MATTHEW
Chapter 15
Matt | BurCBCM | 15:1 | ထိုအခါ ဂျေရုဆလင်မြို့ မှ ကျမ်းတတ်ဆရာတို့ နှင့် ဖာရီဇေးဦးတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၍၊- | |
Matt | BurCBCM | 15:2 | ကိုယ်တော်၏တပည့်တော်တို့သည် အဘယ် ကြောင့် ရှေးထုံးစဉ်လာများကိုချိုးဖောက်ကြပါသနည်း။ အကြောင်းမူကား သူတို့ သည် အစာစားသောအခါ သူတို့ ၏လက်များကို မဆေးကြပါဟု လျှောက်ထားကြ၏။- | |
Matt | BurCBCM | 15:3 | ကိုယ်တော်ကလည်း သူတို့အား ပြန်၍ မိန့်တော်မူသည် မှာ သင်တို့သည် သင်တို့၏ရှေးထုံးစဉ်လာများကိုလိုက် နာရန်အတွက် အဘယ်ကြောင့် ဘုရားသခင်၏ပညတ် တော်များကို ကျူးလွန်ကြသနည်း။- | |
Matt | BurCBCM | 15:4 | အကြောင်းမူကား သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့၊ မိဘတို့အား ကျိန်ဆိုသူသည် အသေသတ်ခြင်းကိုခံစေဟု ဘုရား သခင်ပညတ်ထားတော်မူခဲ့၏။- | |
Matt | BurCBCM | 15:5 | သို့သော် သင်တို့က အကယ်၍ အကြင်သူသည် သူ၏အဖ၊ သို့မဟုတ် အမိ အား ကျွန်ုပ်ထံမှ သင်တို့ရရှိမည့်အရာမှာ လှူဖွယ် ဝတ္ထုဖြစ် လေပြီဟုဆိုလျှင် ထိုသူသည် သူ၏မိဘတို့အား ပြုရမည့် ဝတ္တရားကို ပြုရန်မလိုဟု သွန်သင်ကြ၏။- | |
Matt | BurCBCM | 15:6 | ဤနည်းအား ဖြင့် သင်တို့သည် သင်တို့၏ရှေးထုံးစဉ်လာများကို လိုက် နာရန်အတွက် ဘုရားသခင်၏ပညတ်တော်ကို လျစ်လျူ ရှုကြ၏။- | |
Matt | BurCBCM | 15:8 | ဤလူမျိုးသည် ငါ့အား နှုတ်ဖျားမှသာ ရိုသေဂုဏ်ပြုကြ၏။ သူတို့၏စိတ် နှလုံးမူကား ငါနှင့်ဝေးလှပေ၏။- | |
Matt | BurCBCM | 15:9 | သူတို့သည် လူတို့၏ထုံး တမ်းစဉ်လာများကို အယူဝါဒများကဲ့သို့ သင်ကြားလျက် ရှိသဖြင့် ငါ့အား သူတို့ဝတ်ပြု ကိုးကွယ်ခြင်း သည် အချည်း နှီးဖြစ်ပေ၏ဟူ၍ဟောထားသည်မှာ မှန်ကန်လှပေသည် ဟု မိန့်တော်မူလေ၏။ | |
Matt | BurCBCM | 15:10 | ကိုယ်တော်သည် လူအစုအဝေးတို့ကို အထံတော် သို့ခေါ်ဆောင်၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့ ကြားနာ၍ နားလည်ကြလော့။- | |
Matt | BurCBCM | 15:11 | လူကို ညစ်ညူးစေသည့် အရာမှာ ခံတွင်းသို့ဝင်သောအရာမဟုတ်၊ ခံတွင်းမှထွက် သောအရာသည်သာလျှင် ဖြစ်သည်ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 15:12 | ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ဤစကားကိုကြားရသဖြင့် ဖာရီဇေးဦးတို့မကျေမနပ် ဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလောဟု လျှောက်ကြ၏။- | |
Matt | BurCBCM | 15:13 | ကိုယ်တော်ကလည်း ကောင်းကင်ဘုံ ရှင် ငါ၏ခမည်းတော်မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် နုတ်ပစ်ခြင်းခံရလိမ့်မည်။- | |
Matt | BurCBCM | 15:14 | သူတို့၏အဖြစ်နှင့်သူတို့ရှိပါ စေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသောမျက်မမြင် များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင် တစ်ဦးကို လမ်းပြလျှင် နှစ်ဦးစလုံးတွင်းထဲသို့ကျကြလိမ့် မည်ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 15:17 | ခံတွင်းသို့ဝင်သောအရာဟူသမျှသည် ဝမ်း ထဲသို့ရောက်၍ ပြင်ပသို့စွန့်ပစ်သည်ကို သင်တို့မသိကြ သလော။- | |
Matt | BurCBCM | 15:18 | ခံတွင်းမှ ထွက်လာသောအရာမူကား စိတ် နှလုံးအတွင်းမှထွက်လာသဖြင့် ၎င်းသည် လူကိုညစ် ညူးစေ၏။- | |
Matt | BurCBCM | 15:19 | အကြောင်းမူကား လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေခံခြင်း၊ သူ့အသရေ ကိုဖျက်ခြင်းစသည့် ဆိုးယုတ်သောအကြံအစည်များ သည် စိတ်နှလုံးအတွင်းမှ ထွက်ပေါ် လာကြ၏။- | |
Matt | BurCBCM | 15:20 | ဤ အရာတို့သည် လူကိုညစ်ညူးစေကြ၏။ ဆေးကြောသန့် စင်ထားခြင်းမရှိသောလက်ဖြင့် အစာစားခြင်းမူကား လူ ကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 15:22 | ထိုအရပ်ဒေသမှ ကာနန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ အိုသခင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ ၏သမီးသည် နတ်ဆိုးညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံနေ ရပါသည်ဟု ဟစ်အော်လျှောက်ထားလေ၏။- ၂၃၊ သို့သော် ကိုယ်တော်သည် သူမအား စကားတစ်ခွန်းမျှ ဖြေကြား တော်မမူ။ တပည့်တော်တို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍ ဤအမျိုးသမီးသည် အကျွန်ုပ်တို့နောက်မှ လိုက်၍ ဟစ်အော်နေသဖြင့် သူမအား ထွက်သွားစေ တော်မူပါဟု တောင်းပန်လျှောက်ထားကြ၏။- | |
Matt | BurCBCM | 15:24 | ကိုယ် တော်က ငါသည် အစ္စရာအဲလ်အမျိုးအနွယ်မှ ပျောက်ဆုံး နေသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရသည်ဟု မိန့်တော် မူ၏။- | |
Matt | BurCBCM | 15:25 | သို့သော် ထိုအမျိုးသမီးသည် ကိုယ် တော်၏ရှေ့တော်သို့ လာရောက်ပျပ်ဝပ်လျက် သခင်၊ ကျွန်မကို ကူညီမစတော်မူပါဟု လျှောက်လေ၏။- | |
Matt | BurCBCM | 15:26 | ကိုယ် တော်ကလည်း သားသမီးတို့၏အစားအစာကိုယူ၍ ခွေး တို့အား ချမကျွေးသင့်ဟု ပြန်ဖြေတော်မူ၏။- | |
Matt | BurCBCM | 15:27 | အမျိုးသမီး ကလည်း မှန်ပါ၏သခင်၊ ခွေးတို့ပင်လျှင် မိမိတို့သခင်၏ စားပွဲမှကျသောမုန့်အစအနများကို စားကြရပါသေးသည် ဟုလျှောက်ထားလေ၏။- | |
Matt | BurCBCM | 15:28 | ထိုအခါ ယေဇူးက အိုအမျိုး သမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင် ဆန္ဒရှိသည့်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထို အချိန်နာရီမှစ၍ သူမ၏သမီးသည် ရောဂါပျောက်ကင်း လေ၏။ | |
Matt | BurCBCM | 15:29 | ယေဇူးသည် ထိုအရပ်မှ ထွက်ခွာပြီးလျှင် ဂါလေ လေးယပင်လယ်ကမ်းခြေတစ်လျှောက်ဖြတ်သွားတော် မူ၏။ ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုနေရာ၌ထိုင်တော်မူ၏။- | |
Matt | BurCBCM | 15:30 | ထိုအခါ များစွာသောလူအစု အဝေးတို့သည် ခြေမသန်စွမ်းသောသူ၊ ကိုယ်အင်္ဂါချို့တဲ့ သောသူ၊ မျက်စိမမြင်သောသူ၊ ဆွံ့အသောသူနှင့် အခြား သောရောဂါသည်များကို မိမိတို့နှင့်တစ်ပါတည်းခေါ်လာ ခဲ့ကြ၏။ သူတို့သည် ထိုသူတို့ကို ကိုယ်တော်၏ခြေရင်း ၌ထားသဖြင့် ကိုယ်တော်သည် ထိုသူတို့အား ရောဂါ ပျောက်ကင်းစေတော်မူ၏။- | |
Matt | BurCBCM | 15:31 | ဤသို့ဖြင့် လူအစုအဝေးတို့ သည် ဆွံ့အသောသူများစကားပြောနိုင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သောသူများ ကိုယ်အင်္ဂါသန်စွမ်း ပြည့်စုံလာခြင်း၊ ခြေမသန်စွမ်းသောသူများ လမ်းလျှောက်နိုင်ခြင်း၊ မျက်စိ မမြင်သောသူများ မျက်စိမြင်လာခြင်းစသည်တို့ကို မြင် လျှင် အံ့ဩကြ၍ အစ္စရာအဲလ်လူမျိုး၏ဘုရားသခင်ကို ဂုဏ်ပြုချီးမွမ်းကြလေ၏။ | |
Matt | BurCBCM | 15:32 | ယေဇူးသည်လည်း တပည့်တော်တို့ကို အထံတော် သို့ခေါ်၍ မိန့်တော်မူသည်ကား ငါသည် ဤလူပရိသတ်တို့ ကိုသနား၏။ အကြောင်းမူကား သူတို့သည် ငါနှင့်အတူ သုံးရက်ပတ်လုံးနေခဲ့ကြပြီး စားစရာလည်းမရှိကြ။ သူတို့ အား ဆာလောင်မွတ်သိပ်လျက် ပြန်စေခြင်းငှာ ငါအလို မရှိ။ အကြောင်းမူကား သူတို့သည် လမ်းခရီး၌ အားပြတ် ကြမည်ကို စိုးရိမ်ရ၏ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 15:33 | ထိုအခါ တပည့် တော်တို့က ဤမျှများပြားသောလူအစုအဝေးကိုကျွေးရန် လုံလောက်သောအစားအစာများကို တောကန္တာရတွင် အဘယ်ကရနိုင်ပါမည်နည်းဟု ကိုယ်တော်အား လျှောက် ကြ၏။- | |
Matt | BurCBCM | 15:34 | ယေဇူးကလည်း သင်တို့တွင် ပေါင်မုန့်မည်မျှ ရှိသနည်းဟုမေးတော်မူလျှင် သူတို့က ပေါင်မုန့်ခုနစ်လုံး နှင့် ငါးကလေးအနည်းငယ်ရှိပါသည်ဟု ပြန်ဖြေကြလေ ၏။- | |
Matt | BurCBCM | 15:36 | ပေါင် မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်း တော်မူပြီးမှ ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေး တော်မူ၏။ တပည့်တော်တို့ သည်လည်း ၎င်းတို့ကို လူ အစုအဝေးတို့အား ဝေငှကြလေ၏။- | |
Matt | BurCBCM | 15:37 | လူအပေါင်းတို့ သည် ၀အောင်စားကြပြီးမှ ကြွင်းကျန်သောအစအနတို့ ကိုစုသိမ်းကြရာ ခုနစ်တောင်းအပြည့်ရကြ၏။- | |
Matt | BurCBCM | 15:38 | စားကြ သောသူတို့ကား အမျိုးသမီးများနှင့် သူငယ်များကို မရေ တွက်ဘဲ ယောက်ျားဦးရေလေးထောင်ရှိသတည်း။- | |