MATTHEW
Chapter 14
Matt | BurCBCM | 14:2 | ဤသူသည်ကား ယောဟန်ဘတ္တိဇံ ပင်ဖြစ်သတည်း။ သူသည် သေရာမှ ပြန်ရှင်လေပြီ။ ထို့ကြောင့် သူသည် ဤတန်ခိုးလက္ခဏာ များကိုပြနိုင်ခြင်းဖြစ်သည်ဟု မိမိငယ်သားတို့အား ဆို၏။ | |
Matt | BurCBCM | 14:3 | အကြောင်းမူကား ဟေရုဒ်သည် မိမိညီ ဖိလိပု၏ဇနီး ဟေရုဒ္ဒိယနှင့်ပတ်သက်၍ ယောဟန်ကိုဖမ်းဆီးချုပ် နှောင်ကာ အကျဉ်းချထားခဲ့၏။- | |
Matt | BurCBCM | 14:4 | အဘယ်ကြောင့်ဆို သော် ယောဟန်က သူ့အား သင်သည် ထိုမိန်းမကို မယူ သင့်ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။- | |
Matt | BurCBCM | 14:5 | ဟေရုဒ်သည် သူ့အား သတ်လိုသော်လည်း လူအပေါင်းတို့ကို ကြောက်ရွံ့သော ကြောင့် မသတ်ဝံ့ဘဲရှိ၏။ အကြောင်းမူကား လူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ်ခံယူထားကြသော ကြောင့်ဖြစ်၏။- | |
Matt | BurCBCM | 14:6 | သို့သော် ဟေရုဒ်၏မွေးနေ့ကျရောက် သောအခါ ဟေရုဒ္ဒိယ၏သမီးသည် ဧည့်သည်တော်များ ၏မျက်မှောက်၌ ကပြဖျော်ဖြေရာ၊- | |
Matt | BurCBCM | 14:7 | ဟေရုဒ်ကိုကြည်နူး စေသဖြင့် သူသည် သူမ တောင်းသမျှကို ပေးသနားမည့် အကြောင်း ကျိန်ဆို၍ ကတိပြုလေ၏။- | |
Matt | BurCBCM | 14:8 | သူမသည်လည်း ယောဟန်ဘတ္တိဇံ၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍ ဤနေရာ၌ပင် ကျွန်မအား ပေးတော်မူပါဟု မိမိ၏မိခင် တိုက်တွန်းထားသည့်အတိုင်း တောင်းခံလေ၏။- | |
Matt | BurCBCM | 14:9 | မင်း ကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း မိမိ ကျိန်ဆိုထားသောကတိနှင့် မိမိ၏ဧည့်သည်တော်များရှိ သောကြောင့် သူမ တောင်းလျှောက်သည်ကို ပေးစေရန် အမိန့်ချမှတ်ပြီး၊- | |
Matt | BurCBCM | 14:11 | ထို့နောက် ဦးခေါင်းကို လင်ပန်း ပေါ်၌တင်၍ ထိုအမျိုးသမီးငယ်အား ပေးသဖြင့် သူမသည် လည်း ၎င်းကိုသူမ၏မိခင်ထံ သို့ယူ ဆောင်သွားလေ၏။- | |
Matt | BurCBCM | 14:12 | ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ယူဆောင်ကာ သဂြိုဟ်ပြီးမှ ယေဇူးထံတော်သို့ သွား ရောက်လျှောက် ထားကြ၏။ | |
Matt | BurCBCM | 14:13 | ယေဇူးသည် ဤသတင်းကို ကြားသောအခါ ထို အရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့်ကြွတော် မူ၏။ သို့သော် လူအစုအဝေးတို့သည် ဤအကြောင်း ကိုကြားသိကြလျှင် မြို့ရွာတို့မှထွက်၍ နောက်တော်သို့ ခြေကျင်လိုက်ကြ၏။- | |
Matt | BurCBCM | 14:14 | ကိုယ်တော်သည် ကမ်းပေါ်သို့ တက်တော်မူသောအခါ များပြားသောလူအစုအဝေးကို မြင်သဖြင့် သူတို့အပေါ်ကရုဏာသက်၍ အနာရောဂါရှိ သောသူများကို ပျောက်ကင်းစေတော်မူ၏။- | |
Matt | BurCBCM | 14:15 | ညနေစောင်း သောအခါ တပည့်တော်တို့သည် ကိုယ်တော်၏အထံ တော်သို့ချဉ်းကပ်ကြ၍ ဤအရပ်သည် လူသူကင်းဝေး သောအရပ်ဖြစ်ပါ၏။ အချိန်လည်း လွန်ပါပြီ။ ကျေးရွာများ သို့သွား၍ ၎င်းတို့အတွက် စားစရာဝယ်ယူစေခြင်းငှာ လူ အစုအဝေးတို့ကို စေလွှတ်တော်မူပါဟု လျှောက်ကြ၏။- | |
Matt | BurCBCM | 14:16 | သို့သော် ယေဇူးက ထိုသူတို့သွားရန်အကြောင်းမရှိ၊ သင် တို့သည် သူတို့အား စားစရာတစ်စုံတစ်ခုကိုပေးကြလော့ ဟု တပည့်တော်တို့အား မိန့်တော်မူ၏။- | |
Matt | BurCBCM | 14:17 | သူတို့ကလည်း တပည့်တော်တို့တွင် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ဤနေရာ၌ ရှိပါသည်ဟု လျှောက်ထားကြ၏။- | |
Matt | BurCBCM | 14:19 | ထို့နောက် ကိုယ်တော်သည် လူအစုအဝေး တို့ကို မြက်ခင်းပေါ်တွင် ထိုင်စေရန် အမိန့်ပေးတော်မူပြီး ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထို့ နောက် ကိုယ်တော်သည် ပေါင်မုန့်ကိုဖဲ့၍ တပည့်တော်တို့ အား ပေးတော်မူသဖြင့် တပည့်တော်တို့သည်လည်း ၎င်း တို့ကို လူအပေါင်းတို့အား ဝေငှပေးကြ၏။- | |
Matt | BurCBCM | 14:20 | လူအပေါင်း တို့သည်လည်း စား၍ ၀ကြပြီးမှ ကြွင်းကျန်သောအကျိုး အပဲ့များကိုကောက်သိမ်းရာ တစ်ဆယ့်နှစ်တောင်းအပြည့် ရကြလေ၏။- | |
Matt | BurCBCM | 14:21 | စားသောသူတို့မူကား မိန်းမနှင့် သူငယ် တို့ကို မရေတွက်ဘဲ ယောက်ျားဦးရေ ငါးထောင်ခန့်မျှရှိ သတည်း။ | |
Matt | BurCBCM | 14:22 | ထို့နောက် ယေဇူးသည် ချက်ချင်းပင် လူအစု အဝေးတို့အား ပြန်လွှတ်တော်မူစဉ်တွင် တပည့်တော် တို့ကို လှေပေါ်သို့တက် စေ၍ ကမ်းတစ်ဖက်သို့ ဦးစွာ ကူးစေတော်မူ၏။- | |
Matt | BurCBCM | 14:23 | လူအစုအဝေးတို့ကို ပြန်သွားစေပြီး နောက် ကိုယ်တော်သည် ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်သို့ တစ်ပါးတည်း တက်တော်မူ၏။ ညဉ့်ဦး ယံအချိန်ရောက်သောအခါ ထိုနေရာတွင် ကိုယ်တော် တစ်ပါးတည်းရှိတော်မူ၏။- | |
Matt | BurCBCM | 14:24 | တပည့်တော်တို့၏လှေမူ ကား ကမ်းမှ များစွာဝေးကွာသွားစဉ် လေဆန်ကျသော ကြောင့် လှိုင်းတံပိုးများသည် လှေကို ပြင်းထန်စွာ ရိုက် ခတ်လျက်ရှိ၏။- | |
Matt | BurCBCM | 14:25 | မိုးသောက်ယံအချိန်၌ ကိုယ်တော် သည် ပင်လယ်ရေပြင်ပေါ်၌ လျှောက်လှမ်းလျက် သူတို့ ထံသို့ကြွလာတော်မူ၏။- | |
Matt | BurCBCM | 14:26 | ထိုအခါ တပည့်တော်တို့သည် ပင်လယ်ရေပြင်ပေါ်၌ ကိုယ်တော်လမ်းလျှောက်လာ သည်ကိုမြင်ကြလျှင် ထိတ်လန့်၍ တစ္ဆေဖြစ်သည်ဟုဆို ကြလျက် ကြောက်လန့်တကြားအော်ဟစ်ကြ၏။- | |
Matt | BurCBCM | 14:27 | သို့ရာ တွင် ကိုယ်တော်က ရဲရင့်ခြင်းရှိကြလော့၊ ငါပင်ဖြစ်သည်၊ မကြောက်ကြနှင့်ဟု သူတို့အား ချက်ချင်းပင်မိန့်တော်မူ ၏။ | |
Matt | BurCBCM | 14:28 | ထိုအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်ဖြစ် တော်မူပါလျှင် တပည့်တော်သည် ရေပေါ်တွင် လျှောက် လှမ်း၍ အထံတော်သို့လာရမည့်အကြောင်း အမိန့်ရှိ တော်မူပါဟု လျှောက်လေ၏။- | |
Matt | BurCBCM | 14:29 | ယေဇူးက လာခဲ့လော့ ဟု မိန့်တော်မူလျှင် ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်တွင် လျှောက်ကာ ယေဇူးထံတော် သို့သွား လေ၏။- | |
Matt | BurCBCM | 14:30 | သို့သော် လေပြင်းထန်သည်ကိုမြင်လျှင် သူသည် ကြောက်ရွံ့ ပြီး နစ်မြုပ်စပြုသဖြင့် သခင်ဘုရား၊ တပည့်တော်ကို ကယ်တော် မူပါဟု ဟစ်အော်၍ လျှောက်လေ ၏။- | |
Matt | BurCBCM | 14:31 | ယေဇူးသည်လည်း ချက်ချင်းပင် လက်လှမ်း၍ သူ့ကို ဆွဲမပြီးလျှင် အိုယုံကြည်ခြင်းအားနည်းသူ၊ အဘယ် ကြောင့် သင်သည် ယုံမှားသံသယရှိသနည်းဟု မိန့်တော် မူ၏။- | |
Matt | BurCBCM | 14:33 | လှေပေါ်တွင်ရှိကြသောသူတို့ သည်လည်း ကိုယ်တော့်ကို ဦးချရှိခိုးလျက် အမှန်စင်စစ် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ပါသည်ဟု ဆိုကြ၏။ | |
Matt | BurCBCM | 14:34 | ကိုယ်တော်နှင့် တပည့်တော်တို့သည် တစ်ဖက် ကမ်းသို့ကူးလာပြီးသောအခါ ဂျေနားဇရက်တွင် လှေကို ဆိုက်ကပ်ကြ၏။- | |
Matt | BurCBCM | 14:35 | ထိုအရပ်မှ လူတို့သည် ကိုယ်တော့် ကို မှတ်မိကြသောအခါ ပတ်ဝန်းကျင်အရပ်ရပ်သို့ လူ များစေလွှတ်၍ လူနာရှိသမျှတို့ကို အထံတော်သို့ ခေါ် ဆောင်စေခဲ့ကြ၏။- | |