Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 20
Matt BurCBCM 20:1  ကောင်းကင်နိုင်ငံတော်သည်ကား မိမိ၏စပျစ်ဥယျာဉ်အတွက် အလုပ်သမားတို့ကိုငှားရန် နံနက်စောစော ထွက်သွားသော ဥယျာဉ်ပိုင်ရှင်နှင့်တူ၏။-
Matt BurCBCM 20:2  သူသည် အလုပ်သမားများအား တစ်နေ့လျှင် ဒေနာရီ တစ်ပြားစီပေးရန် သဘောတူပြီးနောက် သူတို့ကို မိမိ၏ စပျစ်ဥယျာဉ်သို့စေလွှတ်လိုက်၏။-
Matt BurCBCM 20:3  ထို့နောက် သူသည် ကိုးနာရီခန့်တွင် ထွက်သွားသောအခါ ဈေးအပြင်ဘက်၌ အခြားသူများအလုပ်မရှိဘဲ ရပ်နေသည်ကိုမြင်လျှင်၊-
Matt BurCBCM 20:4  သူတို့အား သင်တို့သည်လည်း ငါ့စပျစ်ဥယျာဉ်သို့ သွား ကြလော့၊ ထိုက်သင့်သောအခကို ငါပေးမည်ဟုဆိုသဖြင့် ထိုသူတို့သည်လည်း သွားကြ၏။-
Matt BurCBCM 20:5  တစ်ဖန် သူသည် မွန်း တည့်ချိန်၌လည်းကောင်း၊ သုံးနာရီအချိန်၌လည်းကောင်း ထွက်သွားပြန်၍ ထိုနည်းတူပြုလေ၏။-
Matt BurCBCM 20:6  ငါးနာရီအချိန်၌ လည်း သူသည် ထွက်သွားပြန်လျှင် အခြားသောသူတို့ ရပ်နေသည်ကို တွေ့၍ သင်တို့သည် တစ်နေ့လုံးအလုပ် မလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်ရပ်နေကြသနည်း ဟုမေးလေ၏။-
Matt BurCBCM 20:7  ထိုသူတို့က အကျွန်ုပ်တို့ကို မည်သူက မျှ မငှားသောကြောင့်ဖြစ်ပါသည်ဟုဖြေကြသော် သူက သင်တို့ သည်လည်း ငါ့စပျစ်ဥယျာဉ် သို့သွားကြလော့ဟု ဆိုလေ၏။
Matt BurCBCM 20:8  ညနေအချိန်ရောက်သောအခါ ဥယျာဉ်ရှင်က မိမိ ၏ဘဏ္ဍာစိုးအား အလုပ်သမားတို့ကိုခေါ်လော့၊ နောက် ဆုံးအလုပ်ဝင်သူ တို့မှစ၍ ပထမဆုံးအလုပ်ဝင်သူတို့တိုင် အောင် ၎င်းတို့၏လုပ်ခကို ပေးလော့ဟုဆိုလေ၏။-
Matt BurCBCM 20:9  သို့ဖြစ်၍ ညနေငါးနာရီခန့်တွင် အလုပ်ဝင်သောသူတို့လာ ကြသောအခါ ထိုသူတို့သည် ဒေနာရီတစ်ပြားစီရရှိကြ၏။-
Matt BurCBCM 20:10  ပထမဆုံးအလုပ်ဝင်သောသူတို့လာကြသောအခါ ထိုသူတို့က မိမိတို့သည် ပို၍ရလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့ရာတွင် သူတို့သည်လည်း ဒေနာရီတစ်ပြားစီသာ ရရှိကြလေ၏။-
Matt BurCBCM 20:11  ထိုအခါ သူတို့ သည် လုပ်ခရရှိပြီးနောက် ဥယျာဉ်ပိုင်ရှင်အပေါ် မကျေမနပ်ညည်းညူကြသည်မှာ၊-
Matt BurCBCM 20:12  နောက်ဆုံးမှအလုပ်ဝင်သော ဤသူတို့သည် တစ်နာရီမျှ သာအလုပ်လုပ်ကြသော်လည်း အရှင်သည် သူတို့အား တစ်နေ့လုံး နေပူထဲတွင် အပင်ပန်းခံရသော အကျွန်ုပ်တို့ နှင့် တန်းတူပေးလေပြီတကားဟုဆိုကြ၏။-
Matt BurCBCM 20:13  သို့ရာတွင် ဥယျာဉ်ပိုင်ရှင်က ထိုသူတို့ထဲမှ တစ်ဦးအား ပြန်ပြော သည်ကား မိတ်ဆွေ၊ ငါသည် သင့်အပေါ် မတရားသော အမှုကိုမပြု။ သင်သည် ငါနှင့် ဒေနာရီတစ်ပြား၌ သဘော တူခဲ့သည်မဟုတ်ပါလော။-
Matt BurCBCM 20:14  သင်၏လုပ်အားခကိုယူ၍ သွားလော့။ နောက်ဆုံး၌ဝင်သော ဤသူအားလည်း သင့် ကို ပေးသကဲ့သို့ ပေးခြင်းငှာ ငါအလိုရှိ၏။-
Matt BurCBCM 20:15  ငါပိုင်ဆိုင်သော အရာကို ငါအလိုရှိသည့်အတိုင်း ပြုလုပ်ပိုင်ခွင့်မရှိပါသ လော။ ငါသည် ရက်ရောသောကြောင့် သင်သည် မနာလို စိတ်ရှိသလောဟုဆို၏။-
Matt BurCBCM 20:16  ထိုနည်းတူ နောက်ဆုံးသော သူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။ ပထမဦးဆုံး သောသူတို့သည်လည်း နောက်ဆုံးဖြစ် ကြလိမ့်မည်။
Matt BurCBCM 20:17  ယေဇူးသည် ဂျေရုဆလင်မြို့သို့ကြွသွားစဉ် တပည့် တော်တစ်ဆယ့်နှစ်ပါးတို့ကို သီးခြားခေါ်တော်မူ၍ ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ခရီးပြုနေကြ၏။-
Matt BurCBCM 20:18  ထိုမြို့တွင် လူသားသည် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ် ဆရာတို့၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြလိမ့်မည်။-
Matt BurCBCM 20:19  ထို့နောက် သူတို့ သည် သူ့အား ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါး ကပ်တိုင်တင်ခြင်းစသည်တို့ကို ပြုလုပ်စေခြင်းငှာ လူမျိုး ခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ သုံးရက်မြောက် သောနေ့တွင် သူသည် ရှင်ပြန်ထမြောက်လိမ့်မည်ဟု သူ တို့အား မိန့်တော်မူ၏။
Matt BurCBCM 20:20  ထို့နောက် ဇေဘေဒေးဦး သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ ချဉ်းကပ်၍ ပျပ်ဝပ် လျက် ကိုယ်တော့်ထံမှ ဆုကျေးဇူးကို တောင်းလျှောက် လေ၏။-
Matt BurCBCM 20:21  ကိုယ်တော်ကလည်း မည်သည့်အရာကို သင် အလိုရှိသနည်းဟု မေးတော်မူလျှင် သူမက ကိုယ်တော် ၏နိုင်ငံတော်တွင် ကျွန်မ၏သား ဤသူနှစ်ယောက်တို့ သည် ကိုယ်တော်၏လက်ယာဘက်၌တစ်ယောက်၊ ကိုယ်တော်၏လက်ဝဲဘက်၌ တစ်ယောက် ထိုင်ခွင့်ရစေ ရန် အမိန့်ရှိတော်မူပါဟု တောင်းလျှောက်လေ၏။-
Matt BurCBCM 20:22  သို့ သော် ယေဇူးက သင်တို့တောင်းသောအရာကို သင်တို့ မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက် နိုင်ကြသလော ဟုမေးတော်မူလျှင် သူတို့က သောက်နိုင်ပါ၏ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။-
Matt BurCBCM 20:23  ကိုယ် တော်ကလည်း ငါ၏ခွက်ကို သင်တို့သောက်ကြရလိမ့် မည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲ ဘက်တွင် ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ဤအခွင့်သည် ငါ၏ခမည်းတော်ပြင်ဆင်ထားပြီးသော သူတို့အတွက်သာဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 20:24  တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြလျှင် ထိုညီအစ်ကိုနှစ်ယောက်အပေါ် အမျက် ထွက်ကြ၏။-
Matt BurCBCM 20:25  သို့သော် ယေဇူးက သူတို့ကို အထံတော် သို့ခေါ်၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့၏ဘုရင်တို့ သည် တိုင်းသူပြည်သား များအပေါ် အနိုင်အထက်ပြု တတ်ကြသည်ကိုလည်းကောင်း၊ အကြီးအကဲဖြစ်သူ တို့သည် မိမိတို့လက်အောက်ခံများအပေါ် အာဏာဖြင့် ဖိနှိပ်တတ်ကြသည်ကိုလည်းကောင်း သင်တို့သိကြ၏။-
Matt BurCBCM 20:26  သင်တို့တွင်မူကား ထိုသို့မဖြစ်စေရ။ သင်တို့ထဲတွင် ကြီး မြတ် လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။-
Matt BurCBCM 20:27  သင်တို့တွင် အကြီးအမှူးဖြစ်လိုသောသူသည် သင်တို့၏ကျွန် ဖြစ်ရမည်။-
Matt BurCBCM 20:28  လူသားသည် သူတစ်ပါးကို စေခိုင်းခြင်းငှာ မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက်ကိုစွန့်၍ လူအများကို ကယ်တင်ခြင်း ငှာလည်းကောင်း ကြွလာတော်မူသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 20:29  ယေဇူးနှင့် တပည့်တော်တို့သည် ဂျေရီခိုမြို့မှ ထွက် ခွာလာကြစဉ်တွင် များစွာသောလူအစုအဝေးတို့သည် နောက်တော်သို့လိုက်ကြ၏။-
Matt BurCBCM 20:30  ထိုအခါ လမ်းဘေးတွင် ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့သည် ယေဇူး ကြွလာတော်မူကြောင်းကို ကြားကြလျှင် ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါဟု အော်ဟစ်ကြ၏။-
Matt BurCBCM 20:31  လူအစုအဝေးတို့သည် သူတို့အား ဆိတ်ဆိတ်နေ ရန် ငေါက်ငမ်းပြောဆိုကြသော်လည်း သူတို့က အိုသခင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ပို၍ကျယ်လောင်စွာ အော်ဟစ်ကြ၏။-
Matt BurCBCM 20:32  ယေဇူးသည် လည်း ရပ်၍ ထိုသူတို့အား အထံတော်သို့ခေါ် ပြီးလျှင် သင်တို့အတွက် မည်သည့်အရာကို ငါ့အား ပြုလုပ်စေ လိုသနည်းဟု မေးတော်မူ၏၊-
Matt BurCBCM 20:33  ထိုအခါ သူတို့က သခင်၊ အကျွန်ုပ်တို့၏မျက်စိများကို မြင်စေတော်မူပါဟု လျှောက် ကြ၏။-
Matt BurCBCM 20:34  ယေဇူးသည်လည်း ကရုဏာသက်၍ ထိုသူတို့ ၏မျက်စိများကို တို့ထိတော်မူ၏။ ထိုခဏချင်းတွင် သူတို့ ၏မျက်စိများမြင်ကြ၍ သူတို့သည် ကိုယ်တော်၏နောက် တော်သို့လိုက်ကြလေ၏။