Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 6
Matt BurCBCM 6:1  သင်တို့၏ကုသိုလ်ကောင်းမှုကို လူအများမြင်စေ ခြင်းငှာ ၎င်းကိုသူတို့၏ရှေ့မျက်မှောက်တွင် မပြု လုပ်ရန်သတိပြုကြလော့။ သို့မဟုတ်လျှင် သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖထံတော် မှ ဆုကျေးဇူးမခံစားရဘဲရှိလိမ့်မည်။
Matt BurCBCM 6:2  ထို့ကြောင့် သင်တို့သည် လှှူဒါန်းကြသောအခါ လူ တို့၏ချီးမွမ်းခြင်းခံရစေရန် တရားဇရပ်များနှင့် လမ်းများပေါ်တွင် လှူဒါန်း ကြသောသူတော်ကောင်းယောင်ဆောင် သူတို့ပြုလုပ်သကဲ့သို့ သင်တို့၏ရှေ့၌ တံပိုးခရာမမှုတ်စေ နှင့်။ သင်တို့အား ငါအမှန်ဆို သည် ကား ထိုသူတို့သည် မိမိတို့၏အကျိုးကိုရရှိကြလေပြီ။-
Matt BurCBCM 6:3  သင်တို့မူကား လှူဒါန်း ပေးကမ်းသောအခါ သင်တို့၏လက်ယာလက်ပြုသော အမှုကို လက်ဝဲလက်မသိစေနှင့်။-
Matt BurCBCM 6:4  ဤသို့ဖြင့် သင်တို့၏ အလှူသည် မထင်မရှားရှိ၍ မထင်မရှားပြုမူသည့်အမှုတို့ ကို မြင်တော်မ ူသော သင်တို့၏အဖသည် သင်တို့အား ဆု ကျေးဇူးပေးသနားတော်မူလိမ့်မည်။
Matt BurCBCM 6:5  သင်တို့သည် ဆုတောင်းပတ္ထနာပြုသောအခါ လူ တို့မြင်စေခြင်းငှာ တရားဇရပ်များနှင့် လမ်းဆုံလမ်းခွများ တွင်ရပ်လျက် ဆုတောင်းခြင်းအမှုကိုပြုလိုကြသော သူ တော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မဖြစ်စေကြနှင့်။ သင်တို့အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့၏အကျိုးကိုရရှိကြလေပြီ။-
Matt BurCBCM 6:6  သင်တို့မူကား ဆုတောင်း သောအခါ သင်တို့၏အခန်းတွင်းသို့ဝင်၍ တံခါးကိုပိတ် ပြီးမှ ဆိတ်ကွယ်ရာ၌ရှိတော်မူသော သင်တို့၏အဖထံသို့ ဆုတောင်းလော့။ ဆိတ်ကွယ်ရာ၌ ပြုမူသောအမှုကိုမြင် တော်မူသော သင်တို့၏အဖသည် သင်တို့အား ဆုကျေး ဇူးပေးသနားတော်မူလိမ့်မည်။
Matt BurCBCM 6:7  သင်တို့သည် ဆုတောင်းကြသောအခါ လူမျိုးခြား တို့နည်းတူ အနှစ်သာရမဲ့သောစကားလုံးအမြောက်အ မြားကိုမရွတ်ဆိုကြနှင့်။ အကြောင်းမူကား သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုခြင်းဖြင့် မိမိတို့တောင်း လျှောက်သောဆုကိုရလိမ့်မည်ဟု ထင်မှတ် ကြ၏။-
Matt BurCBCM 6:8  သင်တို့မူကား သူတို့ကဲ့သို့ မပြုလုပ်ကြနှင့်။ အကြောင်းမူကား သင်တို့လို အပ်သောအရာကို သင်တို့မတောင်းမီကပင် သင်တို့၏ အဖသည် သိတော်မူ၏။
Matt BurCBCM 6:9  ထို့ကြောင့် သင်တို့သည် ဤသို့ဆုတောင်းကြရ မည်။ ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ကျွန်ုပ်တို့ ၏အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။-
Matt BurCBCM 6:10  ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော်။ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော် သည် ပြည့်စုံပါစေသော်။-
Matt BurCBCM 6:11  နေ့စဉ်မပြတ် အလိုရှိအပ်သောအစားအစာကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။-
Matt BurCBCM 6:12  ကျွန်ုပ်တို့ ကို ထိခိုက် ကျူးလွန်သောသူတို့အား ကျွန်ုပ်တို့ခွင့်လွှတ် သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော် မူပါ။-
Matt BurCBCM 6:13  နှောင့်ယှက်ခြင်းအမှုတို့၌ ကျွန်ုပ်တို့ကို ပါဝင် ခြင်းမရှိ စေဘဲလျက် မကောင်းဟူသမျှနှင့် ကင်းလွတ်စေတော်မူပါဟူ၍ ဆုတောင်းကြရမည်။-
Matt BurCBCM 6:14  အကြောင်းမူကား သင်တို့သည် လူတို့၏အပြစ်များကို ခွင့်လွှတ်ကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။-
Matt BurCBCM 6:15  သို့သော် သင်တို့သည် လူတို့၏အပြစ်များကို ခွင့်မလွှတ်ကြလျှင် သင်တို့၏အဖသည်လည်း သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူ လိမ့်မည်မဟုတ်။
Matt BurCBCM 6:16  သင်တို့သည် အစာရှောင်ခြင်းအမှုကိုပြုကြသော အခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာ ညှိုးငယ်ခြင်း မရှိစေ ကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြသည်ကို လူအများမြင်စေခြင်းငှာ ညှိုးငယ်သောမျက်နှာအသွင်ကို ဆောင်ကြ၏။ သင်တို့ အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ရရှိကြလေပြီ။-
Matt BurCBCM 6:17  သင်တို့မူကား အစာရှောင်သောအခါ သင်တို့၏ဦးခေါင်းကို ဆီလိမ်းကျံ၍ သင်တို့၏မျက်နှာကို သစ်လော့။-
Matt BurCBCM 6:18  သင်တို့အစာရှောင်နေသည်ကို လူတို့ မြင်စေရန်မဟုတ်ဘဲ မျက်စိနှင့်မမြင်နိုင်သော သင်တို့၏အဖမြင်စေရန်ဖြစ်၏။ ဆိတ်ကွယ် ရာ၌ပြုမူသောအရာ တို့ကို မြင်တော်မူသော သင်တို့၏အဖသည် သင်တို့အား ဆုကျေးဇူးပေး သနားတော် မူလိမ့်မည်။
Matt BurCBCM 6:19  သံချေးပိုးရွတို့ဖျက်ဆီးနိုင်၍ သူခိုးများဖောက်ထွင်း ခိုးယူနိုင်သော လောကီဥစ္စာရတနာများကို သင်တို့အဖို့ မစုဆောင်းကြနှင့်။-
Matt BurCBCM 6:20  သို့သော် သံချေးပိုးရွတို့မဖျက်ဆီး နိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်းမပြုနိုင်သော ကောင်းကင်ဘဏ္ဍာ များကိုသာ သင်တို့အဖို့ စုဆောင်း ကြလော့။-
Matt BurCBCM 6:21  အကြောင်းမူကား သင်တို့၏ဘဏ္ဍာရှိရာ အရပ်၌ သင်တို့၏စိတ်နှလုံးလည်းရှိသောကြောင့်တည်း။
Matt BurCBCM 6:22  မျက်စိသည် ခန္ဓာကိုယ်၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိသည်အကောင်းပကတိဖြစ်လျှင် သင်၏ခန္ဓာကိုယ်တစ်ခုလုံး သည် အလင်းဖြင့်ပြည့်၀လိမ့်မည်။-
Matt BurCBCM 6:23  သင်၏မျက်စိမကောင်းလျှင်မူကား သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် မှောင်အတိဖြစ်လိမ့်မည်။ အကယ်၍ သင်၌ရှိသော အလင်း သည် မှောင်မိုက်ဖြစ်လာလျှင် ထို မှောင်မိုက်သည် အလွန်တရာကြီးမားပေလိမ့်မည်။
Matt BurCBCM 6:24  မည်သူမျှ သခင်နှစ်ပါးကိုအစေမခံနိုင်။ အကြောင်း မူကား သူသည် သခင်တစ်ပါးကိုမုန်းပြီး ကျန်တစ်ပါးကို ချစ်၍သော်လည်းကောင်း၊ သခင်တစ်ပါးကိုသစ္စာခံပြီး ကျန်တစ်ပါးကို မထီမဲ့မြင်ပြု၍သော်လည်းကောင်း ရှိလိမ့် မည်။ သင်တို့သည် ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံး ကို အစေမခံနိုင်။
Matt BurCBCM 6:25  ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား သင်တို့ ၏ဘ၀အသက်ရှင်ရေးအတွက် မည်သည့်အရာကို စား သောက်ရမည် ဟူ၍လည်းကောင်း၊ သင်တို့၏ခန္ဓာကိုယ် အတွက် မည်သည့်အရာကို ဝတ်ဆင်ရမည်ဟူ၍လည်း ကောင်း စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ အသက်သည် အစာ ထက် မြတ်သည်မဟုတ်လော။ ခန္ဓာကိုယ်သည် အဝတ် ထက်မြတ်သည်မဟုတ်လော။-
Matt BurCBCM 6:26  မိုးကောင်းကင်ငှက်တို့ ကိုကြည့်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့လည်းမကြဲ၊ ကောက်နှံများ ကိုလည်းမရိတ်သိမ်း၊ ကျီများ တွင်လည်း သိုလှောင်ခြင်းမပြုကြချေ။ သို့သော် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေး မွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် သာ၍ မြတ်ကြသည်မဟုတ်လော။-
Matt BurCBCM 6:27  သင်တို့တွင် မည်သူသည် စိုးရိမ်ကြောင့်ကြခြင်းဖြင့် မိမိဘ၀သက်တမ်းကို အနည်းငယ်မျှတိုးစေနိုင်သနည်း။-
Matt BurCBCM 6:28  သင်တို့သည် အဘယ်ကြောင့် အဝတ်အထည်အဖို့ စိုးရိမ်ကြောင့်ကြနေကြသနည်း။ လယ်ကွင်းပြင်ရှီ တောနှင်းပန်းတို့ မည်ကဲ့သို့ရှင်သန်နေ ကြသည်ကို ဆင်ခြင်သုံးသပ်ကြလော့။ ၎င်းတို့သည်
Matt BurCBCM 6:29  အလုပ်လည်းမလုပ်၊ ဗိုင်းလည်း မငင်ကြချေ။- သို့သော် လည်း သင်တို့အား ငါဆိုသည်မှာ ဘုန်းတန်ခိုးကြီးသော ဆောလမွန်ဘုရင်သည်ပင်လျှင် ထိုပန်းပင်တစ်ပင်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။-
Matt BurCBCM 6:30  ယုံကြည်ခြင်းအားနည်းသောသင် တို့၊ ယနေ့ရှင်သန်လျက် မနက်ဖြန် မီးဖိုထဲသို့ပစ်ချခြင်း ခံရသော လယ်ကွင်းပြင်မှတော မြက်တို့ကိုပင် ဘုရား သခင်သည် ဤသို့ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မူကား ထိုထက်မက အဆပေါင်းများစွာ ဆင်ယင်ပေး တော်မူမည်မဟုတ်လော။-
Matt BurCBCM 6:31  ထို့ကြောင့် အကျွန်ုပ်တို့မည် သည့်အရာကို စားသောက်ကြရမည်နည်း၊ မည်သည့် အရာကိုဝတ်ဆင်ကြရမည်နည်းဟုဆို၍ စိုးရိမ်ပူပန်ခြင်း မရှိကြနှင့်။-
Matt BurCBCM 6:32  အကြောင်းမူကား ဘုရားမဲ့သောသူတို့သာ လျှင် ဤအရာခပ်သိမ်းတို့ကို ရှာဖွေတတ်ကြ၏။ ကောင်း ကင်ဘုံရှင် သင်တို့အဖသည် ဤအရာအလုံးစုံကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။-
Matt BurCBCM 6:33  ဘုရားသခင်၏နိုင်ငံ တော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားကို ရှေးဦး စွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအလုံးစုံ ကို ထပ်လောင်း၍ ပေးသနားတော်မူလိမ့်မည်။
Matt BurCBCM 6:34  ထို့ကြောင့် မနက်ဖြန်နေ့အတွက် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့်။ အကြောင်းမူကား မနက်ဖြန်နေ့သည် ၎င်း အတွက် စိုးရိမ်လိမ့်မည်။ တစ်နေ့တာကြုံတွေ့ရသည့် စိုး ရိမ်ပူပန်မှုများသည် ထိုနေ့အတွက် လုံလောက်ပေ၏။