Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 21
Matt BurCBCM 21:1  သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ ချဉ်းကပ်လာ ကြရာ သံလွင်တောင်ခြေရှိ ဘက်ဖာဂျေရွာသို့ ရောက်ကြ လေ၏။ ထိုအခါ ယေဇူးသည် တပည့်တော် နှစ်ပါးကို စေလွှတ်၍၊-
Matt BurCBCM 21:2  သူတို့အား မိန့်တော်မူသည်ကား သင်တို့၏ရှေ့တွင်ရှိသောရွာသို့သွားကြလော့။ သင်တို့သည် တိုင်တွင်ချည်ထားသောမြည်း မတစ်ကောင်ကို မြည်းကလေးနှင့်အတူ ချက်ချင်းတွေ့ရလိမ့်မည်။ ၎င်း တို့ကိုကြိုးဖြေ၍ ငါ့ထံသို့ယူဆောင်ခဲ့ကြလော့။-
Matt BurCBCM 21:3  အကယ် ၍ တစ်ဦးတစ်ယောက်က သင်တို့အား တစ်စုံတစ်ရာ ပြောဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ဖြေကြလော့။ ထို အခါ သူသည် ၎င်းတို့ကို ချက်ချင်းလွှတ်လိုက်လိမ့်မည် ဟူ၍ မိန့်မှာတော်မူ၏။-
Matt BurCBCM 21:4  ဤဖြစ်ရပ်မှာ ပရောဖက်ဟော ထားချက်ပြည့်စုံမည့် အကြောင်းဖြစ်သတည်း။-
Matt BurCBCM 21:5  ဟောထားချက်သည်ကား ဇီအွန်၏သမီးအား ပြောကြားလော့။ သင်၏ရှင်ဘုရင်သည် နှိမ့်ချစွာဖြင့် မြည်းမနှင့် ဝန်စည် တင်သောမြည်း၏သားငယ်မြည်းကလေးကိုစီးလျက် သင့်ထံသို့လာသည်ကို ကြည့်လော့ဟူ၍ဖြစ်သတည်း။
Matt BurCBCM 21:6  တပည့်တော်တို့သည်လည်း သွားကြ၍ မိမိတို့ကို ယေဇူးမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။-
Matt BurCBCM 21:7  သူတို့သည် မြည်းမနှင့် မြည်းကလေးကို ဆွဲခဲ့ပြီးမှ ၎င်းတို့အပေါ်တွင် မိမိတို့၏အဝတ်များကို ခင်းကြလေ၏။ ထို့ နောက် ကိုယ်တော်သည် ၎င်းတို့အပေါ်တွင် ထိုင်တော်မူ၏။-
Matt BurCBCM 21:8  များစွာသောလူအစုအဝေးတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ဖြန့်ခင်းကြ၍ အချို့တို့မှာမူ သစ်ပင်တို့မှ အခက်အလက် များကို ခုတ်ဖြတ်ပြီး လမ်းပေါ်တွင် ဖြန့် ထားကြ၏။-
Matt BurCBCM 21:9  ကိုယ်တော်၏ရှေ့နှင့်နောက်တော်မှ လိုက် ပါလာသောလူအပေါင်းတို့ကလည်း ဒါဝိဒ်၏သားတော် အား ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရားသခင်၏ နာမတော်မြတ်၌ ကြွလာသောသူသည် မင်္ဂလာရှိတော် မူ၏၊ အမြင့်ဆုံးသောကောင်းကင်အရပ်၌ ဟိုဇားနာ ဖြစ် စေသတည်းဟု ကြွေးကြော်ကြလေ၏။
Matt BurCBCM 21:10  ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ဝင် တော်မူသောအခါ တစ်မြို့လုံးရုတ်ရုတ်သဲသဲဖြစ်ပြီးလျှင် ဤသူကား မည်သူ ဖြစ်သနည်းဟုမေးကြ၏။-
Matt BurCBCM 21:11  လူအစု အဝေးတို့ကလည်း ဤသူသည် ဂါလေလေးယနယ်၊ နာ ဇရက်မြို့မှ ပရောဖက်ယေဇူးဖြစ်သည်ဟု ဖြေကြလေ၏။
Matt BurCBCM 21:12  ယေဇူးသည် ဗိမာန်တော်သို့ဝင်ပြီးလျှင် ဗိမာန်တော် အတွင်း၌ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင် ထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ်သော သူတို့၏စားပွဲများနှင့် ခိုငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
Matt BurCBCM 21:13  ထို့နောက် ကိုယ်တော်က ငါ၏အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ အခေါ်ခံရလိမ့် မည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထား၏။ သို့သော် သင်တို့သည် ငါ၏ အိမ်ကို သူခိုးဓားပြခိုအောင်းရာနေရာ ဖြစ်စေပြီတကားဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 21:14  ထို့နောက် မျက်မမြင်များနှင့် ခြေမသန်စွမ်းသောသူ များသည် ကိုယ်တော်ရှိရာ ဗိမာန်တော်သို့လာကြသဖြင့် ကိုယ်တော်သည် သူတို့ကို ကုသပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 21:15  သို့သော် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ် ဆရာတို့သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်အမှု တို့ကိုလည်းကောင်း၊ ဒါဝိဒ်၏သားတော်အား ဟိုဇားနာ ဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်နေသော ကလေးသူငယ်တို့ကိုလည်းကောင်း တွေ့မြင်ကြသော အခါ အမျက်ထွက်ကြ၍၊-
Matt BurCBCM 21:16  ဤသူတို့သည် အဘယ်အရာ အား ကြွေးကြော်နေကြသည်ကို ကြားပါသလောဟု ကိုယ်တော်အား လျှောက်ကြ၏။ ယေဇူးက လည်း ငါကြား၏။ ကိုယ်တော်သည် သူငယ်တို့နှင့် နို့စို့ကလေးတို့၏နှုတ် မှ မွန်မြတ်သောချီးမွမ်းခြင်းကို ခံယူတော်မူပြီ ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလောဟု သူတို့ အား မိန့်တော်မူ၏။
Matt BurCBCM 21:17  ကိုယ်တော်သည် ထိုသူတို့ကို ထားခဲ့၍ မြို့တွင်းမှ ထွက်ခွာပြီးလျှင် ဘက်သနီရွာသို့ကြွကာ ထိုအရပ်တွင် တည်းခိုတော်မူ၏။
Matt BurCBCM 21:18  နံနက်အချိန်၌ မြို့သို့ပြန်လည်ကြွလာစဉ် ကိုယ် တော်သည် ဆာလောင်တော်မူ၏။-
Matt BurCBCM 21:19  ကိုယ်တော်သည် လမ်းဘေးတစ်ဖက်၌ သဖန်းပင်တစ်ပင်ကို မြင်တော်မူ လျှင် ထိုအပင်ရှိရာသို့ ကြွသွားတော်မူ၏။ ဤတွင် အပင် ပေါ်၌အရွက်များမှတစ်ပါး အဘယ်အရာကိုမျှမတွေ့ရ သဖြင့် ကိုယ်တော်က သင်၌ မည်သည့်အခါမျှ နောက် တစ်ဖန်အသီး မသီးစေရဟု ထိုအပင်အား ကျိန်ဆိုလေ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးခြောက်သွား လေ၏။-
Matt BurCBCM 21:20  တပည့်တော်တို့သည် ထိုအခြင်းအရာကို မြင် ကြသောအခါ အလွန်အံ့ဩကြလျက် သဖန်းပင်သည် မည်ကဲ့သို့ ချက်ချင်းညှိုး ခြောက်သွားရသနည်းဟု မေးမြန်းကြ၏။-
Matt BurCBCM 21:21  ယေဇူးကလည်း သင်တို့အား ငါအမှန်ဆို သည်ကား သင်တို့သည် သံသယကင်းမဲ့စွာယုံကြည်ကြ လျှင် ဤသဖန်းပင်၌ ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်သာ မက ဤတောင်ကိုလည်း သင်သည် ဤနေရာမှရွှေ့သွား၍ ပင်လယ်ထဲသို့ဆင်းသွား လော့ဟု ဆိုကြလျှင်ပင် ၎င်း သည် ဆိုသည့်အတိုင်းဖြစ်လိမ့်မည်။-
Matt BurCBCM 21:22  သင်တို့၌ ယုံကြည် ခြင်းရှိလျှင် သင်တို့ဆုတောင်းသမျှကို သင်တို့ရကြလိမ့် မည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 21:23  ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ကြွဝင်၍ သွန် သင်နေတော်မူစဉ် ရဟန်းအကြီးအကဲတို့နှင့် လူတို့ထဲမှ သက်ကြီး ဝါကြီးတို့သည် အထံတော်သို့ချဉ်းကပ်ကြ၍ သင်သည် ဤအရာများကို မည်သည့်အခွင့်အာဏာနှင့် ပြုသနည်း။ ထိုအခွင့်အာဏာကို သင့်အား မည်သူပေး အပ်ပါသနည်းဟု မေးမြန်းကြ၏။-
Matt BurCBCM 21:24  ယေဇူးကလည်း သူ တို့အား ပြန်၍မိန့်တော်မူသည်ကား ငါသည်လည်း သင် တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ဤမေးခွန်းကို သင်တို့ ငါ့အား ဖြေကြလျှင် ဤအရာများကို မည်သည့်အခွင့်အာ ဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောပြမည်။-
Matt BurCBCM 21:25  ယောဟန်၏ဆေးကြောခြင်းသည် အဘယ်ကလာသနည်း။ ကောင်းကင်မှလာသလော၊ လူတို့ထံမှလာသလောဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေး ပြောဆိုကြ၍ ကောင်းကင်မှဟု ငါတို့ဆိုကြလျှင် သူ့ကို အဘယ်ကြောင့် မယုံကြသနည်းဟု ငါတို့အား သူဆိုလိမ့် မည်။-
Matt BurCBCM 21:26  သို့သော် လူတို့ထံမှဟု ငါတို့ဆိုပြန်လျှင်လည်း လူ အစုအဝေးတို့ကို ကြောက်ရ၏။ အကြောင်းမူကား အား လုံးက ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ်လက်ခံထား ကြသည်ဟုဆိုကြ၏။-
Matt BurCBCM 21:27  ထို့ကြောင့် သူတို့က အကျွန်ုပ် တို့မသိပါဟု ယေဇူးအား ပြန်လည်ဖြေကြားကြ၏။ ထို အခါ ကိုယ်တော်က ငါပြုသည့်အမှ ုအရာများကိုလည်း မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကို သင်တို့အား ငါပြောလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 21:28  သင်တို့မူကား မည်သို့ထင်ကြသနည်း။ လူတစ်ဦး ၌ သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွား ကာ ငါ့သား၊ ယနေ့ စပျစ်ဥယျာဉ်သို့သွား၍ အလုပ်လုပ် ပါလော့ဟုဆိုလျှင်၊-
Matt BurCBCM 21:29  သူက အကျွန်ုပ်သွားမည်မဟုတ် ဟုဆိုသော်လည်း နောက်မှနောင်တရသဖြင့် သွားလေ ၏။-
Matt BurCBCM 21:30  ဖခင်သည် ဒုတိယသားထံသို့သွား၍ ထိုနည်းတူဆို ပြန်လျှင် သူက အကျွန်ုပ်သွားပါမည်အဖဟုဆိုပြီးမှ မသွား ဘဲနေ၏။-
Matt BurCBCM 21:31  ဤသူနှစ်ဦးတို့တွင် မည်သူသည် ဖခင်၏အလို ကို ဆောင်ရွက်ခဲ့သနည်းဟုမေးတော်မူလျှင် သူတို့က ပထမသားဖြစ် ပါသည် ဟုဖြေကြားကြ၏။ ထိုအခါ ယေဇူး က သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ခံသူတို့နှင့် ပြည့်တန်ဆာတို့သည် သင်တို့ထက် အလျင်ဦးစွာ ဘုရား သခင်၏နိုင်ငံတော်သို့ဝင်ရောက်ကြလိမ့်မည်။-
Matt BurCBCM 21:32  အဘယ် ကြောင့်ဆိုသော် ယောဟန်သည် ဖြောင့်မတ်သောတရား လမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ ကိုမယုံကြည်ကြ။ အခွန်ခံသူတို့နှင့် ပြည့်တန်ဆာတို့မူ ကား သူ့ ကိုယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့ မြင် သောအခါ၌ပင်လျှင် သင်တို့သည် စိတ်ပြောင်းလဲ၍ သူ့ကို ယုံကြည်ခြင်းမရှိခဲ့ကြဟု မိန့်တော်မူ၏။
Matt BurCBCM 21:33  အခြားပုံဥပမာတစ်ခုကို နားထောင်ကြလော့။ မြေ ပိုင်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ ခြံဝင်း ကာရံပြီးလျှင် အတွင်း၌ စပျစ်ရည်ညှစ်သောကျင်းကို တူးလေ၏။ သူသည် လင့်စင်ကိုလည်း ဆောက်ထားပြီး သီးစားလုပ်သူတို့အား ငှားရမ်းထားခဲ့၍ အခြားတိုင်းပြည် သို့ထွက်သွားလေ၏။-
Matt BurCBCM 21:34  စပျစ်သီးဆွတ်ခူးချိန်နီးလာသော အခါ သူသည် သီးစားခရယူရန် အစေခံများကို သီးစား လုပ်သူတို့ထံသို့ စေလွှတ်လိုက်၏။-
Matt BurCBCM 21:35  ထိုအခါ သီးစား လုပ်သူတို့သည် ထိုအစေခံများကိုဖမ်းပြီးလျှင် တစ်ဦး ကိုရိုက်ကြပြီး တစ်ဦးကိုသတ်ကာ နောက်တစ်ဦးကို ကျောက်ခဲနှင့် ပစ်ပေါက်ကြ၏။-
Matt BurCBCM 21:36  တစ်ဖန် သူသည် ယခင် ထက် အရေအတွက်ပိုများသောအစေခံတို့ကို စေလွှတ် ပြန်လျှင် သီးစားလုပ်သူတို့သည် သူတို့ကိုလည်း ထိုနည်း တူပြုကြ၏။-
Matt BurCBCM 21:37  နောက်ဆုံး၌မူ သူက ထိုသူတို့သည် ငါ၏ သားကို လေးစားကြလိမ့်မည်ဟုဆို၍ မိမိ၏သားကို သူ တို့ထံသို့စေလွှတ်လေ၏။-
Matt BurCBCM 21:38  သို့သော် သီးစားလုပ်သူတို့သည် သားဖြစ်သူကိုမြင်ကြလျှင် ဤသူသည် အမွေခံသားဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုယူကြ ကုန်အံ့ဟု အချင်းချင်းပြောဆိုကြလေ၏။-
Matt BurCBCM 21:39  ထို့နောက် သူ တို့သည် သူ့ကိုဖမ်းပြီးလျှင် ဥယျာဉ်အပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။-
Matt BurCBCM 21:40  သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ပိုင်ရှင်လာ သောအခါ သူသည် ထိုသီးစားလုပ်သူတို့အား မည်သို့ပြု လိမ့်မည်နည်းဟု မေးတော်မူလျှင်၊-
Matt BurCBCM 21:41  သူတို့က သူသည် ဆိုးယုတ်သောသူတို့ကို အသေဆိုးနှင့်သေစေလိမ့်မည်။ မိမိ၏ဥယျာဉ်ကိုလည်း စပျစ်သီးပေါ်သည့်ရာသီများ၌ သီးစားခပေးမည့် အခြားသောသီးစားလုပ်သူတို့အား ငှားရမ်းပါ လိမ့်မည်ဟု ဖြေကြားကြ၏။
Matt BurCBCM 21:42  ယေဇူးကလည်း တိုက်ကိုဆောက်သောသူတို့ ပယ်ထားသောကျောက်သည် အဓိကကျသည့်ထောင့် ချုပ်ကျောက်ဖြစ်လေပြီ။ ဤအမှုသည် ထာ၀ရဘုရား သခင်ပြုတော်မူသောအမှုဖြစ်၍ ငါတို့မျက်မှောက်၌ အံ့ဖွယ်ရာဖြစ်လေပြီဟူသော ကျမ်းစကားကို သင်တို့ မဖတ်ဖူးကြသလော။-
Matt BurCBCM 21:43  ထို့ကြောင့် သင်တို့အား ငါဆိုသည် ကား ဘုရား သခင်၏နိုင်ငံတော်ကို သင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ဆိုင်သော အသီးအပွင့်တို့ကို သီးပွင့်စေမည့် လူမျိုးအား ပေးအပ်လိမ့်မည်။-
Matt BurCBCM 21:44  ဤကျောက်အပေါ်သို့ကျ သောသူသည် အပိုင်းပိုင်းကျိုးပဲ့လိမ့်မည်။ သို့သော် ထို ကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ ကျလျှင် လည်း ၎င်း သည် ထိုသူကို ကြေမွစေလိမ့်မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 21:45  ရဟန်းအကြီးအကဲနှင့် ဖာရီဇေးဦးတို့သည် ကိုယ် တော်၏ဥပမာစကားများကိုကြားကြသောအခါ ကိုယ် တော်သည် မိမိတို့ကိုရညွှန်း၍ မိန့်ဆိုကြောင်းကိုသိ ကြသဖြင့်၊-
Matt BurCBCM 21:46  ကိုယ်တော့်ကို ဖမ်းဆီးရန် ရှာကြံကြသော် လည်း လူအစုအဝေးတို့ကိုကြောက်ရွံ့ ကြ၏။ အဘယ် ကြောင့်ဆိုသော် ထိုသူတို့သည် ကိုယ်တော့်ကို ပရော ဖက်တစ်ပါးအဖြစ် လက်ခံထားကြသောကြောင့်ဖြစ်၏။