Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 9
Matt BurCBCM 9:1  ကိုယ်တော်သည် လှေပေါ်သို့ တက်တော်မူ၍ ပင်လယ်ကိုဖြတ်ကူးပြီးနောက် မိမိ၏နေရင်းမြို့ သို့ရောက်တော်မူ၏။-
Matt BurCBCM 9:2  ထိုအခါ အိပ်ရာပေါ်တွင်လဲနေသည့် လေဖြတ်နေသောသူတစ်ဦးကို ကိုယ်တော့်ထံသို့ သယ်ဆောင်လာကြလေ၏။ ယေဇူးသည်လည်း ထို သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင် လေဖြတ်နေ သောသူအား ငါ့သား၊ အားမငယ်နှင့်၊ သင်၏အပြစ်များ ခွင့်လွှတ်ခြင်းခံရလေပြီဟုမိန့်တော်မူ၏။-
Matt BurCBCM 9:3  ထိုအခါ ကျမ်း တတ်ဆရာအချို့တို့က ဤသူသည် ဘုရားသခင်ကို ထိခိုက်၍ပြောဆိုသည်ဟု မိမိတို့စိတ်ထဲ၌ဆိုကြ၏။-
Matt BurCBCM 9:4  သို့ ရာတွင် ယေဇူးသည် ထိုသူတို့၏စိတ်ထဲမှအတွေးကို သိမြင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် စိတ်ထဲ၌ အဆိုးမြင်ကြ သနည်း။-
Matt BurCBCM 9:5  မည်သည့်စကားသည် ပြောရန် သာ၍လွယ်ကူသနည်း။ သင်၏အပြစ်များ ခွင့်လွှတ်ခြင်း ခံရပြီဟု ဆိုခြင်း လော၊ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟု ဆိုခြင်းလော။-
Matt BurCBCM 9:6  သို့ရာတွင် လူသားသည် လောက တွင် အပြစ်များကိုခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိ မြင်စေရမည်ဟု ဆိုပြီးမှ လေဖြတ်နေသောသူအား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 9:7  ထိုသူသည်လည်း ထ၍ မိမိ၏အိမ်သို့ ပြန်သွားလေ၏။-
Matt BurCBCM 9:8  လူအစုအဝေးတို့သည် ထိုအခြင်းအရာ ကိုမြင်သောအခါ ထိတ်လန့်ကြ၍ လူသားတို့အား ဤသို့ သောအခွင့် အာဏာကိုပေး တော်မူသည့် ဘုရားသခင် ၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြလေ၏။
Matt BurCBCM 9:9  ယေဇူးသည် ထိုနေရာမှ ကြွသွားစဉ် မာတေးဦး အမည်ရှိသောသူတစ်ယောက်သည် အခွန်ရုံးတွင် ထိုင် နေသည်ကိုမြင်၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့် တော်မူ၏။ သူသည်လည်း ထ၍ နောက်တော်သို့လိုက် လေ၏။
Matt BurCBCM 9:10  ကိုယ်တော်သည် အိမ်တွင် စားပွဲ၌ထိုင်တော်မူစဉ် များစွာသော အခွန်ခံသူတို့နှင့် အပြစ်ရှိသူတို့သည် လာကြ ၍ တပည့်တော်တို့ နှင့်တကွ ယေဇူးနှင့်အတူ ထိုင်ကြလေ၏။-
Matt BurCBCM 9:11  ထိုအခါ ဖာရီဇေးဦးတို့သည် ဤအခြင်းအရာ ကိုမြင်ကြလျှင် သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ပါသနည်းဟု တပည့်တော်တို့အား ဆိုကြ၏။-
Matt BurCBCM 9:12  သို့ရာတွင် ထိုစကားကို ကိုယ်တော်ကြားတော်မူသောအခါ သူတို့အား မိန့်တော်မူ သည်ကား ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်၊ ဖျားနာသောသူတို့သာလျှင် လိုအပ်၏။-
Matt BurCBCM 9:13  ငါအလိုရှိသည်ကား ယဇ်ပူဇော်ခြင်းမဟုတ်၊ ကရုဏာသနားခြင်းသာဖြစ်၏ဟူသော ကျမ်းစကားသည် မည်သည့်အရာကို ဆိုလိုကြောင်း သွား၍ သင်ယူ ကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကို ခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူ တို့ကို ခေါ် ရန်သာ ငါလာသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 9:14  ထိုအခါ ယောဟန်၏တပည့်တို့သည် ကိုယ်တော့် ထံသို့ချဉ်းကပ်၍ အကျွန်ုပ်တို့နှင့် ဖာရီဇေးဦးတို့သည် ကြိမ်ဖန်များစွာ အစာရှောင်ကြ၍ ကိုယ်တော်၏တပည့် တော်တို့မူကား အဘယ်ကြောင့် အစာမရှောင်ဘဲနေကြပါသနည်းဟု မေးလျှောက်ကြ၏။-
Matt BurCBCM 9:15  ထိုအခါ ယေဇူးက မင်္ဂလာဆောင်သတို့သား၏အပေါင်းအဖော်တို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေစဉ် ဝမ်းနည်းပူဆွေးကြ ပါမည်လော။ သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွား မည့်နေ့ရက်များရောက်လာသောအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။-
Matt BurCBCM 9:16  မည်သူမျှ အဝတ်ဟောင်းကို ပိတ်စ သစ်နှင့် ဖာ ထေးလေ့မရှိ။ ထိုသို့ပြုလျှင် ပိတ်စသစ်သည် အဝတ်မှရုန်းသဖြင့် စုတ်ပြဲသည့်နေရာမှာ ပို၍ကျယ်လာတတ်၏။-
Matt BurCBCM 9:17  ထို့ပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဘူး ဟောင်းတွင် ထည့်လေ့မရှိ။ ထည့်ခဲ့ပါလျှင် သားရေဘူး ပေါက်သဖြင့် စပျစ်ရည်ယိုဖိတ်ကာ သားရေဘူးလည်း ပျက်စီးတတ်၏။ စပျစ်ရည်သစ်ကို သားရေဘူးသစ်၌ ထည့်သောအခါတွင်မူကား နှစ်မျိုး စလုံးမပျက်စီးဘဲ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 9:18  ကိုယ်တော်သည် သူတို့အား ထိုသို့မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ရှေ့ တော်၌ပျပ်ဝပ်လျက် အကျွန်ုပ်၏သမီးသည် ယခုပင်သေ ဆုံးသွားပါပြီ၊ သို့သော် ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ်၌ ကိုယ်တော်၏ လက်တော် ကိုတင်တော်မူ ပါလျှင် သူမသည် အသက်ပြန်ရှင်လာပါလိမ့်မည်ဟုလျှောက်ထားလေ၏။-
Matt BurCBCM 9:19  ယေဇူးသည်လည်း ထ၍ တပည့် တော်တို့နှင့်အတူ ထိုသူ၏နောက်သို့လိုက်တော်မူ၏။
Matt BurCBCM 9:20  ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲ ကပ်နေသောအမျိုးသမီးတစ်ယောက်သည် ကိုယ်တော် ၏နောက်မှချဉ်းကပ်၍ ဝတ်ရုံတော်၏အနားစကို တို့လေ၏။-
Matt BurCBCM 9:21  အကြောင်းမူကား သူမက ငါသည် ကိုယ်တော် ၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင် ကျန်းမာလာလိမ့် မည်ဟု မိမိစိတ်ထဲတွင် ဆိုသောကြောင့်ဖြစ်၏။-
Matt BurCBCM 9:22  ယေဇူးသည် လှည့်၍ကြည့်တော်မူလျှင် သူမကို မြင်သဖြင့် သမီး၊ အားမငယ်နှင့်၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်း မာစေပြီဟု မိန့်တော်မူ၏။ ထိုအချိန်နာရီမှစ၍ ထိုအမျိုး သမီးသည် ရောဂါပျောက်ကင်းသွားလေ၏။
Matt BurCBCM 9:23  ယေဇူးသည် အရာရှိ၏အိမ်သို့ရောက်သောအခါ တီးမှုတ်သောသူများနှင့်အတူ အုတ်အုတ်ကျက်ကျက် ဖြစ်နေသော လူပရိသတ် ကို မြင်တော်မူ၏။-
Matt BurCBCM 9:24  ထိုအခါ ကိုယ် တော်က နောက်ဆုတ်ကြလော့၊ သူငယ်မသည် သေ သည်မဟုတ်၊ အိပ်ပျော်လျက်သာရှိသည်ဟု မိန့်တော် မူလျှင် ထိုသူတို့သည် ကိုယ်တော့်ကို လှောင်ပြောင်ရယ် မောကြ၏။-
Matt BurCBCM 9:25  သို့သော် လူအစုအဝေးတို့ကို အပြင်ဘက် သို့ ထွက်စေပြီးသောအခါ ကိုယ်တော်သည် အခန်းတွင်း သို့ဝင်၍ သူငယ်မကို လက်မှကိုင်လျက် ထူမတော်မူ၏။ ထိုအခါ သူငယ်မသည် ထလေ၏။-
Matt BurCBCM 9:26  ဤသတင်းသည် လည်း ထိုဒေသအတွင်း ပျံ့နှံ့သွားလေ၏။
Matt BurCBCM 9:27  ယေဇူးသည် ထိုအရပ်မှ ထွက်ကြွသွားတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် နောက်တော်မှလိုက်ကြ၍ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျယ်လောင်စွာဟစ်အော်ကြ၏။-
Matt BurCBCM 9:28  ကိုယ်တော်သည် အိမ်သို့ဝင်တော်မူသောအခါ ထိုမျက်မမြင်နှစ်ယောက် တို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ယေဇူးကလည်း ဤအမှုကို ငါတတ်နိုင်သည်ဟု သင်တို့ယုံကြည်ကြပါ သလောဟု သူတို့အား မေးတော်မူလျှင် သူတို့က ယုံကြည်ပါသည်သခင်ဟု လျှောက်ကြ၏။-
Matt BurCBCM 9:29  ထိုအခါ ကိုယ် တော်သည် သူတို့၏မျက်စိများကိုတို့ထိတော်မူ၍ သင်တို့ ၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ ဖြစ်စေဟု မိန့်တော်မူ ၏။-
Matt BurCBCM 9:30  ထိုအခါ သူတို့၏မျက်စိများပွင့်လာကြ၏။ ယေဇူးကလည်း ဤအမှုကို မည်သူမျှ မသိစေနှင့်ဟု ကြပ်တည်း စွာတားမြစ် တော်မူ၏။-
Matt BurCBCM 9:31  သို့ရာတွင်ထိုသူတို့သည် အထံ တော်မှထွက်သွားကြပြီး ကိုယ်တော်၏သတင်းတော် ကို ထိုဒေသတစ်ခုလုံး၌ ပျံ့နှံ့ကျော်ကြားစေကြ၏။
Matt BurCBCM 9:32  ထိုသူတို့ထွက်သွားကြပြီးနောက်၊ နတ်ဆိုးစီးခံရ၍ ဆွံ့အနေသောသူတစ်ဦးကို လူတို့သည် အထံတော်သို့ ခေါ်ဆောင်ခဲ့ကြပြီး၊-
Matt BurCBCM 9:33  နတ်ဆိုးကို နှင်ထုတ်သောအခါတွင် ဆွံ့အသောသူသည် စကားပြောလေ၏။ လူအစုအဝေး သည်လည်း လွန်စွာအံ့ဩကြလျက် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို အစ္စရာအဲလ်ပြည်၌ တစ်ခါမျှမမြင် ဖူးပါဟုဆိုကြ၏။-
Matt BurCBCM 9:34  ဖာရီဇေးဦးတို့မူကား သူသည် နတ်ဆိုး တို့၏အကြီးအကဲကိုအမှီပြု၍ နတ်ဆိုးများကို နှင်ထုတ် သည်ဟု ဆိုကြ၏။
Matt BurCBCM 9:35  ယေဇူးသည် မြို့ရွာရှိသမျှတို့ကို လှည့်လည်ကာ ၎င်းတို့၏တရားဇရပ်များတွင် သွန်သင်တော်မူ၍ နိုင်ငံ တော်၏သတင်းကောင်း ကို ဟောကြားလျက် အနာရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 9:36  ကိုယ် တော်သည် လူအစုအဝေးတို့ကို မြင်တော်မူသောအခါ သူတို့အပေါ် ကရုဏာသက်တော်မူလေ၏။ အကြောင်း မူကား ထိုသူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ အားကိုးရာမဲ့၍ ပူပင်သောကရောက်နေကြသောကြောင့်ဖြစ်၏။-
Matt BurCBCM 9:37  ထိုအခါ ကိုယ်တော်က အသီးအနှံရိတ်သိမ်းစရာ များစွာရှိ၏။ လုပ်ဆောင်သောသူတို့မူကား နည်းပါးကြ၏။-
Matt BurCBCM 9:38  ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို မိမိ၏လယ် ကွင်းသို့ စေလွှတ်တော်မူမည့်အကြောင်း လယ်ပိုင်ရှင်ထံ သို့ တောင်းလျှောက် ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။