NUMBERS
Chapter 18
Numb | BurJudso | 18:1 | တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။ | |
Numb | BurJudso | 18:2 | သင်၏ ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။ | |
Numb | BurJudso | 18:3 | လေဝိသားတို့သည် သင့်ကို၎င်း၊ တဲတော်ရှိသမျှ ကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့ သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော် တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။ | |
Numb | BurJudso | 18:4 | သူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ကို စောင့်လျက်၊ တဲတော်အမှု ရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့ အနီးသို့ မချဉ်းမကပ်ရ။ | |
Numb | BurJudso | 18:5 | နောက်တဖန် အမျက်တော်ထွက်၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့ သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြ မည်။ | |
Numb | BurJudso | 18:6 | ထိုသို့ သင်တို့၏ ညီအစ်ကိုလေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်း ဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရား အား ပြုသော ပူဇော်သက္ကာကဲ့သို့ သင်တို့အား ငါပေး၏။ | |
Numb | BurJudso | 18:7 | ထိုကြောင့် သင်နှင့်သင်၏သားတို့သည် ယဇ် ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင် ရွက်စရာအမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင် ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရော ဟိတ်အရာကို ငါပေးပြီ။ မဆိုင်သော သူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့် တော်မူ၏။ | |
Numb | BurJudso | 18:8 | တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့်သင်၏သားတို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး၏။ | |
Numb | BurJudso | 18:9 | မီးသို့မရောက်၊ သန့်ရှင်းသော အရာထဲက သင် တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသား လှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင် ၏သားတို့အဘို့ သန့်ရှင်းရကြမည်။ | |
Numb | BurJudso | 18:10 | သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျား အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဘို့ သန့်ရှင်းပေ၏။ | |
Numb | BurJudso | 18:11 | ထိုမှတပါး ဣသရေလအမျိုးသားတို့ ပူဇော် သော ချီမြှောက်ရာ ပူဇော်သက္ကာ၊ ချီလွှဲရာ ပူဇော်သက္ကာ တို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသော သူ အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ | |
Numb | BurJudso | 18:12 | ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံး သော စပျစ်ရည်၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ။ | |
Numb | BurJudso | 18:13 | ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ၏။ | |
Numb | BurJudso | 18:15 | အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။ | |
Numb | BurJudso | 18:16 | ရွေးရသော သားတို့ကို အသက်တလလွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။ | |
Numb | BurJudso | 18:17 | နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ။ သူ၏အသွေးကို ယဇ် ပလ္လင်ပေါ်မှာ ဖြန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့် ပူဇော်သက္ကာ ပြုရမည်။ | |
Numb | BurJudso | 18:18 | အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။ | |
Numb | BurJudso | 18:19 | ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင်၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုး အနွယ်နှင့်ဆို၍ ထာဝရဘုရား ရှေ့တော်၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။ | |
Numb | BurJudso | 18:20 | တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့ မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။ | |
Numb | BurJudso | 18:21 | လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ။ | |
Numb | BurJudso | 18:22 | ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကို ခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ် ရကြ။ | |
Numb | BurJudso | 18:23 | လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲ တော်အမှုကို ဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြ မည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်ဖြစ်သတည်း။ | |
Numb | BurJudso | 18:24 | ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။ | |
Numb | BurJudso | 18:26 | သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည်။ | |
Numb | BurJudso | 18:27 | ထိုပူဇော်သက္ကာကို၊ ကောက်နယ်တလင်းထဲက ယူသော ဆန်စပါးကဲ့သို့၎င်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့၎င်း၊ သင်တို့အဘို့ မှတ်ရလိမ့် မည်။ | |
Numb | BurJudso | 18:28 | ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည်။ | |
Numb | BurJudso | 18:29 | သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကို နှုတ်ယူ ၍ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။ | |
Numb | BurJudso | 18:30 | သို့ဖြစ်၍ သူတို့အား ဆင့်ဆိုရမည်မှာ၊ လေဝိသား တို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း၏ ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရ လိမ့်မည်။ | |
Numb | BurJudso | 18:31 | ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသော အခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့် သောအတွက် ငါချသောဆု ဖြစ်၏။ | |