MARK
Chapter 16
Mark | BurCBCM | 16:1 | ဥပုသ်နေ့လွန်သောအခါ မာရိယာမာဒလေးနာ၊ ယာကုပ်၏အမိ မာရိယာ နှင့် ဆာလို့မေတို့သည် သွား၍ ကိုယ်တော်အား လိမ်းကျံခြင်းငှာ နံ့သာဆီမွှေးများ ကိုဝယ်ယူခဲ့ကြ၏။- | |
Mark | BurCBCM | 16:2 | ရက်သတ္တပတ်၏ပထမနေ့ နံနက် စောစောနေထွက်ချိန်၌ သူတို့သည် သခင်္ျိုင်းတော်သို့ သွားကြ၏။- | |
Mark | BurCBCM | 16:3 | ထိုအခါ သူတို့က ကျောက်တုံးကို သခင်္ျိုင်းဂူ၀မှ ငါတို့အတွက် မည်သူလှိမ့်ဖယ်ပေးမည်နည်းဟု အချင်းချင်းပြောဆို နေကြ၏။- | |
Mark | BurCBCM | 16:4 | ထို့နောက် သူတို့ကြည့်ကြသောအခါ ကြီးမားလှသောကျောက်တုံးမှာ လှိမ့်ဖယ်ထားပြီး ဖြစ်သည်ကိုတွေ့ကြ၏။- | |
Mark | BurCBCM | 16:5 | သူတို့သည်လည်း သခင်္ျိုင်းဂူ အတွင်းသို့ဝင်ကြသောအခါ ဝတ်ရုံဖြူကိုဝတ်ဆင်ထား သောလူရွယ်တစ်ဦးသည် လက်ယာအခြမ်း၌ ထိုင်နေ သည်ကို မြင်ကြ၍ အလွန်ထိတ်လန့်အံ့ဩကြ၏။- | |
Mark | BurCBCM | 16:6 | ထိုအခါ သူက သူတို့အားဆိုသည်မှာ မကြောက်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရသော နာဇရက်မြို့သား ယေဇူးကိုရှာနေကြ၏။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူလေပြီ။ ကိုယ်တော်သည် ဤ နေရာ၌မရှိ။ ကိုယ်တော်အား သူတို့ထားခဲ့ကြသောနေရာကို ကြည့်ကြလော့။- | |
Mark | BurCBCM | 16:7 | သင်တို့မူကား သွားကြပြီးလျှင် ကိုယ်တော်သည် ဂါလေလေးယနယ်သို့ သင်တို့အလျင် ဦးစွာကြွတော်မူမည့်အကြောင်းကို တပည့်တော်များနှင့် ပေတရုအား ပြောကြားကြလော့။ သင်တို့အား ကိုယ် တော်မိန့်မှာတော်မူခဲ့သည့်အတိုင်း သင်တို့သည် ကိုယ် တော်ကို ထိုအရပ်တွင် ဖူးမြင်ကြရလိမ့်မည်ဟု သူတို့အား ဆို၏။- | |
Mark | BurCBCM | 16:8 | သူတို့သည်လည်း သခင်္ျိုင်းဂူထဲမှထွက်၍ ပြေးကြလေ၏။ အကြောင်းမူကား သူတို့သည် ထိတ်လန့် တုန်လှုပ်၍ အံ့ဩနေ ကြသောကြောင့်ဖြစ်၏။ သူတို့သည် ကြောက်ရွံ့ ကြသဖြင့် မည်သူ့ကိုမျှစကားမပြောကြချေ။ | |
Mark | BurCBCM | 16:9 | ကိုယ်တော်သည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ရှင်ပြန်ထမြောက်တော်မူပြီးနောက် မာရိယာ မာဒလေးနာအား ပထမဦးစွာ ထင်ရှားပြတော်မူ၏။ မာရိယာမာဒလေးနာသည်ကား သူမထံမှ နတ်ဆိုး ခုနစ်ကောင်ကို ကိုယ်တော်နှင်ထုတ်ပေးခဲ့ဖူးသူဖြစ်၏။- | |
Mark | BurCBCM | 16:10 | သူမသည်သွား၍ ကိုယ်တော်နှင့်အတူရှိခဲ့ကြဖူးသောသူ တို့ကို ပြောကြားလေ၏။ ထိုအချိန်၌ သူတို့သည် ဝမ်း နည်းပူဆွေး၍ ငိုကြွေးလျက်ရှိနေခဲ့ကြ၏။- | |
Mark | BurCBCM | 16:11 | သို့သော် သူတို့သည် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် သူမသည် ကိုယ်တော့်ကို ဖူးမြင်ခဲ့ရကြောင်းကို ကြားကြ သောအခါ မယုံကြည်ဘဲရှိကြ၏။ | |
Mark | BurCBCM | 16:12 | ထို့နောက် ကိုယ်တော်သည် သူတို့ထဲမှ တောရွာ သို့ခရီးသွားနေကြသူနှစ်ယောက်တို့အား အခြားသော အသွင်ပုံစံဖြင့် ထင်ရှားပြတော်မူ၏။- | |
Mark | BurCBCM | 16:13 | သူတို့သည်လည်း ပြန်သွားကြ၍ အခြားသူများအား ပြောကြားကြသော် လည်း ထိုသူတို့သည် သူတို့ကို မယုံကြည်ကြချေ။ | |
Mark | BurCBCM | 16:14 | ထို့နောက် တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည် စားပွဲတွင်ထိုင်၍ စားသောက်နေကြစဉ် ကိုယ်တော်သည် သူတို့ကို ထင်ရှားပြတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုနှင့် စိတ်နှလုံးခိုင်မာခြင်း တို့အတွက် သူတို့ကို အပြစ်တင်တော်မူ၏။ အကြောင်းမူကား သူတို့သည် ရှင်ပြန်ထမြောက်တော်မူသောမိမိအား တွေ့ မြင်ခဲ့ကြသူတို့၏စကားကို မယုံကြည်ခဲ့ကြသော ကြောင့်ဖြစ်၏။- | |
Mark | BurCBCM | 16:15 | ထို့နောက် ကိုယ်တော်က သူတို့ အား မိန့် တော်မူသည်ကား ကမ္ဘာအရပ်ရပ်သို့သွားကြ၍ ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားတော်ကို ဟော ပြောကြလော့။- | |
Mark | BurCBCM | 16:16 | ယုံကြည်၍ ဆေးကြောခြင်းခံယူသော သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သော သူမူကား အပြစ်စီရင်ခြင်း ခံရလိမ့်မည်။- | |
Mark | BurCBCM | 16:17 | ယုံကြည်သော သူတို့၌ ဤနိမိတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။ သူတို့သည် ငါ၏နာမတော်ကိုအမှီပြုလျက် နတ်ဆိုးများကို နှင် ထုတ်နိုင်ကြလိမ့်မည်။ ဘာသာစကားအသစ်များကို လည်း ပြောဆိုကြလိမ့်မည်။- | |
Mark | BurCBCM | 16:18 | သူတို့သည် မြွေဆိုးများကို ကိုင်ဖမ်းကြလိမ့်မည်။ သေစေနိုင်သောအရာကိုသောက် မိလျှင်လည်း ၎င်းသည် သူတို့ကို ဘေးဖြစ်စေလိမ့်မည် မဟုတ်။ သူတို့သည် လူနာများအပေါ်၌ မိမိတို့လက်ကို တင်၍ ထိုသူတို့သည်လည်း ပြန်လည်ကျန်းမာလာ ကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Mark | BurCBCM | 16:19 | ဤသို့ဖြင့် ယေဇူးသခင်သည် သူတို့အား မိန့်မှာတော်မူပြီးသည့်နောက် ကောင်းကင်ဘုံသို့ဆောင်ယူ ခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာဘက်၌ ထိုင်တော်မူ၏။- | |