းကို မေးသနည်း။ ကောင်းမြတ်သောအရှင် တစ်ပါးတည်းသာ ရှိ၏။ သင်သည် ထာ၀ရအသက်ကိုရလိုလျှင် ပညတ် တော်များကို စောင့်ထိန်းလော့ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 19:18 | ထိုသူ ကလည်း အဘယ်ပညတ်များနည်းဟု ကိုယ်တော်အား မေးလျှောက်လျှင် ယေဇူးက သူ့အသက်ကို မသတ်နှင့်၊ သူ့မယား ကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုးယူနှင့်၊ မမှန် သောသက်သေမခံနှင့်၊- | |
Matt | BurCBCM | 19:19 | သင်၏မိဘတို့အား ရိုသေ လော့၊ သင့်ကိုယ်သင်ချစ်သကဲ့သို့ သင်နှင့်နီးစပ်သော သူကို ချစ်လော့ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 19:20 | ထိုလူငယ်ကလည်း ဤပညတ်အားလုံးကို အကျွန်ုပ်စောင့်ထိန်းခဲ့ပါပြီ၊ မည် သည့်အရာလိုပါသေးသနည်းဟု ပြန်လည်လျှောက် ထား၏။- | |
Matt | BurCBCM | 19:21 | ယေဇူးက သင်သည် စုံလင်ခြင်းသို့ရောက်လို လျှင် သွား၍ သင်၌ရှိသည့်ဥစ္စာကို ရောင်းချပြီးလျှင် ဆင်း ရဲသားတို့အား ပေးကမ်း လော့။ ဤသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် ငါ့ နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ ၏။- | |
Matt | BurCBCM | 19:22 | ထိုလူငယ်သည် ဤစကားတို့ကိုကြားလျှင် စိတ်ညှိုးငယ်စွာဖြင့် ထွက်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဥစ္စာများ စွာကြွယ်၀သောသူဖြစ်၍ပင်တည်း။ | |
Matt | BurCBCM | 19:23 | ယေဇူးကလည်း တပည့်တော်တို့အား မိန့်တော်မူ သည်မှာ သင်တို့အား ငါအမှန်ဆိုသည်ကား ဥစ္စာကြွယ်၀ သောသူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှ၏။- | |
Matt | BurCBCM | 19:24 | တစ်ဖန် ငါဆိုသည်ကား ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ခြင်းထက် ကုလား အုပ်သည် အပ်နဖားကိုလျှိုဝင်ရခြင်းက ပို၍လွယ်ကူ၏ ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 19:25 | တပည့်တော်တို့သည် ဤစကားကို ကြားကြသောအခါ အလွန်အံ့ဩကြလျက် သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်း ရနိုင်ပါမည်နည်းဟု မေးလျှောက်ကြ၏။- | |
Matt | BurCBCM | 19:26 | သို့သော် ယေဇူးသည် သူတို့ကို ကြည့် ၍ မိန့်တော်မူသည်ကား ဤအရာကို လူတို့မတတ်နိုင်၊ ဘုရားသခင်မူကား ခပ်သိမ်းသော အရာတို့ကို တတ်နိုင် တော်မူ၏ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 19:27 | ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှ ကိုစွန့်၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ခဲ့ကြပါပြီ။ သို့ဖြစ်လျှင် တပည့်တော်တို့သည် မည်သည့်အကျိုးကျေး ဇူးကို ရရှိကြပါမည်နည်းဟုမေးလျှောက်လေ၏။- | |
Matt | BurCBCM | 19:28 | ယေဇူး ကလည်း သင်တို့အား ငါအမှန်ဆိုသည်ကား အရာအား လုံးအသစ်ဖြစ်လာမည့်ကာလ၌ လူသားသည် ဘုန်း ကျက်သရေ နှင့်ပြည့်စုံသောပလ္လင်ပေါ်တွင် ထိုင်တော် မူသောအခါ ငါ၏နောက်သို့လိုက်သောသင်တို့သည် လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ် ၌ ထိုင်ကြလျက် အစ္စရာ အဲလ်လူမျိုးတစ်ဆယ့်နှစ်မျိုးကို တရားစီရင်ကြရလိမ့် မည်။- | |
Matt | BurCBCM | 19:29 | ငါ၏နာမအတွက်ကြောင့် အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘနှင့် သားသမီးတို့ကို စွန့်လွှတ်ခဲ့သောသူဟူ သမျှသည် အဆတစ်ရာသောအကျိုးကိုရရှိပြီး ထာ၀ရ အသက်ရှင်ခြင်းကိုလည်း အမွေခံရလိမ့်မည်။- | |