Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 1
Roma BurJudso 1:1  လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊
Roma BurJudso 1:2  သေခြင်းမှထမြောက်တော်မူ၍၊
Roma BurJudso 1:3  သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊
Roma BurJudso 1:4  တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
Roma BurJudso 1:5  ဘုရားသခင်ချစ်တော်မူ၍၊
Roma BurJudso 1:6  သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။
Roma BurJudso 1:7  သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
Roma BurJudso 1:8  သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
Roma BurJudso 1:9  ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏အသက်သေခံဖြစ်တော်မူ၏။
Roma BurJudso 1:10  မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။
Roma BurJudso 1:11  သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။
Roma BurJudso 1:12  ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။
Roma BurJudso 1:13  ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။
Roma BurJudso 1:14  ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။
Roma BurJudso 1:15  သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။
Roma BurJudso 1:16  ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
Roma BurJudso 1:17  အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။
Roma BurJudso 1:18  သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
Roma BurJudso 1:19  အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။
Roma BurJudso 1:20  အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။
Roma BurJudso 1:21  အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။
Roma BurJudso 1:22  ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊
Roma BurJudso 1:23  မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။
Roma BurJudso 1:24  ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။
Roma BurJudso 1:25  သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။
Roma BurJudso 1:26  ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
Roma BurJudso 1:27  ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
Roma BurJudso 1:28  ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
Roma BurJudso 1:29  သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
Roma BurJudso 1:30  ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
Roma BurJudso 1:31  မိဘသားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ၏။
Roma BurJudso 1:32  ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။