GALATIANS
Chapter 5
Gala | BurCBCM | 5:1 | လွတ်လပ်မှုရရှိစေရန် အလို့ငှာ ခရစ်တော်သည် ငါတို့ကိုလွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့်တည်ကြည်မြဲမြံစွာရပ်တည် ကြလော့။ ကျွန်ဘ၀၏ထမ်း ပိုးအောက်သို့ နောက်တစ်ဖန် မကျရောက်စေကြနှင့်။ | |
Gala | BurCBCM | 5:2 | နားထောင်ကြလော့။ ငါပေါလုက သင်တို့အား ဆို သည်မှာ ယခုသင်တို့သည် အရေဖျားလှီးခြင်းကိုခံယူကြ လျှင် ခရစ်တော်သည် သင်တို့အား မည်သည့်အကျိုး ကျေးဇူးကိုမျှ ခံစားစေလိမ့်မည်မဟုတ်။- | |
Gala | BurCBCM | 5:3 | အရေဖျားလှီး ခြင်းကို ခံယူသောသူတိုင်းသည် ပညတ်တရားကို လုံး၀လိုက်နာရမည်ဖြစ်ကြောင်း ငါထပ်မံသတိပေးပါ၏။- | |
Gala | BurCBCM | 5:4 | ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်ခြင်းငှာ သင်တို့ကြိုးစားအားထုတ်ကြလျှင် သင်တို့သည် ခရစ်တော်နှင့် လမ်းခွဲကြပြီဖြစ်၍ ကျေးဇူးတော်ကိုလည်း ဆုံးရှုံးကြလေပြီ။- | |
Gala | BurCBCM | 5:5 | အကြောင်းမူကား ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်မည်ဟူသော မျှော်လင့်ချက်ကို ဝိညာဉ်တော်၌ အမှီပြုလျက် စောင့်မျှော်နေကြ၏။- | |
Gala | BurCBCM | 5:6 | အကြောင်းမူကား ယေဇူးခရစ်တော်၌ရှိသော သူတို့အတွက် အရေဖျားလှီးခြင်းခံသည်ဖြစ်စေ၊ မခံသည် ဖြစ်စေမည်သို့မျှ အကျိုးမထူးပေ။ ချစ်ခြင်းမေတ္တာအားဖြင့် ပေါ်လွင်ထင်ရှားသောယုံကြည်ခြင်းသာလျှင် ၎င်းတို့အတွက် အရေးကြီးလေ၏။- | |
Gala | BurCBCM | 5:7 | သင်တို့သည် ကောင်းမွန်စွာ အပြေးပြိုင်ပွဲဝင်ခဲ့ကြ၏။ မည်သူသည် သင်တို့အား အမှန် တရားကိုနာခံခြင်းမပြုရန် တားဆီး ပိတ်ပင်ခဲ့သနည်း။- | |
Gala | BurCBCM | 5:8 | ဤသွေးဆောင်ဖြားယောင်းခြင်းသည် သင်တို့ကို ခေါ်တော်မူခဲ့သောဘုရားသခင်ထံတော်မှ လာခြင်းမဟုတ်ပေ။- | |
Gala | BurCBCM | 5:10 | သင်တို့သည် လွဲမှားသော အခြားအယူအဆနောက်သို့လိုက်ပါကြလိမ့်မည် မဟုတ်ကြောင်း သခင်ဘုရားကိုအမှီပြု၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။ သင်တို့ကို နှောင့်ယှက်သောသူသည် မည်သို့သောသူပင်ဖြစ်စေကာမူ သူနှင့်ထိုက်သင့်သော အပြစ် ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။- | |
Gala | BurCBCM | 5:11 | သို့ရာတွင် ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းကို ဆက်လက် ဟောပြောနေခဲ့ပါလျှင် အဘယ်ကြောင့်ညှဉ်းပန်းနှိပ်စက် ခြင်းကို ဆက်လက်ခံနေရပါသနည်း။ ငါသည် ထိုကဲ့သို့ ဟောပြောခဲ့ပါလျှင် လက်ဝါးကပ်တိုင်အတွက် ကြုံတွေ့ရသော အခက်အခဲများလည်း ရှိတော့မည်မဟုတ်။- | |
Gala | BurCBCM | 5:12 | သင် တို့ကို နှောင့်ယှက်ဒုက္ခပေးသူတို့သည် မိမိတို့ကိုယ်ကို သင်းကွပ်ကြစေရန် ငါအလိုရှိ၏။ | |
Gala | BurCBCM | 5:13 | ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်ခြင်းသို့ ခေါ်တော်မူခြင်းခံခဲ့ကြရလေပြီ။ သင်တို့၏လွတ်လပ်မှုကို အသွေးအသားအတွက် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးမပြုဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ဦးကိုတစ်ဦး အစေခံကြလော့။- | |
Gala | BurCBCM | 5:14 | အကြောင်းမူကား သင်နှင့်နီးစပ်သော သူအား သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟူသော စကားတစ်ခွန်း၌ ပညတ်တရားတစ်ခုလုံးသည် ပြည့်စုံ သောကြောင့် ဖြစ်၏။- | |
Gala | BurCBCM | 5:15 | သို့သော် သင်တို့သည် အချင်းချင်း ထိခိုက်နာကျင်စေကြမည်ဆိုလျှင် သင်တို့အချင်းချင်း ကြောင့် ပျက်စီးဆုံးရှုံးရမည်ကို သတိပြုကြလော့။ | |
Gala | BurCBCM | 5:16 | ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဝိညာဉ် တော်၏လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းကြလော့။ အသွေးအသား၏ အလိုဆန္ဒကို မလိုက်လျောကြနှင့်။- | |
Gala | BurCBCM | 5:17 | အကြောင်းမူကား အသွေးအသား၏အလိုဆန္ဒတို့သည် ဝိညာဉ်တော်နှင့်ဆန့်ကျင်ကြပြီး ဝိညာဉ်တော်၏အလို ဆန္ဒတို့သည်လည်း အသွေးအသားနှင့်ဆန့်ကျင်ကြ၏။ သင်တို့အလိုရှိသည့်အတိုင်းပြုလုပ်ခြင်းကို တားဆီးရန် ဝိညာဉ်တော်နှင့် အသွေးအသားသည် ဆန့်ကျင်ဘက် ဖြစ်လျက်ရှိကြ၏။- | |
Gala | BurCBCM | 5:18 | သို့သော် သင်တို့သည် ဝိညာဉ်တော်၏ဦးဆောင်လမ်းညွှန်ခြင်းကိုခံယူကြလျှင် ပညတ်တရား ၏လက်အောက်ခံ မဟုတ်ကြ တော့ပေ။- | |
Gala | BurCBCM | 5:19 | အသွေးအ သား၏လုပ်ဆောင်ချက်များသည် ထင်ရှားလှပေ၏။ ယင်းတို့သည်ကား ကာမဂုဏ်ကျူးလွန်ခြင်း၊ မစင်ကြယ် ခြင်း၊ အကျင့်တရားဖောက်ပြန်ခြင်း၊- | |
Gala | BurCBCM | 5:20 | ရုပ်တုကိုးကွယ် ခြင်း၊ စုန်းကဝေအတတ်ကိုလိုက်စားခြင်း၊ မလိုမုန်းထား ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မနာလိုခြင်း၊ အမျက်ဒေါသ ထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အုပ်စုကွဲပြားကြခြင်း၊- | |
Gala | BurCBCM | 5:21 | သဝန်တိုခြင်း၊ လူ့အသက်သတ် ခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အပျော်အပါးလွန်ကြူး ခြင်းစသည်တို့ဖြစ်ကြ၏။ ဤအမှုအရာများကို ပြုမူကျင့် ကြံသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ ခံကြရလိမ့်မည်မဟုတ်ဟု ယခင်က ငါသတိပေးခဲ့သည့် အတိုင်း သင်တို့ကို ငါယခုသတိပေးပါ၏။ | |
Gala | BurCBCM | 5:22 | ဝိညာဉ်တော်၏အသီးအပွင့်များသည်ကား ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ရွှင်လန်းခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ စိတ်ရှည် သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာရှိခြင်း၊- | |
Gala | BurCBCM | 5:23 | နူးညံ့သိမ်မွေ့ ခြင်း၊ မိမိကိုယ်ကို ချုပ်တီး ခြင်းစသည် တို့ဖြစ်ကြ၏။ ဤအရာများကိုဆန့်ကျင်သော ပညတ်တရားဟူ၍ မရှိပေ။- | |
Gala | BurCBCM | 5:24 | ခရစ်တော်ယေဇူးနှင့်သက် ဆိုင်သောသူတို့သည် အသွေးအသားနှင့်အတူ ယင်း၏ တပ်မက်မှုအလိုဆန္ဒများကို လက်ဝါးကပ်တိုင်တင်ခဲ့ကြလေပြီ။ | |
Gala | BurCBCM | 5:25 | ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြပါ လျှင် ဝိညာဉ်တော်၏လမ်းညွှန်မှုအတိုင်း လျှောက်လှမ်း ကြပါစို့။- | |