MARK
Chapter 5
Mark | BurCBCM | 5:2 | ကိုယ်တော်သည် လှေထဲမှတက်လာတော်မူသောအခါ ညစ်ညူးသောနတ် ဆိုးစီးခြင်းခံနေရသည့်လူတစ်ဦးသည် သခင်္ျိုင်းဂူများကြား မှထွက်လာ၍ ကိုယ်တော်နှင့်တွေ့လေ၏။- | |
Mark | BurCBCM | 5:3 | ထိုသူသည် သခင်္ျိုင်းဂူများအကြားတွင် နေထိုင်၏။ မည်သူမျှ သူ့ကို သံ ကြိုးနှင့်ပင် ချည်နှောင်၍ မထားနိုင်ကြချေ။- | |
Mark | BurCBCM | 5:4 | အကြောင်းမူကား သူ့ကိုခြေချင်းများ၊ သံကြိုးများဖြင့်အကြိမ်ကြိမ်ချည် နှောင်ကြသော်လည်း သူသည် သံကြိုးများကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိကြချေ။- | |
Mark | BurCBCM | 5:5 | သူသည် သခင်္ျိုင်းဂူများ အကြားနှင့် တောင်ကုန်းများပေါ်တွင် နေ့ညမပြတ်အော်ဟစ်နေလျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရ ဖြစ်စေ၏။- | |
Mark | BurCBCM | 5:7 | အမြင့်ဆုံး သောဘုရားသခင်၏ သားတော်ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့ပြုပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူပါရန် ဘုရားသခင်၏နာမတော်ကို အမှီပြု၍ အသနားခံပါသည်ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ် တောင်းလျှောက်လေ၏။- | |
Mark | BurCBCM | 5:8 | အကြောင်းမူကား ကိုယ်တော်က အသင် ညစ်ညူးသောနတ်ဆိုး၊ ဤသူ့ထံမှ ထွက်ခွာလော့ဟု သူ့အား အမိန့်ပေးတော်မူ သောကြောင့်တည်း။- | |
Mark | BurCBCM | 5:9 | ကိုယ်တော်ကလည်း သင်၏အမည်ကားမည် သူဖြစ်သနည်းဟု သူ့ကိုမေးတော်မူလျှင် သူက အကျွန်ုပ်၏အမည်မှာ လေဂျင်ဖြစ်ပါ၏။ အကြောင်းမူကား အကျွန်ုပ် တို့သည် အရေအတွက်များသောကြောင့်ဖြစ်ပါသည်ဟု ဖြေလေ၏။- | |
Mark | BurCBCM | 5:10 | ထို့နောက် သူသည် မိမိတို့ကို ဤဒေသမှနှင် ထုတ်တော်မမူမည့်အကြောင်း ကိုယ်တော်အား အတန် တန်တောင်းပန် လေ၏။- | |
Mark | BurCBCM | 5:12 | ထိုအခါ သူတို့က အကျွန်ုပ်တို့ကို ဝက်များထံသို့ စေလွှတ်တော်မူပါ။ ၎င်းတို့ထဲသို့ အကျွန်ုပ်တို့ဝင်ပါရစေဟုတောင်း ပန်ကြ၏။- | |
Mark | BurCBCM | 5:13 | ထို့ကြောင့် ကိုယ်တော်သည်လည်း သူတို့ကို ခွင့်ပြုတော်မူလေ၏။ ထိုအခါ ညစ်ညူးသောနတ်ဆိုးတို့ သည် ထွက်လာကြ၍ ဝက်များထဲသို့ဝင်သဖြင့် အကောင်ရေနှစ်ထောင်ခန့်ရှိသောဝက်အုပ်ကြီးသည် မတ်စောက်သောကမ်းပါးအတိုင်း ပင်လယ် အတွင်းသို့ တစ်ဟုန်ထိုး ပြေးဆင်းလျက် ပင်လယ်တွင်နစ်မြုပ်သေဆုံးကြကုန်၏။ | |
Mark | BurCBCM | 5:14 | ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေး သွားကြ၍ ဤအကြောင်းကို မြို့တွင်းနှင့် ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် ပြောကြားကြသဖြင့် လူတို့သည်ဖြစ် ပျက်သမျှတို့ကိုသိမြင်ခြင်းငှာလာကြ၏။- | |
Mark | BurCBCM | 5:15 | သူတို့သည် ယေဇူးထံတော်သို့ရောက်လာကြသောအခါ နတ်ဆိုး များစွာစီးခြင်းခံရသူသည် အဝတ်ကိုဝတ်လျက် ပုံမှန်စိတ် ဖြင့်ထိုင်လျက်ရှိသည်ကိုတွေ့ မြင်ကြသဖြင့် ကြောက်ရွံ့ကြလေ၏။- | |
Mark | BurCBCM | 5:16 | ထိုဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သောသူတို့က နတ်ဆိုးစီးခံရသောသူနှင့် ဝက်များ၌ ဖြစ်ပျက်ခဲ့ သောအကြောင်းအရာ တို့ကို သူတို့အား ပြောပြကြ၏။- | |
Mark | BurCBCM | 5:17 | ထို့ကြောင့် သူတို့သည် ကိုယ်တော့်ကို မိမိတို့၏ဒေသမှ ထွက်ခွာသွားပါမည့်အကြောင်း တောင်းပန်ကြလေ၏။- | |
Mark | BurCBCM | 5:18 | ကိုယ်တော်သည်လည်း လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးစီးခြင်းခံခဲ့ရသူက ကိုယ်တော်နှင့်လိုက်ပါခွင့်ပြုပါမည့် အကြောင်း တောင်းပန်လေ၏။- | |
Mark | BurCBCM | 5:19 | သို့သော် ကိုယ် တော်သည် ခွင့်ပြုတော်မမူဘဲ သူ့အား သင်၏အိမ်နှင့် ဆွေမျိုးသားချင်း တို့ထံသို့သွား၍ ဘုရားသခင်သည် သင့်အတွက် မည်ကဲ့သို့ပြုတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သင့်အပေါ် မည်ကဲ့သို့ ကရုဏာထားတော်မူ ကြောင်းကိုလည်းကောင်း သူတို့အား ပြောကြားလော့ဟု မိန့်တော်မူလေ၏။- | |
Mark | BurCBCM | 5:20 | ထိုသူသည်လည်း ထွက်သွားပြီးလျှင် ယေဇူးသည် မိမိ၌ မည်မျှကျေးဇူးပြုတော်မူ ကြောင်းကို ဒေကာပိုလစ်နယ်တွင် စတင်ကြေညာပြော ဆိုသဖြင့် လူအပေါင်းတို့သည်လည်း အံ့ဩကြလေ၏။ | |
Mark | BurCBCM | 5:21 | ယေဇူးသည်လည်း တစ်ဖက်ကမ်းသို့ လှေဖြင့် တစ်ဖန်ကူးတော်မူသောအခါ များစွာသောလူအစုအဝေးတို့သည် အထံတော် သို့စုရုံးလာကြ၏။ကိုယ်တော်သည ်ပင်လယ်ကမ်းနား၌ရှိတော်မူ၏။- | |
Mark | BurCBCM | 5:22 | ထိုအချိန်တွင် ဂျိုင်ရု အမည်ရှိသောတရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ ရောက်လာ၏။ သူသည် ကိုယ်တော့်ကိုမြင် သောအခါ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- | |
Mark | BurCBCM | 5:23 | အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါသည်။ ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ်၌ လက်တော်ကိုတင်တော် မူလျှင် သူမသည် ကျန်းမာလာ၍ အသက်ရှင်ပါလိမ့်မည်ဟု အသနားခံလျှောက်ထားလေ၏။- | |
Mark | BurCBCM | 5:24 | ထိုအခါ ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။ များစွာသောလူအစုအဝေးသည်လည်း ကိုယ်တော်၏ နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်၏အနီးတွင် ပြည့်ကျပ် လျက်တိုးဝှေ့နေကြ၏။- | |
Mark | BurCBCM | 5:26 | သူမသည် များစွာသောဆေးဆရာတို့၏ကုသမှုကိုခံယူခဲ့ပြီး မိမိ၌ရှိသမျှသောဥစ္စာပစ္စည်းများ ကုန်ဆုံးသွားခဲ့သော်လည်း သက်သာရာမရသည့်အပြင် ဝေဒနာသည် ပို၍ဆိုးရွားလာခဲ့၏။- | |
Mark | BurCBCM | 5:27 | သူမသည် ယေဇူး၏ အကြောင်းကိုကြားသိခဲ့ရပြီး ကိုယ်တော်၏နောက်တော်မှ လူအစုအဝေးထဲသို့ဝင်၍ ကိုယ်တော်၏ ဝတ်ရုံတော် ကိုတို့လေ၏။- | |
Mark | BurCBCM | 5:28 | အကြောင်းမူကား သူမက ငါသည် ကိုယ်တော်၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင် ရောဂါပျောက်ကင်းလိမ့်မည်ဟု မိမိစိတ်ထဲတွင် တွေးမိသောကြောင့် ဖြစ်၏။- | |
Mark | BurCBCM | 5:29 | ထိုခဏချင်းတွင်ပင် သူမ၏သွေးသွန်ခြင်းသည် ရပ်ဆိုင်းသွား၍ သူမ၏ခန္ဓာကိုယ်၌ ဝေဒနာပျောက်ကင်း သွားသည်ကို ခံစားရလေ၏။- | |
Mark | BurCBCM | 5:30 | ထိုအခါ ယေဇူးသည် မိမိထံမှ တန်ခိုးတော်ထွက်သွားသည်ကိုသိတော်မူ၍ လူအစုအဝေးတို့ဘက်သို့ချက်ချင်း လှည့်တော ်မူပြီးမှ ငါ၏ဝတ်ရုံကို မည်သူတို့ထိသနည်းဟု မေးတော်မူ၏။- | |
Mark | BurCBCM | 5:31 | ကိုယ်တော်၏တပည့်တော်တို့ကလည်း လူအစုအဝေးသည် ကိုယ်တော်အား ဝိုင်းရံတိုးဝှေ့နေသည်ကိုသိလျက်နှင့် ငါ့ကိုမည် သူတို့ထိသနည်းဟု မေးတော်မူသလောဟု လျှောက်ထားကြ၏။- | |
Mark | BurCBCM | 5:32 | သို့သော် ကိုယ်တော်သည် မိမိကို မည်သူတို့ထိခဲ့ကြောင်းသိရန် ပတ်လည်သို့လှည့်ကြည့် တော်မူ၏။- | |
Mark | BurCBCM | 5:33 | ထိုအမျိုးသမီးမူကား မိမိ၌ဖြစ်ပျက်သမျှကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်စွာ ချဉ်းကပ်၍ ခြေ တော်ရင်းတွင်ပျပ်ဝပ် လျက် ဖြစ်ရပ်မှန်ကို အကုန်အစင် လျှောက်ထားလေ၏။- | |
Mark | BurCBCM | 5:34 | ထိုအခါ ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်သက်ခြင်းဖြင့်သွားလော့။ သင်၏ ရောဂါပျောက်ကင်း စေဟု သူမအား မိန့်တော်မူ၏။ | |
Mark | BurCBCM | 5:35 | ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်တွင် တရားဇရပ်မှူး၏အိမ်မှလူအချို့ရောက်လာကြ၍ သင်၏သမီးသေလေပြီ။ အဘယ်ကြောင့် ဆရာသခင်ကို ထပ်မံ၍ ဒုက္ခပေး မည်နည်းဟု ဆိုကြ၏။- | |
Mark | BurCBCM | 5:36 | ယေဇူးမူကား သူတို့ပြောသော စကားကို လျစ်လျူရှုလျက် စိုးရိမ်ခြင်းမရှိလေနှင့်၊ ယုံကြည်ခြင်းသာရှိလော့ဟု တရားဇရပ် မှူးအား မိန့်တော်မူ၏။- | |
Mark | BurCBCM | 5:37 | ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက် ခွင့်ပြုတော်မမူ။- | |
Mark | BurCBCM | 5:38 | သူတို့သည် တရားဇရပ်မှူး ၏အိမ်သို့ရောက်ကြသောအခါ လူတို့သည် အုတ်အုတ် ကျက်ကျက်ဖြစ်လျက် ကျယ်လောင်စွာ ငိုကြွေးမြည် တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူ၏။- | |
Mark | BurCBCM | 5:39 | ကိုယ်တော်သည်လည်း အိမ်ထဲသို့ဝင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်လျက် ငိုကြွေးနေ ကြသနည်း။ သူငယ်မသေသည်မဟုတ်။ အိပ်ပျော်လျက်သာရှိသည်ဟု သူတို့အား မိန့်တော်မူ၏။- | |
Mark | BurCBCM | 5:40 | ထိုအခါ သူတို့သည် ကိုယ်တော့်ကိုလှောင်ပြောင်ရယ်မော ကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအားလုံးတို့ကို အပြင်သို့ ထွက်စေပြီးမှ မိမိနှင့်အတူပါလာသောသူတို့နှင့် သူငယ်မ၏မိဘတို့ကို ခေါ်တော်မူ၍ သူငယ်မရှိသော အခန်းထဲသို့ဝင်တော် မူ၏။- | |
Mark | BurCBCM | 5:41 | ထို့နောက် ကိုယ်တော်သည် သူငယ်မ၏လက်ကို ဆုပ်ကိုင်လျက် တာလိသာကွမ်ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်ကား သူငယ်မ၊ သင့်အား ငါအမိန့် ရှိသည်၊ ထလော့ဟု ဆိုလိုသတည်း။- | |
Mark | BurCBCM | 5:42 | ထိုခဏချင်းတွင်ပင် သူငယ်မသည်ထ၍ လမ်းလျှောက်လေ၏။ အဘယ် ကြောင့်ဆိုသော် သူမသည် အသက်တစ်ဆယ့် နှစ်နှစ်ရှိပြီဖြစ်၏။ သူတို့သည်လည်း အလွန်အံ့ဩကြ၏။- | |